NEWS

Chi Mei အထည်ချုပ် အချိန်ပို အတင်းအကျပ် ခိုင်းစေ

CoverLogo
389 Views
(အချိန်ပို ဥပဒေ မလိုက်နာခြင်း၊ အတင်းအဓမ္မ ခိုင်းစေခြင်း)
 
Chi Mei အထည်ချုပ်စက်ရုံကပါ ရှင့်။
ဒီစက်ရုံမှာ လုပ်လုပ်ရတာ အဆင်ပြေပါတယ်။ လစာကိုလည်း အချိန်မှန်ပေး ပါတယ်။ ဒါပေမဲ့ အလုပ်ချိန်ကိုတော့ မနက် ၈ နာရီကနေ ညနေ ၆ နာရီခွဲထိပဲ ဆင်းခိုင်းရင် ပိုအဆင်ပြေပါတယ်။
 
အောလင်းတွေ အောနိုက်တွေ လုပ်ခိုင်းနေတာကတော့ အဆင်မပြေပါဘူး ။ စက်ရုံကို စစ်ဆေးရေးတွေ လာ စစ်ရင်လည်း အောလင်းအောနိုက် မခေါ်ပါဘူးဆိုပြီး မန်နေဂျာ ရုံးပေါ်က စာရေးမနဲ့ ထုတ်လုပ်ရေးမန်နေဂျာ (MR) တို့က ညာပြီး ဖြေ ခိုင်းပါတယ်။
 
စစ်ဆေးရေးအဖွဲ့ဝင်တွေက စိစိစပ်စပ် မေးခဲ့ရင်လဲ မဆင်းရဘူးလို့ အတင်းငြင်းဖို့ ပြောခိုင်းပါတယ်။ ထုတ်လုပ်ရေးမန်နေဂျာ MR ဇင်နှင်းနှင်းအေးက အချိန်ပို OTကို အတင်းကျပ်ခေါ်ခိုင်းနေပါတယ်။အောလင်းဆင်းခိုင်းပြီး နောက်တနေ့ ဆက် အလုပ်ပြန်ဝင်ခိုင်းပါတယ် ။
 
ပုံမှန်ဆို အောလင်းခေါ်ရင် မနက် ၁ရက်နားရပါတယ် ။နောက်နေ့မှ အလုပ်ပြန်ဆင်း ရတာပါ။လိုင်းစူပါတွေက ဘာမှ ဖိအားပေးတ မရှိပါဘူး။ ထုတ်လုပ်ရေးမန်နေဂျာကပဲ ဖိအားပေးပြီး အတင်းအကျပ် ဆင်းခိုင်းတာပါ။
 
အောလင်း အောနိုက် ဆင်း မဆင်းကိစ္စနဲ့ပတ်သက်ပြီး WCCနဲ့ ထုတ်လုပ်ရေးမန်နေဂျာ စကားတွေများကြပါတယ်။
WCC က အချိန်ပို ဆင်းရင် ပြန်ဖို့အခတ်ခဲရှိလို့ အဆင်မပြေဘူးလို့ ပြောပြပါတဘ်။ ဒါကို အချိန်ပို မဆင်းလို့မရဘူး ၊ သူများတွေလဲဆင်းနေတာပဲ ၊ဆင်းရမယ်လို့ အတင်းအကျပ် ပြောပါတယ်။
 
လမ်းမှာတစ်ခုခု ဖြစ်ရင် တာဝန်ယူမလားလို့ WCC က‌ မေးတော့ ထုတ်လုပ်ရေးမန်နေဂျာက ဘာမှထပ်မပြောတော့ပါဘူး။
စက်ရုံမူးကလည်း ပြော‌နေပါတယ် ။ အောလင်းအောနိုက် မဆင်းရင်၊ ည ၈ခွဲအထိ ဆင်းရမယ်လို့ ပြောတယ်။ အဲလိုမှ မဆင်းရင် အမြဲတမ်း ၄ခွဲ ပြန်ရမယ်လို့ပြောပါတယ်။
 
အခုက အောလင်းအောနိုက်ကို အတင်းကျပ်ခေါ်နေတာပါ ။ စက်ရုံမှာ ၈ နာရီခွဲတစ်ဖွဲ့ရယ်၊ အောလင်းတစ်ဖွဲ့ရယ် နေ့တိုင်းဆင်းနေရတယ်။
 
စက်ရုံမှာ ဖိအားတွေ တအားများတယ်။ အတင်းအကျပ်တွေ လုပ်ခိုင်းတာများတယ်။ညဘက်တွေ အချိန်ပိုဆင်းရတိုင်း သရဲတွေ ဝင်ပူးပါတယ်။ ညပိုင်း ယောက်ျားလေး တစ်ယောက်ကိုပူးပြီး မနက်ကျတော့ မိန်းကလေးတစ်ယောက်ကိုပူးပါတယ်။
 
ညီမတို့စက်ရုံမှာ ဖြစ်နေတာတွေကို သက်ဆိုင်သူတွေ သိစေချင်တာပါ။
Myanmar Labour News ကို အထူး ကျေးဇူးတင်ပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026