NEWS

အနည်းဆုံးလုပ်ခအောက်သာ ပေးချေပြီး လုပ်အားခေါင်းပုံဖြတ်တာတွေရှိနေ

CoverLogo
649 Views

အနည်းဆုံးလုပ်ခ ၄၈၀၀ ကျပ်နဲ့ အပိုထောက်ပံ့ကြေး ၂၀၀၀ ကျပ်ပေးဖို့ သတ်မှတ်ထားပေမဲ့ အလုပ်ရှင်အချို့က အဲ့ဒီနှုန်းထားအတိုင်း မပေးဘဲ  ဖြတ်တောက်ထားတာ တွေပြုလုပ်နေတယ်လို့ သိရပါတယ်။ 

အာဏာသိမ်းပြီးကတည်းက ကုန်ဈေးနှုန်းမြင့်တက်မှုအဆမတန်မြင့်မားလာတာကြောင့် ၂၀၁၈ ခုနှစ်ကတည်းက အတည်ပြုသတ်မှတ်ပြဌာန်းခဲ့တဲ့ တစ်နေ့လုပ်ခ ၄၈၀၀ ကျပ်ကို ကျပ်တစ်သောင်းအထိ တိုးမြင့်ပေးဖို့တောင်းဆိုမှုတွေရှိခဲ့ပေမဲ့ အာဏာရှင်စစ်တပ်က အလုပ်သမားတွေကို ဖမ်းဆီးထောင်ချမှုတွေသာ ပြုလုပ်ခဲ့ပြီး  အနိမ့်ဆုံး တစ်ရက်လုပ်အားခ ၄၈၀၀ ကျပ် တိုးမြှင့်သတ်မှတ်ပေးတာမျိုးမဟုတ်ဘဲ အပိုထောက်ပံ့ကြေးအနေနဲ့ ၂၀၂၃ ခုနှစ်မှာ တစ်ထောင်ကျပ်နဲ့  နောက်တစ်ကြိမ်မှာ တစ်ထောင်ကျပ်တိုးပေးဖို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။ 

"အပိုထောက်ပံ့ကြေးက တစ်ထောင်နှစ်ကြိမ်ပေးထားတာဆိုတော့ အနိမ့်ဆုံးလုပ်ခလစာအပေါင်း ၂၀၀၀ ဆိုပြီးပေးရမှာ။ ဒါပေမဲ့ အလုပ်ရှင်အချို့က အနိမ့်ဆုံးလုပ်ခလစာ ၅၈၀၀ ပဲပေးပြီးနောက်က ထောက်ပံ့ကြေး၂၀၀၀ ပေါင်းပေးတာမရှိဘူး။ တစ်ချို့က အနိမ့်ဆုံးလုပ်ခလစာအပေါင်း ၁၀၀၀ လို့ပေးတာရှိတယ်။ လုံးဝမပေးတာရှိတယ်။ အနိမ့်ဆုံးလုပ်ခလစာ ၆၈၀၀ ပေးတဲ့စက်ရုံဆိုလည်း နောက်ကထောက်ပံ့ငွေ ၂၀၀၀ ဆိုတာပါရမှာ မပါဘူး။ တကယ်ဆို ၄၈၀၀ အပေါင်း ၂၀၀၀ ဆိုလက်ခံသေးတယ်။ အနိမ့်ဆုံးလုပ်ခလစာရယ် နောက်မှာအခြားဘာတိုင်ညာတိုင်ဆိုတာပဲပါတယ်။ တစ်ချို့စက်ရုံကျတော့ပေးကြတယ်။ တလကို ၄ သိန်းကျော် ၅သိန်းရတာတွေရှိတယ်။ အဲလိုပဲအားလုံးတန်းတူရချင်ကြမှာပါ။ မဖြတ်သင့်ပါဘူး" လို့ လှိုင်သာယာ မြို့နယ်က အလုပ်သမားတဦးက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက HC အထည်ချုပ်စက်ရုံကအလုပ်သမားတွေဟာ အလုပ်ရှင်က ဒေးကြေး ၅၈၀၀ နဲ့အလုပ်သမားတွေကိုခေါ်ယူ
အလုပ်ခန့်ထားပေမဲ့ အမှန်တကယ်မှာတော့ဒေးကြေး ၄၈၀၀ သာပေးသလို စစ်ကောင်စီကတိုးမြှင့်သတ့မှတ်ပေးထားတဲ့ အပိုထောက်ပံ့ကြေးကျပ်နှစ်ထောင်ကိုလည်း မပေးဘဲဖြတ်တောက်ထားတာကြောင့် စက်ရုံတွင်းတောင်းဆိုမှူပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

"ကျွန်မတို့ဆီမှာတော့ လာပြောတာမရှိသေးဘူး။ အလုပ်မဆင်းတဲ့ရက်တော့ အပိုထောက်ပံ့ကြေးက ၂၀၀၀ ကိုဖြတ်တယ်။ အလုပ်မလာရင် ၂ထောင်ဖြတ်ပီးလာရင်ပေးတယ်။ အဲလိုတော့ရှိတယ်" လို့ အလုပ်သမားတွေကိုကူညီပေးနေသူက ဆိုပါတယ်။ 

စစ်တပ်ရဲ့လုပ်အားခ တိုးပေးတာက အာဏာသိမ်းပြီးနောက် အဆမတန် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေနဲ့ အခြေခံလူတန်းစားတွေရဲ့ အခက်အခဲကို မဖြေရှင်းနိုင်တဲ့အ​ပြင် ကုန်စျေးနှုန်းကသာဆက်လက်မြင့်မားလာလို့ အဆင်မပြေဘူးလို့ အထည်ချုပ် အလုပ်သမားတစ်ဦးက ဆိုပါတယ်။ 

၂၀၁၈ ခုနှစ် မေလက အလုပ်သမားတစ်ဦးရဲ့ တစ်ရက်အနိမ့်ဆုံးလုပ်ခကို ၄၈၀၀ ကျပ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပြီး စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် ၂၀၂၃မှာတော့ ကျပ်၂ထောင်သာ ထောက်ပံ့လာတာဟာ  ကုန်ဈေးနှုန်းမြင့်တက်ဖို့သာ အရိပ်ပြလိုက်တာဖြစ်လို့ အလုပ်သမားတွေအတွက် စားဝတ်နေရေးလည်း ပိုပြီးကျပ်တည်းလာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026