NEWS

အချိန်ပိုခေါ်ချိန် စစ်ဆေးရေးလာလို့ အလုပ်သမား ၅၀၀ ကျော်ကို ထွက်ပြေးခိုင်း

CoverLogo
871 Views

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ GYSEN Myanmar Apparel အထည်ချုပ်စက်ရုံကို  တရားမဝင် အချိန်ပိုခေါ်ယူမှုကြောင့် သက်ဆိုင်ရာ ဦးစီးဌာနမှ ဝင်ရောက်စစ်ဆေးရာ စက်ရုံတာဝန်ရှိသူတွေက  အလုပ်သမားတွေကို ထွက်ပြေးခိုင်းခဲ့တယ်လို့ သိရပါတယ်။ 

"GYSEN  ကအလုပ်သမားတွေကို ပုန်းခိုင်းတာ။ ထွက်ပြေးခိုင်းတာ" လို့ အလုပ်သမားနဲ့နီးစပ်သူက ဆိုပါတယ်။ 

GYSEN စက်ရုံကို  ဩဂုတ် ၂၅ ရက် တနင်္ဂနွေနေ့က OT ခေါ်ယူခြင်း ကိုတိုင် ကြားခံရတဲ့အတွက် သက်ဆိုင်ရာ ဦးစီး မှူးတွေ  ဝင်စစ်ဆေးစဉ် နေ့လည် ၁ နာရီ ၃၀  အချိန် စစ်ဆေးရန်လာရောက်သူများ  စက်ရုံရှေ့ရောက်ချိန် စက်ရုံရဲ့အနောက်ပေါက်ကနေ  အလုပ်သမား ၅၀၀ ကျော်ကို  GYSEN  ရုံ(3) ဂိုထောင် အတွင်းသို့ထွက်ပြေးခိုင်းခဲ့သလို HR ရုံးခန်းမှ လူများနှင့် Super များကလည်း ပုန်းခိုင်းခဲ့တာဖြစ်လို့ ထွက်ပြေးခဲ့ရတဲ့အလုပ်သမားများ ထိခိုက်ဒဏ်ရာရတာတွေပါရှိခဲ့တယ်လို့ သိရပါတယ်။ 

လာရောက်စစ်ဆေးမှုပြီးသွားလို့ပြန်သွားချိန် နေ့လည် ၂  နာရီ ခန့် တွင် လုပ်ငန်းခွင်ထဲ ပြန်လာရန် HR ရုံးခန်းမှ ထွက်​ပြေးရတဲ့အလုပ်သမားတွေကို လာရောက်ခေါ်ယူခဲ့တာလို့ သိရပါတယ်။ 

GYSEN Myanmar အထည်ချုပ် စက်ရုံကို အမှတ် (- )ဝါးတရာစက်မှုဇုန်၊ ရွှေပြည်သာတွင် လုပ်သားအင်အား ၇၀၀ ကျော် ဖြင့် လွန်ခဲ့သော ၄ နှစ်ခန့်မှစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လုပ်ငန်းရှင်က စက်ရုံရှိ တရားဝင်ဖွဲ့စည်းထားသော အလုပ်သမားသမဂ္ဂကို ဖြိုခွဲရန် အကြံဖြင့် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ကာ ၂၀၂၄ ၊ ဧပြီလ ၁၀ ရက်နေ့တွင် လုပ်သားလျှော့ချသည်ဟု အ ကြောင်းပြကာ သမဂ္ဂ ခေါင်းဆောင်တွေအပါ အလုပ်သမား ၅၀ ကို အလုပ်က ထုတ်ခဲ့တာလည်းဖြစ်ပါတယ်။ 
 
အဲ့ဒီလိုထုတ်ပယ်ပြီး နေ့စားဝန်ထမ်းတွေ ပြန်လည်ခေါ်ယူကာ လုပ်ငန်းလည်ပတ်တာကြောင့် လုပ်ငန်းရှင်သည် အမှန်တကယ် အော်ဒါမရှိခြင်းကြောင့် လုပ်သားအင်အား လျော့ချခြင်းမဟုတ်ဘဲ စက်ရုံရှိ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များကိုအလုပ်မှ ထုတ်ပယ်ရန်အတွက် ဟန်ပြ အလုပ်ထုတ်ခဲ့ခြင်းသာဖြစ်လို့ အလုပ်သမားညွှန်ကြားမှု ဦးစီး ဌာန သို့ လုပ်ငန်းရှင်အားအရေးယူပေးပါရန်တိုင်ကြားခဲ့သော်လည်း ယခုထိ အရေးယူဆောင်ရွက်ခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။

 

 


Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026