NEWS

ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို

CoverLogo
421 Views
 
ပြည်ပနိုင်ငံမှာရောက်ရှိနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ပေးလိုပါက မိမိရဲ့ ကိုယ်ရေးအချက်အလက် ပြည့်စုံစွာဖေါ်ပြပြီး မြန်မာသံရုံးကို ပေးပို့တောင်းဆိုရမယ် လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
 
၎င်းထုတ်ပြန်ချက်နဲ့ ပက်သက်ပြီး ယနေ့ ဩဂုတ် လ ၂၂ရက် မှာလည်း ပြည်ပနိုင်ငံတွေရှိ မြန်မာသံရုံးတွေရဲ့ လူမှုကွန်စာမျက်နှာတွေမှာ ကြိုတင်မဲ ပေးနိုင်ရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်ရမယ့် အချက်တွေ ကို ထပ်မံအသိပေးကြေညာလာပါတယ်။
 
ပြည်ပရောက် မြန်မာနိုင်ငံသားအနေနဲ့ ကြိုတင်မဲ ပေးလိုပါက ဖြည့်စွက်ရမယ့် ပုံစံ (၁၅) မှာ မိမိကိုယ်ရေးအချက်အလက် အပြည့်အစုံ၊ပြည်တွင်းရှိနေရပ်လိပ်စာလက်ရှိရောက်နေတဲ့ နိုင်ငံမှာ နေထိုင်တဲ့ လိပ်စာတွေကိုပါဖြည့်စွက် ရမယ်လို့ဆိုပါတယ်။
 
"အတင်းကြပ်မဲလာထည့်ပါဆိုရင်တောင် တနည်းနည်းနဲ့ရှောင်နေမှာ အခုလို သံရုံးကို ကြိုတင်မဲပေးဖို့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက် လိပ်စာ ပေးပို့ တောင်းဆိုရမယ်ဆိုတာတော့ ပြည်ပရောက်သူ အယောက် ၁၀၀ မှာ ၉၉ယောက်က တောင်းဆိုမှာမဟုတ်ဘူး စစ်အာဏာသိမ်းလိုက်လို့ အခုလို နိုင်ငံရပ်ခြားမှာ ဒုက္ခတွေ ရောက်နေရတာ ပြန်ချင်လို့လဲမပြန်ရနဲ့ ပြည်သူကို နည်းမျိုးစုံဒုက္ခပေးနေတဲ့သူကို ဘယ်သူက ထောက်ခံမှာလဲ""လို့ ကိုရီးယားရောက်မြန်မာနိုင်ငံသားတစ်ဦးကပြောပါတယ်။
 
ကြိုတင်မဲအတွက် ပုံစံ (၁၅) တွေကို ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာသံရုံးတွေရဲ့ ဝက်ဆိုဒ် တွေမှာ ဒေါင်းလော့ခ် ရယူနိုင်တယ်လို့ မြန်မာသံရုံးများက အသိပေးထား ပါတယ်။
 
အဆိုပါ ပုံစံ (၁၅) မှာ အချက်အလက်ဖြည့်ပြီး ပါက သြဂုတ် ၂၂ ရက်ကနေ စက်တင်ဘာ ၈ ရက်အထိ သက်ဆိုင်ရာ သံရုံးတွေကို လူကိုယ်တိုင်ဖြစ်စေ၊ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ စာတိုက်သို့မဟုတ် သံရုံး အီးမေးကတစ်ဆင့် ပေးပို့နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီ က ရွေးကောက်ပွဲ ကို ဒီဇင်ဘာ၂၈ ရက်က စပြီး အပိုင်းလိုက် လုပ်ဆောင်ဖို့ ကြေညာပေမယ့် ပြည်တွင်းပြည်ပရှိ ပြည်သူတွေက စစ်ကောင်စီ ပြုလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲ ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖေါ်တာတွေရှိနေသလို နွေဦးတော်လှန်ရေး အဖွဲ့အစည်းအသီးသီးကလည်း စစ်အာဏာရှင်သက်ဆိုးရှည်မယ့် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန်ကျင်ကြဖို့ တိုက်တွန်း ထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026