NEWS

အိမ်သုံးဆေးတလုံးတန်ဖိုး တနေ့လုပ်ခ၏ ၆ ပုံ ၁ အထိ ရှိနေ

CoverLogo
829 Views

အိမ်သုံးဆေး တလုံးကို ကျပ် ၈၀၀ အထိ ပေးဝယ်ခဲ့ရတယ်လို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောဆိုပါတယ်။ လူသုံးများတဲ့ ဆေးဝါးတွေဖြစ်တဲ့ ဒီဂိုဂျင်၊ ပါရာစီတမောနဲ့ အအေးမိပျောက်ဆေးတွေရဲ့ ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

“ဒီကိုဂျင် တလုံး ၈၀၀ ဆိုတော့ ၊ ကျွန်မတို့ တနေ့ ၄၈၀၀ ပဲရတာနဲ့ဆို ဆေးတလုံးကို လုပ်ခရဲ့ ၆ ပုံ ၁ ပုံလောက် ကျနေပြီ” လို့ အလုပ်သမား အမျိုးသမီးက ပြောပါတယ်။

လက်ရှိ ဘိုင်အိုဂျပ်ဆစ် ၊ ပါရာစီတမောနဲ့ အအေးမိပျောက်ဆေး ဆေးအုပ်စုတွေကတော့ အရင်က ကျပ် ၁၀၀ သာရှိပေမဲ့ လက်ရှိ ဆေး တလုံးကို ကျပ် ၂၀၀ ကနေ ကျပ် ၃၀၀ အထိ ပေးဝယ်နေရတာလို့ ပြောပါတယ်။ အလုပ်သမားတွေ အသုံးများတဲ့ digene လို လေဆေးက အရင် တလုံး ကျပ် ၅၀ ကနေ လက်ရှိ ကျပ် ၁၀၀ အထိ ဝယ်ယူနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ဘိုင်အိုဂျပ်ဆစ်က နှစ်မျိုးရှိ၊ အဝိုင်းပုံစံနဲ့ အတောင့်ပုံစံ၊ အတောင့်ကတော့ ဈေးများတယ်။ Air- X(အဲအေ့) ဆို ၃၅၀- ၄၀၀ ၊ အမျိုးသမီးသောက်တဲ့ သွေးဆေး (အားဆေး) တွေဆို တလုံး ၆၀၀ လောက်ပေး ဝယ်ရ တယ်။ အဲ ဆေးကို မရောင်း နိုင်တော့ဘူး ။ ဝယ်သူတွေကို အားနာနေရပြီ။ ရောင်းလို့လည်း အဆင်မပြေဘူး ” လို့ စက်မှုဇုန်အနီးဖွင့်လှစ်ထားတဲ့ အိမ်ဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောပါတယ်။

ဆေးပြတ်လပ်မှု နဲ့ နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်းတွေမူတည်ပြီး ဆေးဈေးနှုန်း ပြောင်းလဲမှု ဖြစ်ပေါ်လေ့ရှိတယ်လို့ ဆေးသီးသန့်ရောင်းချသူ တဦးက ပြောပါတယ်။

စက်ရုံအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီးအုပ်ချုပ်ရေး တာဝန်ရှိ သူတွေ စီမံမှုတွေ ညံ့ဖျင်းမှုတွေ ကြောင့် အလုပ်သမားတွေမှာ ကိုယ်ပိုင်ဆေးတွေ ဆောင်ထားရတာ လို့ ရွှေသံလွင်စက်မှုဇုန်မှာ လုပ်ကိုင်နေတဲ့ အထည် အမျိုးသမီးလုပ်သားတဦးက ပြောပါတယ်။

“စက်လိုင်းထဲက ကလေး(အလုပ်သမားတဦး) လုံးဝ မေ့လဲသွားတယ်။ သူနာပြုခေါ်တော့ ဆေးခန်းမှာ မရှိဘူး။ သူနာပြုကိုတော့ စက်ရုံက သူနဲ့ မဆိုင်တာတွေခိုင်းတယ်။ ရုံးအလုပ်တွေကို ခေါ်ခိုင်းထားတယ်။ ကု ဆိုတော့ စက်ရုံမှာက ရှုဆေးတောင် မရှိဘူး။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။

မြန်မာအလုပ်သမားဥပဒေတွေမှာတော့ လုပ်ငန်းခွင်အတွင်း ဆေးခန်းနဲ့ သူနာပြုတွေ ထားရှိဖို့ သတ်မှတ်ထား ပေမဲ့ အထည်ချုပ်စက်ရုံအတော်များများမှာ ဆေးခန်းကို ဟန်ပြဖွင့်တာ၊ ဆေးခန်းလုံးဝမရှိ ၊ ဆေးမရှိတာ၊ သူနာပြုခန့်ထားခြင်းမရှိတာ၊ သူနာပြုခန့်ထားပေမဲ့ တခြားလုပ်ငန်းကို ခိုင်းစေတာ၊ ဆေးပစ္စည်းကို HR ဌာနက ထိန်းချုပ်ထားတာ၊ ဆေးရဖို့ ခက်ခဲအောင် ဆောင်ရွက်ထားတာ၊ ရှိတဲ့ဆေးကို ခွဲဝေသုံးစွဲရပြီး လုံလောက်မှုမရှိတာ၊ ကိုယ်ပိုင် ဆေးယူဆောင်ခွင့်မပေးတာ ဖြစ်ပေါ်နေတာကိုလည်း Myanmar Labour News က လေ့လာ တွေ့ရှိ ထားပါတယ်။ အလုပ်သမားတွေ ကိုယ်တိုင် ဆေးဝယ်ဆောင် ထားရတယ်လို့ အဲဒီ အမျိုးသမီး အလုပ်သမားက ပြောပါတယ်။

လက်ရှိ ရာသီဥတု အခြေအနေရတာ တုတ်ကွေး၊ ဖျားနာမှုတွေ အများအပြားဖြစ်ပွားနေပြီး ကြိုတင်ကာကွယ် ဆေးတွေ ထိုးနှံကြဖို့လည်း ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေပါတယ်။

ဒါပေမဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ အချိန် အလွန်အကျွံခိုင်းစေမှုတွေကြောင့် လုပ်ငန်းခွင်အတွင်းက အလုပ်သမားတွေမှာ သာမန် ဖျားနာမှုတွေကနေ နာတာရှည်ရောဂါရတဲ့အထိ ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတဦးက ပြောကြားထားပါတယ်။

Photo- Credit


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026