NEWS

အလုပ်သမားဒုဝန်ကြီး လာရောက် စစ်ဆေးခဲ့တဲ့ Sunrise Myanmar Fashion Garment စက်ရုံ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ဆက်ကျူးလွန်နေ

CoverLogo
726 Views

ရန်ကုန်တိုင်းဒေကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (၄)၊ ကျောက်စိမ်းလမ်း၊ အမှတ်(--B)မှာဖွင့် လှစ်ထားတဲ့  တရုတ်နိုင်ငံသားပိုင် Sunrise Myanmar Fashion Garment စက်ရုံဟာ အလုပ်သမားတွေ အပေါ် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများစွာရှိနေတယ်လို့ အလုပ်သမားတွေကဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ၊ ၂၆ ရက် နေ့လည် ၁ နာရီက စက်ရုံကို  အလုပ်သမားဒုဝန်ကြီး ဦးဝင်းရှိန်အပါအဝင်  ရဲ၊ စစ်သား၊ သက်ဆိုင်ရာ အလုပ်သမားဦးစီးဌာနတွေအပါ  ဦးရေ (၂၀) ကျော်တို့  စက်ရုံကို လာရောက်ခဲ့စစ်ဆေးခဲ့ရာ ဦးဝင်းရှိန်နှင့် စက်ရုံးမှူး၊ မန်နေဂျာနှင့် လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC တို့ တွေ့ဆုံခဲ့ပါတယ်။

လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC ကို ဦးဝင်းရှိန်က စက်ရုံထဲမှာ ဘာဖြေရှင်းရလဲ၊ ဘာပြဿနာတွေရှိလည်းလို့ မေးမြန်းခဲ့ပေမဲ့ WCC က "သောက်ရေခွက်ကိစ္စနဲ့ အိမ်သာကိစ္စတွေသာ" ပြောဆိုခဲ့ပြီး တခြားသော လုပ်ငန်းခွင်ဆိုင်ရာ အခြေအနေတွေကို အမှန်အတိုင်းပြောတာမရှိခဲ့လို့ အခြေအနေမှန်တွေကို သိရှိသွားခြင်းမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

"ဦးဝင်းရှိန်က စက်ရုံထဲပတ်ကြည့်ပြီး"ဒီစက်ရုံမှာ လစာဘယ်လောက်ရလဲ"ဆိုတော့ အလုပ်သမားတွေက  ၃ သိန်းကျော်၊ ၄ သိန်းရတယ်ပြောတော့ ဦးဝင်းရှိန်က "လစာမဆိုးဘူး တခြားရွာက ညီအကိုယ်မောင်နှမတွေရှိရင် ခေါ်လာပြီး အလုပ်လုပ်ကြ။ ယောင်္ကျားလေးတွေကိုလည်း မိန်းကလေးတွေကို မနှောက်ယှက်ကြနဲ့ အတည်မယူနိုင်ပဲ မတွဲနဲ့ မိန်းကလေးတွေကိုလည်း ကိုယ့်အပေါ် ကောင်းတဲ့ ယောင်္ကျားတွေကို ရွေးချယ်ယူကြဖို့ဒါတွေပဲပြောတယ်" လို့ အမည်မဖော်လိုတဲ့ အလုပ်သမားကဆိုပါတယ်။ 

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် စက်ရုံတွင်း လာရောက်လည်ပတ်တဲ့ရက်မှာ နေ့စားအလုပ်သမားတွေကို အလုပ်လာခွင့်ပိတ်ထားပြီး အဲ့ဒီနေ့အတွက် နေ့စားအလုပ်သမားတွေ လုပ်ခလစာမရရှိတဲ့အပြင် အလုပ်ကတောင် ဖြုတ်လို့ရတယ်လို့ စက်ရုံတာဝန်ရှိသူတွေက အလုပ်သမားတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။

အလုပ်သမားဝန်ကြီးဦးဝင်ရှိန်စက်ရုံထဲ လာရောက်စစ်ဆေးပြီးသော်လည်း  စက်ရုံကောင်းကြောင်းသာပြောဆိုသွားကာ  အလုပ်သမားတွေက အချိန်ပိုတွေဆင်းနေ ရဆဲဖြစ်သလို အလုပ်သမားအခွင့်အရေးချိုး ဖောက်ခံနေရဆဲဖြစ်တယ်လို့ အလုပ်သမားတွေက မှတ်ချက်ပေးပါတယ်။

"နေ့စားတွေ ခန့်တယ် ၃ လကနေ ၆ လ လုပ်သက်ရလည်း အလုပ်ထုတ်ချင်းတိုင်းထုတ်တယ်။ထုတ်ပြီးရင် နောက်ထပ် အလုပ်သမားတွေထပ်ခေါ်တယ်။ အလုပ်ချိန်က ည ၉ နာရီ ၁၀ နာရီ အချိန်ပိုဆင်းပြန်ရင် ဖယ်ရီကားတွေက လူဦးရေနဲ့ မမျှဘဲ  အမျိုးသမီးတွေက အစတွဲခိုစီး ရတာတွေရှိတယ်။  ပြုတ်ကျသေရင်တောင် စက်ရုံက တာဝန်ယူလိုတဲ့စိတ်မရှိတဲ့အခြေအနေပဲ။ အမျိုးမျိုး အလုပ်သမားတွေအပေါ် ဖိနှိပ် ပြီး အလုပ်သမားအခွင့်အရေးတွေကို ချိုးဖောက်နေတာ။  ကျွန်တော်တို့ စက်ရုံမှာ ချိုးဖောက်မှုတွေ ဒီလောက်များလို့ ခဏခဏ သတင်းတွေတက်နေတာ" လို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။  

အဆိုပါစက်ရုံက အလုပ်သမား (၁၀၀၀)ကျော်နဲ့ လည်ပတ်နေတာဖြစ်ပြီး Recycle, CLOSSHI Biz အမည်ရှိ brand တွေကိုချုပ်လုပ်နေတဲ့စက်ရုံဖြစ်ကာ စက်ရုံအတွင်း အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ  WCC သာရှိတယ်လို့ လည်းသိရပါတယ်။ 

စက်ရုံရဲ့အလုပ်ချိန်ဟာ မနက် ၈ နာရီကနေ  ည ၇ နာရီထိ ဆင်းရပြီး အချိန်ပို ည ၉ နာရီအထိ  အမြဲဆင်းနေရပြီး  အောလင်း ၊ အောနိုက် ( ညလုံးပေါက် အချိန်ပို) အထိပါဆင်းနေရတဲ့အပြင် အချိန်ပိုမဆင်းပါက  အလုပ်ထုတ်တာတွေ  အချိန်ပိုဆင်းပြီးအိမ်ပြန်ချိန်တွေမှာ တာဝန်မယူတာတွေ စတဲ့ပြဿနာတွေရှိနေတယ်လို့ ဆိုပါတယ်။

စက်ရုံမှာ ၃လမှ၆လအထိလုပ်ကိုင်ရပေမဲ့ အမြဲတမ်းဝန်ထမ်းအဖြစ်မခန့်အပ်ဘဲ နေ့စားအလုပ်သမားအဖြစ်သာ  လုပ်ကိုင်နေရခြင်းနဲ့ အလုပ်ထုတ်ကိစ္စတွေနဲ့ပတ်သက်ပြီး မကြာခဏ တိုင်ကြားမှုတွေ လုပ်ဆောင်နေရတယ်လို့ ပြောပါတယ်။

အဆိုပါစက်ရုံက အချိန်ပိုည၉နာရီအထိခေါ်ယူတဲ့အပြင် ပိတ်ရက်မရှိသလောက်အချိန်ပို ဆင်းကြရတယ်လို့ လည်း အလုပ်သမားတွေကပြောပါတယ်။

ယင်းတို့အနေနဲ့ လုပ်ခ လစာ ၄ သိန်းဝန်းကျင်ရရှိဖို့ အတွက် တစ်လလျှင် ပိတ်ရက်မရှိလုပ်ကိုင်ရပြီး အချိန်ပို နာရီ ၁၀၀ ကျော် ဆင်းနေရလို့ လူမှုရေး ကျန်းမာရေးတွေ ပျက်စီးနေရပြီး အလုပ်သမားအခွင့်အရေးကျူးလွန်ချိုးဖောက်ခံနေရတယ်လို့ ပြောပါတယ်။

အလုပ်ပိတ်ရက်ဖြစ်တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့အတွက် ဒီဇင်ဘာ ၂၅ ( ခရစ်စမတ်နေ့)မှာလည်း ရက်အစားထိုးဆင်းပေးခဲ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၉ နဲ့ ၃၀ ရက်မှာ အချိန်ပိုဆင်းခဲ့ရတဲ့ အလုပ်သမားတွေ ရှိပြီး ဖိအားပေးခေါ်ယူခိုင်းစေတာကြောင့် မဖြစ်မနေ လုပ်ကိုင်ခဲ့ရတယ်လို့ အလုပ်သမားကပြောပါတယ်။

"အလုပ်ပိတ်ရက်ကို သိထားတာ ဒီဇင်ဘာ ထဲမှာ ပိတ်ရက် ၅ ရက်ပေါ့ အစားထိုးဆင်းခိုင်းတာက ၁ ရက်ထဲ၊ အခုက ၃ ရက်ဘဲ ပိတ်ပြီး ၁ ရက်အစားထိုးဆင်းရတယ် အပြည့်မနားရဘူး"လို့ အလုပ်သမားကပြောပါတယ်။

လွန်ခဲ့တဲ့ တနှစ်ကျော်က အချိန်ပို ဆင်းပြီးအပြန် အုတ်သယ်ကား တိုက်မိလို့ သေဆုံးခဲ့ရတဲ့ အလုပ်သမားအမျိုးသမီး တစ်ဦးကို အချိန်ပိုစာရင်းထဲကနေ ပယ်ဖျက်ပြီး စက်ရုံဘက်က တာဝန်ယူမှုမရှိတာကြောင့် အချိန်ပိုခေါ်ယူပါက တာဝန်ယူမှုရှိဖို့ အလုပ်သမားတွေကလိုလားနေကြပါတယ်။

အလုပ်သမားတွေက စက်ရုံအကြံပြုစာပုံးတွေ အိမ်သာတွေနှင့် နံရံတွေပေါ် အကြံပြုချက် တောင်းဆိုချက်တွေ ရေးသား ပေးပို့တာ  အလုပ်သမားဦးစီးဌာနကို တိုင်ကြားတာ  လူမှုကွန်ယက်မှာ သတင်းဖော်ပြတို့ ပေးစာ ပေးပို့တာအတွေ ကြိုးပမ်းပေမယ့် ဖြေရှင်းပေးတာမရှိဘူးလို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့  ၁။ ဦးဝင်ရှိန်ဝန်ကြီးစက်ရုံကို လာပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာ သိရှိပြီး ဘာကြောင့် စက်ရုံကောင်းကြောင်းပဲပြောသွားတာလဲ။
 ၂။ နေ့စားအလုပ်သမားတွေကို အမြဲတမ်းဝန်ထမ်းခန့်ပေးရန်။
 ၃။ အချိန်ပိုတွေကို သတ်မှတ်ထားသည့် (၂) နာရီပဲ ခေါ်ရန်။ 
၅။ အချိန်ပို ဆင်းပြန်သူများ အိမ်မပြန်မရောက်ချင်း စက်ရုံတာဝန်ဖြစ်ပြီး စက်ရုံဘက်မှ ဘယ်လိုအခြေအနေမျိုးမဆို တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးရန်။ 
၆။ ဖယ်ရီကားများတိုချဲ့ ပေးရန်စတဲ့ တောင်းဆိုချက်တွေဖြေရှင်းပေးဖို့ လိုလားနေတယ်လို့ ပြောပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026