NEWS

LAT WAR (3) အထည်ချုပ် အချိန်ပို အလွန်အကျွံခေါ်၊ စစ်ဆေးရေးအဖွဲ့ ရုံးခန်းဝင်ပြီး ပြန်

CoverLogo
394 Views
 
LAT WAR (3) COMPANY LIMITED အထည်ချုပ် စက်ရုံက တစ်လ ပိတ်ရက် ၂ ရက်ပဲ နားရက်ရပြီး နေ့ည ဆက် တပတ်နီးပါးလုပ်ကိုင်နေရတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“တစ်လ တနင်္ဂနွေ ၄ ပတ်ရှိတာ ၂ ပတ်ပဲ ပိတ်ပေးပါသည်။ ကျန်တဲ့န တနင်္ဂနွေနေ့တွေ အချိန်ပိုဆင်းကြရတယ်။ လူရွေးပြီး လိုင်းအလိုက် အော်လင်း၊ အော်နိုက်တွေ ခေါ်တာများတယ်။ တချို့အလုပ်သမားတွေဆို အထည်အရေးကြီးလို့ဆိုပြီး နေ့ရော၊ ညပါ ၄ရက်၊ ၅ ရက်ထိ မနက်၊ည ဆက်တိုက်ဆင်းရတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေက သက်ဆိုင်ရာရုံးတွေကို ဖုန်းဆက်တိုင်လို့ သက်ဆိုင်ရာတာဝန်ရှိတွေ လာရောက်ပြီး စက်ရုံ ရုံးခန်းမှာပဲ တာဝန်ရှိသူတွေနဲ့ ပြောဆိုပြီး ပြန်သွားတာတွေ တွေ့ရတယ်လို့ ဆက်ပြောပါတယ်။
 
“ ရုံးတွေကလာပါတယ်။ ရုံးခန်းထဲဝင် စကားပြောပြီး ပြန်သွားတယ်။ စက်ရုံဘက်မှ အင်္ကျီထုတ်တွေ ပေးလိုက်တယ်တွေ့တယ်။ ဒီနောက်မှာ အချိန်ပိုက ရပ်မသွားဘူး ၊ ပိုခေါ်လာတယ်။ ည ၇နာရီ ၄၅ အထိဆင်းရတယ်၊ အော်လင်း၊ အော်နိုက်ကလည်း ညတိုင်းလိုလိုပါပဲ ဆင်းရတယ်။ တနင်္ဂနွေနေ့ဆိုလည်း ဆင်းနေရတာပဲ။” လို့ ပြောပါတယ်။
 
အချိန်ပို ဆင်းခိုင်းပြီး အိပ်ဖို့နေရာ မပေးတာတွေ၊ ကိုယ်ပိုင်အစီအစဉ်နဲ့ စားသောက်ရပြီး အလုပ်အချိန်များပြားတာတွေကြောင့် ကျန်းမာရေး ထိခိုက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားတွေ ဆက်တိုက် အချိန်ပိုတွေကို ဆင်းရတော့ ကျန်းမာရေးထိခိုက်လာတယ်။ တချို့အလုပ်သမားတွေဆို စက်ရုံ သံမန်းတလင်းတွေမှာ အိပ်ကြရတော့၊ အဆုတ်ပွချောင်းဆိုတွေဖြစ်လာတယ်။” လို့ ပြောပါတယ်။
 
စက်ရုံအတွက် အချိန်ပိုဆင်းပေးလို့ ကျန်းမာရေးမကောင်းဖြစ်ပြီး ခွင့်ခံစားခွင့်မပေးဘဲ ဒေးကြေး၊ ရက်မှန်ကြေး အဖြတ်ခံရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် ဖြတ်တောက်ခံရတဲ့ ပမာဏာက တနေ့လုပ်ခထက် များပြားနေတယ်လို့ ပြောပါတယ်။
 
“မဖြတ်တာမဟုတ်ဘူး ပေးထားတဲ့တိုင်း အကုန်ဖြတ်ပါသည်။ အချိန်ပိုမဆင်းနိုင်လို့ မဆင်းဘူးပြောတော့ ပြောဆိုတယ် နောက်တော့ ရက်မှန်ကြေးက အဖြတ်ခံရတာ၊ ပါသေးသည်။ လုပ်ခလစာနည်းတော့ ရက်မှန်ကြေး မရတော့ ရတာ ပိုနည်းတယ်ဆိုပြီး အားတင်းပြီးဆင်းကြရပတယ်။ ခေတ်ကာလာက မကောင်း၊ ကုန်ဈေးနှုန်းတွေကတက်တော့ လုပ်ငန်းခွင်မှာ ဖိနှိပ်ဆဲဆိုတာ ခံပြီး လုပ်ကြရတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
LAT WAR (3) COMPANY LIMITED အထည်ချုပ်စက်ရုံမှာ လုပ်သား ၂၀၀၀ ကျော်လုပ်ကိုင်နေပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပါတယ်။ လက်ရှိ ချုပ်နေတဲ့ အထည် အမှတ်တံဆိပ်တွေကတော့ KAPALUA, REGATA, MAVI CONIN’s စတာတွေ ဖြစ်ပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026