NEWS

Teng Hui Myanmar Knitting သိုးမွှေးထည်စက်ရုံ အလုပ်သမားများ အလုပ်ပျက်ဆိုပြီး အထုတ်ခံရ

CoverLogo
509 Views
 
Teng Hui Myanmar Knitting သိုးမွှေးထည်စက်ရုံ က အရေးပေါ် ဂိတ်ပတ်စ်ယူတာနဲ့ ၊ အလုပ် တစ်ရက်ပျက်လို့ ဆိုပြီး အလုပ်ကနေ ထုတ်ပယ်တာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအဆောက်အအုံက ၆ ရုံတွဲ ဖြစ်ပြီး လုပ်သား ၆၀၀၀ ကျော် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
 
“အလုပ်သမားတွေ အလုပ်ထဲရောက်မှ မိသားစုကိစ္စအရေးပေါ်လို့ ဂိတ်ပတ်ယူတာလည်း အလုပ်ထုတ်တယ်။ အလုပ် တစ်ရက်ပျက်တာတောင် ထုတ်တာ။ ခွင့်ရက် ခံစားခွင့်ဆို ဘာမှမပေးဘူး။ ခွင့်ဆိုရင်တောင် ရက်ပျက်တာနဲ့ ဒေးကြေး၊ အထည်ကြေး ဖြတ်တာပဲ။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အထည်ကြေးကို လူသစ်၊ လူဟောင်းခွဲခြားပေးပြီး အထည်စံချိန် မပြည့်ပါက အတင်းအကျပ် အချိန်ပို ဖိအားပေး ဆင်းခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“လူသစ်လူဟောင်းရဲ့ အထည်ကြေးက သုံးဆ၊ တဆ ကွာတယ်။ အထည်စံချိန်က တဝတ်လောက် ကွာတယ်။ စံချိန်မပြည့်ဘူးဆိုတာနဲ့ ဆဲတာပဲ။ အောစူပါကိုယ်တိုင် ဆဲတာ။ အလုပ်သမားတွေ အားလုံးရှေ့မှာ ဆဲတာ။ ပြန်ပြောရင် တခါတည်း အလုပ်ထုတ်တယ်။” လို့ ပြောပါတယ်။
 
အထည်စံချိန်မပြည့်ပါက အောလင်း၊ အောနိုက် အချိန်ပို လုပ်ကိုင်ပေးရပြီး တနင်္ဂနွေနားရက်တွေပါ မနားရဘဲ ဖိအားပေး ဆင်းခိုင်းတယ်လို့ သိရပါတယ်။ နေ့စား အ လုပ်သမားအများစု အမျိုးသားတွေ ဖြစ်ကြပြီး အချိန်မရွေး အလုပ်ထုတ်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံ အိမ်သာတွေမှာ လုံးဝသန့်ရှင်းမှုမရှိတဲ့ အပြငင် သုံး ရေ အလုံအလောက်မရလို့ ပိုပြီး ညစ်ပတ်နေတယ်လို့ ပြောဆိုထားပါတယ်။
 
Teng Hui Myanmar Knitting သိုးမွှေးစက်ရုံက ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာအနီးမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိထားပါတယ်။

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026