NEWS

Sky Fashion Myanmar လုပ်ခ လျှော့ပေးသည့်အပြင် လစာခွဲခြားပေး၊ အလုပ်ထုတ်

CoverLogo
355 Views
 
Sky Fashion Myanmar Co.,ltd အထည်ချုပ် အလုပ်သမားတွေကို စက်ရုံတာဝန်ရှိသူတွေက ဒေးကြေးလုပ်ခ လျှော့ပေးတဲ့ အပြင် အလုပ် ဌာနအလိုက် ဒေးကြေး ခွဲခြားပေးနေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ချုပ်သမားဆိုရင် ဒေးကြေး ၁၀၀၀၀၊ တခြားဌာနကဆို ၈၀၀၀ ပဲ ပေးတယ်။ ရက်မှန်ကြေးကို စက်ချုပ်သမား ၅၀၀၀၀ ပေးပြီး တခြားဌာနက အလုပ်သမားဆို ၄၀၀၀၀ ပဲ ပေးတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လစာကိုတန်းတူပေးဖို့ အလုပ်ရှင်ကို သွားပြောတဲ့ အလုပ်သမား နှစ်ဦးကို အလုပ်ထုတ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ကုန်အမှတ်တံဆိပ် စစ်ဆေးရေးအဖွဲ့ကို အမှန်တိုင်းဖြေဆိုခဲ့တဲ့ အလုပ်သမားတွေမှာလည်း အလုပ်က ထုတ်ခံခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လစာတန်းတူပေးဖို့တောင်းဆိုတဲ့ (Cutting) ကတ်တာအလုပ်သမား နှစ်ယောက်ကို လူ လျှော့တယ်ဆိုပြီး အလုပ်ဆင်းရက်အတွက် ပိုက်ဆံတွက်ပေးပြီး အလုပ်ထုတ်တယ်။ အော်တစ်တွေစက်ရုံကို လာစစ်တော့ ဆေးသည့်အခါ လုပ်ငန်းခွင် ချိုးဖောက်မှုတွေကို အမှန်ကန်ဖြေတဲ့ အလုပ်သမား၅ယောက်လည်း အလုပ်ထုတ် ခံရတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်က နုတ်ထွက်တဲ့ အလုပ်သမားတွေကို လုပ်ခလစာ လျှော့ပေးပြီး ဥပဒေမဲ့ ဆောင်ရွက်တာတွေလည်း ရှိတဲ့ အပြင် အထည်စံချိန်ရဖို့ အောစူပါနဲ့ စူပါတွေက ဆဲဆို ဖိအားပေးခိုင်းစေနေတယ်လို့ သိရပါတယ်။
 
“အလုပ်သမားတွေ အလုပ်ထွက်စာတင်မှ ဒေကြေး ၁၀၀၀၀ နဲ့ ရှင်းပေးတာ၊ မတင်ပဲအလုပ်ထွက်တာနဲ့ ဒေးကြေး ၆၈၀၀ကျပ် နဲ့ လျှော့ရှင်းတာ၊ အထည်စံချိန် မပြည့်လို့ ဆိုပြီး အတင်းအကျပ် အောလင်း၊ အောနိုက်ဆင်း ရတယ်၊ ဒီထက်မက တနင်္ဂနွေနေ့တိုင်း ဆင်းနေရတယ်။ အထည်စံချန်မပြည့်လို့ အောစူပါ၊ စူပါ တွေက နေ့တိုင်း ဆဲဆိုနေတာ။
 
ရှောင်တခင်ခွင့်၊ ဆေးခွင့် ဆိုတာ ဘာမှန်း မသိဘူး။ လူမူဖူလုံရေးကြေး သွင်းလည်း ဆေးခွင့်မပေးဘူး။ ရက်ပျက်တာနဲ့ ဒေးကြေး၊ ရက်မှန်ကြေး ဖြတ်တာပါပဲ။” လို့ ပြောပါတယ်။
 
အထည်စံချိန်တွေ ဆဲဆိုတောင်းလို့ အလုပ်သမားတွေမှာ အပေါ့အပါး သွားဖို့ ခက်ခဲတဲ့အပြင် အိမ်သာကတ် မပါလို့ သန့်စင်ခန်းသွားဖို့ ခွင့်မပြုဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
Sky Fashion Myanmar Co.,ltd အထည်ချုပ်စက်ရုံကို တရုတ်နိုင်ငံသား တဦး ပိုင်ဆိုင်ပြီး စက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစပတ်၁ လမ်းမှာ ရှိပါတယ်။ လက်ရှိ ချုပ်နေတဲ့ Roly တံဆိပ်က စပိန်နိုင်ငံ အခြေစိုက် ကုမ္ပဏီက ဖြစ်ပြီး အလုပ်သမား ၁၅၀၀ ဝန်းကျင်က အထည်တွေ ကို ချုပ်လုပ်နေပါတယ်။
 

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026