ဒီကနေ့မှာတော့ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ထဲက ကျိုက်နဲရေလည် ဘုရားဖူးတွေ ပင်လယ်ရေလှိုင်းနဲ့မျောပါပြီး ၁၅ ဉီး သေဆုံးကာအချို့ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ပထမက တော့စက်လှေမှောက်တယ်ထင်ကြပေမယ့် နောက်ပိုင်းမှလူအုပ်များတာရယ် ရုတ်တရက်ဒီရေတိုးလာတာရယ်ကြောင့် လှိုင်းပုတ်ပြီး မျောပါသေဆုံးရတဲ့အထိဖြစ်ခဲ့ကြတာလို့သိရပါတယ်။
- ပြည်တွင်းခုခံတော်လှန်တိုက်ခိုက်မှု့အခြေအနေများ
ဒီကနေ့ကတော့တနသာ်ရီဖက်မှ ပြည်သူ့တော်လှန်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေတော်တော်ပြင်းထန်ပါတယ်။
မနက်ပိုင်းခပ်စောစောမှာပဲတနသာ်ရီလောင်းလုံမြို့နယ်ထဲက ညင်းမော်နဲ့ဂေါ့အင်းရွာကြားမှာရဲကားတစီးမိုင်းခွဲခံရပါတယ်။နောက်ထပ်ရောက်လာတဲ့ စစ်ကောင်စီတပ်က ကားနဲ့တော့အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့ပြီး PDF ဖက်က ၁ ဦးကျဆုံးတယ်လို့ဆိုပါတယ်။
ကရင်ပြည်နယ်ဖက်မှာတော့ စကစခန့် ဝန်ကြီးချုပ်စောမြင့်ဦးရဲ့ယဥ်တန်း ဘားအံလှိုင်းဘွဲ့လမ်းတနေရာမှာမိုင်းဆွဲခံရပါတယ်။မိုင်းဆွဲခံရတဲ့အတွက်ထိခိုက်တာတွေရှိပေမယ့်အတိအကျကိုတော့ မသိရသေးပါဘူး။

မန္တလေးမှာတော့ဒီကနေ့မနက်ပိုင်းမှာပဲ မဟာအောင်မြေဘုမ္မာအရှေ့ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးရှေ့စောင့်နေတဲ့အစောင့် စစ်သားတဦးကိုဒေသခံပြည်သူ့ကာကွယ်ရေးတပ်ကသေနတ်နဲ့ပစ်ခတ်လိုက်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြိုရှိ စစ်ကောင်စီလက်အောက်ခံ အမှတ် ၆၄၄ စစ်လက်နက်ပစ္စည်းတပ်ရင်းကို PDF -Zoland နှင့် CDM - Siyin( CDF-KKG တပ်ရင်း ၂) ပူးပေါင်းတပ်ဖွဲ့က ယနေ့ညနေ ၆:၃၀ အချိန်က တိုက်ခိုက်ခဲ့ ကြောင်း PDF -Zoland ကထုတ်ပြန်ပါတယ်။
- ပြည်သူများဖမ်းဆီးသတ်ဖြတ်ခံရမှု့အခြေအနေ
ရန်ကုန်မှာတော့ mask မတပ်ရ၊ မျက်မှန်မတပ်ရ၊ လျှာထိုးဦးထုတ် မဆောင်းရဆိုတဲ့အမိန့်တွေကို စစ်ကောင်စီက ထုတ်လာတာပါ။ ဒီကနေ့ညနေပိုင်းမှာပဲလှိုင်ဖက်မှာ mask တပ်ထားတဲ့လူငယ်တွေကို ရိုက်နှက် ဆဲဆိုတာတွေ လုပ်တယ်လို့ မြေပြင်သတင်းပေးပို့ချက်တွေရရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့်ဟောင်းချယ်ရီထက်ဟာ ထောင် ၆ နှစ်အမိန့်ချခံထားရတယ်လို့ CNA သတင်းထောက်ဟောင်းကဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်နှင့်အရာတော်မြို့နယ်တို့မှာ စစ်ကောင်စီတပ်များက ပြည်သူ ၃ ဦးကို သတ်ဖြတ်သွားပြီး ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ဒေသခံတွေကသတင်းဌာနတွေကိုအတည်ပြုထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ လိပ်ဆင်းတောင်အုပ်စု အုန်းရှစ်ကုန်းကျေးရွာသို့ နိုဝင်ဘာလ ၂၀ ရက်နေ့ စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းသို့ ဝင်ရောက်စီးနင်းရာတွင် ဦးအောင်မြင့်နှင့် ကိုဆန်နီတို့ ၂ ဦးတွင် NLD အလံတွေ့ရှိရသောကြောင့် ရွာမြောက်ဘက် လျှော်ဖြူခင်းသို့ လက်ပြန်ကြိုးတုပ်ပြီး ခါးတွင် ကြိုးဆွဲ၍ ခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီးစစ်တပ်က မြေမြှုပ်ထားခဲ့တယ်လို့ သိရပါတယ်။
- စစ်တပ်သတင်းပေးရှင်းလင်းခံရမှု့
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ကံပေါက်ဒေသ ဖားချောင်းကျေးရွာတွင် နိုဝင်ဘာ ၁၉ ရက်နေ့တွင် သတင်းပေးဟု သတ်မှတ်ခံရသူ ကျော်ဦးကို ဒေသခံပြည်သူကာကွယ်ရေး တပ်ဖွဲ့များနှင့် KBDF (KANBAUK DEFENSE FORCE-KBDF)အဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးကာ နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KBDF အဖွဲ့က ထုတ်ပြန်ပါတယ်။
အလားတူ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ် အလယ်ရေကျော်အုပ်စု ရေဖြူကန်ကျေးရွာတွင် နေထိုင်သော မဂျစ် ဆိုသူကို နိုဝင်ဘာ ၂ဝရက်နေ့ ည ၈နာရီတွင် MG Warrior အဖွဲ့နဲ့ ဝါးခယ်မ ပျောက်ကျားတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်းစံပြကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လည် ၂ နာရီတွင် ရာအိမ်မှူး ဦးပေါင်မုန့်ဆိုသူကို အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေနတ်ကျည် ၃ချက်ထိမှန်ကာ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း မင်္ဂလာဒုံအမျိုးသားအစည်းအရုံး မီဒီယာမှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် သပြေသာရွာသား ပျူစောထီးအဖွဲ့ဝင် ငြိမ်းအေးသည် ၎င်းနေအိမ်တွင် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၅နာရီအချိန်တွင် မိမိကိုယ်ကို သတ်သေသွားကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရပါတယ်။
- ပြည်တွင်းပြည်ပသပိတ်တိုက်ပွဲနှင့်မြန်မာ့အရေးလှုပ်ရှားမှု့များ
ရန်ကုန်-မန္တလေးမြို့ပေါ်သပိတ်တွေနဲ့မုံရွာဆားလင်းကြီးအနာက်ဖက်ကမ်း တနသာ်ရီသပိတ်တွေကအားလဲကောင်းဆဲပါ။

ဒီနေ့တော့ရန်ကုန်မှာစစ်ယူနီဖောင်းကိုမီးတင်ရှို့တဲ့အပြင်ရွှေမန်းမှာလဲစစ်တပ်ထုတ်ကုန်တွေကိုသပိတ်မှောက်ဖို့လှုံ့ဆော်ရင်း စစ်အာဏာရှင်ကို တော်လှန်သပိတ်မှောက်ကြပါတယ်။

နိုင်ငံတကာအနေနဲ့တော့အီတလီနဲ့အဂ်လန်ရောက်မြန်မာတွေ မြန်မာ့အရေးဆန္ဒထုတ်ဖော်တာတွေပြုလုပ်ကြပါတယ်။
အာဆီယံရဲ့သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆွေးနွေးပွဲကို NUG ဝန်ကြီးဒေါက်တာတူးခေါင်တက်ရောက်ခွင့်ရပါပြီ။
ဒါကတော့ ဒီကနေ့အတွက် သတင်းအကျဉ်းချုပ်စုစည်းမှုပါ။