NEWS

SHWE MYINN ရေလျှော်စက်ရုံ အချိန်ပို ညလုံးပေါက် လုပ်ကိုင်ခိုင်း

CoverLogo
354 Views
 
SHWE MYINN ရေလျှော်စက်ရုံ တာဝန်ရှိသူတွေက ဖိအားပေးပြီး အောလင်း၊ အောနိုက်ကို မဖြစ်မနေ လုပ်ကိုင်ခိုင်းနေတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ပြောပါတယ်။ အချိန်ပိုခိုင်းစေတာကို အလုပ်သမားရုံးကို တင်ပြပြီးခိုင်းစေတာလို့လည်း စက်ရုံဘက်က ပြောဆိုထားတယ်လို့ သိရပါတယ်။
 
“စနေနေ့ကို တစ်ရုံလုံး ည ၁၂နာရီအထိဆင်းရတယ်။ အချိန်ပိုအိုတီကို ညဆယ် နာရီကျော်ထိဆင်းခိုင်းပြီး အလုပ်သမားများကို ပေါင်မုန့်အကြမ်းတစ်လုံးဘဲကြွေးတယ်။ အချိန်ပိုကို ညတိုင်း ရှစ်နာရီအထိ ခိုင်းတာကို ဆင်းပေးရမယ်၊ အဲလို အချိန်ပို လုပ်ပေးဖို့ အ လုပ်သမားစစ်ဆေးရေး ဦးစီဌာနရုံးကို ပြောထားပြီးသားလို့ ပြောတဘ်။ မနက်လေးနားရီအထိ လုပ်ပေးရတာကို နောက်ရက်လည်း အနားမပေးဘူး။ ဆက်ဆင်းနေရတယ်။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
အချိန်ပိုအို ဆင်းထားတဲ့ အလုပ်သမားတွေကို နောက်ရက် အလုပ်မဆင်းပါက ရက်မှန်ကြေးဖြတ်မယ်ဆိုပြီး စက်ရုံဘက်က ခြိမ်းခြောက်လို့ မဖြစ်မနေအလုပ်ဆင်းပေးနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ တနေ့ အလုပ်ချိန် ၈နာရီလုပ်ကိုင်ပြီး ညနေ ၄ နာရီမှာ အချိန်ပို မဆင်းဘဲ ပြန်ပါက နောက်နေ့တွေမှာ ညည့်နက် အချိန်ပိုအိုတီဆင်းပေးနိုင်မှ ဂိတ်ပတ်ရပြီး ပြန်ရတယ်လို့ ပြောပါတယ်။
 
“အခြောက်ခံခန်းက အလုပ်သမားတွေဆို လျှော်ထားတဲ့အထည်တွေကို တညလုံး အခြောက်ခံပေးရတယ်။ ၊ အလုပ်နဲ့ အလုပ်သမားက မမျှတဘူး၊ အလုပ်သမားတွေက မနိုင်တော့ဘူး။ အလုပ်သမားလည်း ထပ်မခေါ်ဘူး၊ ရှိတဲ့ အလုပ်သမားတွေကို လှည့်ပတ်ပြီးနေရာစုံ ခိုင်းနေတာ။ လုပ်ငန်းခွင်ထဲတွင်ထိခိုက် မိရင် ဆေးခန်းဆိုတာလည်း မရှိဘူး၊ သူနာပြုလည်း မရှိဘူး” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားရုံးက လာရောက်စစ်ဆေးပေမဲ့ လုပ်ငန်းခွင်မှာ ပြောင်းလဲမှုမရှိတဲ့ အပြင် လာရောက်စစ်ဆေးသူတွေပိုင်တယ်ဆိုပြီး ချိုးဖောက်မှုတွေက ပိုဆိုးလာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲတွင် အသက်၁၄နှစ် ၁၅နှစ်အရွယ် လူငယ်၊ လူရွယ်အလုပ်သမားတွေကိုလည်း ဆေးထောက်ခံချက်မပါဘဲ အလုပ်ခန့် ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"ဆေးထောက်ခံချက်မပါဘဲ ခန့်ထားတယ်။ အဲ့ကလေးတွေကိုပဲ လူကြီးအလုပ်သမားတွေနဲ့ တန်းတူခိုင်းတယ်။ လူငယ်၊ လူရွယ်အလုပ်သမားတွေကို အစမ်းခန့်ကာလဆိုပြီး ဒေးကြေး ၆၈၀၀ ပဲပေးတယ်၊ ၃ လပြည့်တော့လည်း အတည်ပြုဝန်ထမ်းမခန့်ဘဲ ဆက်ခိုင်းတယ်။” လို့ ပြောပါတယ်။
 
Shwe Myinn Co.,Ltd Washing Fact စက်ရုံက ရန်ကုန်မြို့၊ ရွှေလင်ဗန်းစက်မှုဇုန်၊ နဝဒေးမင်းကြီးလမ်းမှာရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပါတယ်။ လုပ်သား ၁၀၀ ကျော်ရှိပြီး လျှော်ဖွတ်နေတဲ့ အမှတ်တံဆိပ်ကတော့ Pageone, Wax Jean အမှတ်တံဆိပ် ဖြစ်ပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
WHN Garment ခွင့်ယူပါက ဂရိတ်ချ၊ ရက်မှန်ကြေး ဖြတ်၊ သရဲပူးသည်ဟုဆိုကာ ဝမ်တိန်ထိုးရ
Feb 23, 2026
Cover
SANYAN OUTDOOR Co,. Ltd မှ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုစတင်ပြုလုပ်နေ
Feb 23, 2026