NEWS

လုပ်ငန်းခွင်ဝင်နေတဲ့ ကလေးလုပ်သားတွေ အခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
100 Views

စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မ တီအနေနဲ့  ကလေးလုပ်သားပပျောက်ရေးစီမံချက်ဆိုကာ နှစ်ရှည်စီမံချက်နဲ့ လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။


အာဏာသိမ်း စစ်ကောင်စီချုပ်ကိုင်ထားတဲ့ ဝန်ကြီးဌာနက အသီးသီးနဲ့ လက်အောက်ခံ ဌာနတွေ ၊ ကော်မတီတွေဟာ လွတ်လပ်စွာ လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ငန်းတွေကို ဟန်ပြသာ လုပ်ကိုင်နိုင်တာဖြစ်ပြီး အခုလို ကလေးလုပ်သား ပပျောက်ရေး လုပ်ဆောင် နေတာဟာလည်း ဟန်ပြသာလုပ်ကိုင်နေတာဖြစ်တယ်လို့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ထားပါတယ်။


စက်ရုံအလုပ်ရုံတွေက အသက် ၁၈ နှစ်မပြည့်သေးတဲ့  ကလေးလုပ်သားတွေဟာ အခွင့်အရေးများချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားအရေးလေ့လာစောင့်ကြည့်သူတွေထံက  သိရပါတယ်။  


စစ်အာဏာသိမ်းကာလမှာ အထွေထွေအကျပ်အတည်းနဲ့ရင်ဆိုင်နေရတဲ့ မြန်မာပြည်က တိုင်းနဲ့ပြည်နယ် အသီးသီး က လုပ်ငန်းခွင်တွေမှာ ကလေးလုပ်သားတွေ အများအပြားရှိနေတာပါ။


အဆိုပါ ကလေးလုပ်သားတွေဟာ အလုပ်သမားဥပဒေပါအခွင့်အရေးတွေလည်းချိုးဖောက်ခံနေရရသလို အရွယ်ရောက်အလုပ်သမားတွေနဲ့တန်းတူလုပ်ကိုင်နေရတာတွေလည်း ရှိနေပြီး လုပ်ခလစာ ခေါင်းပုံဖြတ်မှုတွေလည်း ခံစားနေရတယ်လို့ ပြောပါတယ်။ဒါ့အပြင် ဘေးအန္တရာယ်ကင်းရှင်းမှုအတွက် လုံလောက်အောင် ကြိုတင်ပြင်ဆင်မှုတွေကင်းမဲ့နေလို့ ကိုယ်လက် အင်္ဂါဆုံးရှုံးတာတွေအထိပါ ဖြစ်နေတာတွေ့ရပါတယ်။


"ဟန်ပြပါလုပ်နေကြတာက။ စက်ရုံတွေအလုပ်ရုံတွေမှာ ကလေးလုပ်သားတွေဒုနဲ့ဒေး။  ကျန်းမာရေးစောင့်ရှောက်ခွင့်လည်းမရဘူး။  လုပ်ခလစာလည်းအပြည့်မရဘူး။ တစ်ချိုစက်ရုံတွေဆိုရင် ခိုင်းတော့ကလေးလုပ်သား အလုပ်ချိန်ကလူကြီးတွေနဲ့တန်းတူနဲ့။ ကလေးတွေမို့အသက်မပြည့်သေးလို နေ့စားအနေနဲ့ပဲခန့်ထားတာ။  တစ်ခုခုဆိုနေ့စားမို့တန်းထုတ်လိုရတယ်ဆိုပြီး နေ့စားအဖြစ်ပဲ.။ ကလေးတွေကနားရက်တွေခံစားခွင့်တွေဆုံးတယ်။ အခြားခံစားခွင့်တွေဆုံးတယ်။ ခေတ်မကောင်းလို ကလေးတွေကိုယ်တိုင်ပိုက်ဆံရှာနေရတဲ့အချိန်မှာ ရရာအလုပ်လုပ်နေရတော့ ကလေးတွေကလည်းတစ်ခွန်းမှပြန်မပြောဘူး။ အလုပ်ရတယ်ဆိုပြီးရော လုပ်နေကြတာ"လို့  ပြည်တွင်းအလုပ်သမားရေးကူညီဆောင်ရွက်သူ အမျိုးသမီးတစ်ဦးကဆိုပါတယ်။  


စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီက ကလေးအလုပ်သမားပပျောက်ရေးဟာ မိမိတိုနိုင်ငံအတွက် ကြီးမားတဲ့စိန်ခေါ်မှုဖြစ်လို ရေရှည်ဆောင်ရွက်သွားရမည့်လုပ်ငန်းဖြစ်သလို  ဒုတိယငါးနှစ်တာလုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) စီမံချက်အရ ကလေးအလုပ်သမားပပျောက်ရေးနဲ့ စပ်လျဉ်း၍သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေသလို အသိပညာပေးဟောပြောမှုတွေလုပ်ဆောင်နေတယ်လို ဆိုထားပါတယ်။ 


အဲဒီလိုလုပ်ဆောင်နေတယ်ဆိုပေမဲ့လည်း စက်ရုံအလုပ်ရုံတွေမှာ  အသက်မပြည့်သေးတဲ့ကလေးလုပ်သားခိုင်းစေမှုတွေက ပိုမိုမြင့်တက်လာတာဖြစ်သလို  ကလေးလုပ်သားတွေအတွက် လုပ်အားခေါင်းပုံဖြတ်ခံနေရတာတွေ လုပ်ခလစာအပြည့်မရတာတွေနဲ့ အန္တရာယ်ရှိတဲ့လုပ်ငန်းခွငိတွေမှာခိုင်းစေခံရတာတွေအပြင်  ညလုံးပေါက်ခိုင်းစေခံနေရတာတွေဟာ ပိုများပြားလာတယ်လို့သိရပါတယ်။  


"တလျှောက်လုံးမှာဖြစ်နေတာက ဥပဒေတွေရဲ့ ဟာကွက်ကြောင့် ကလေးလုပ်သားတွေက လုပ်အားခခေါင်းပုံဖြတ်ခံရတာတွေဖြစ်နေတယ်။  သင့်လျော်တဲ့လုပ်ငန်းခွင် မဖန်တီးပေးနိုင်တာဖြစ်နေတယ်။ ဥပမာ ၁၄ နှစ်နဲ့ ၁၆ နှစ်ကြား ၊ ၁၆ ကနေ ၁၈ ကြားအတွက် သင့်လျော်တဲ့ လုပ်ငန်းခွင်ဖန်တီးပေးရမှာ၊ အခုပြဿနာက ကလေးကို လူကြီးလိုခိုင်းတယ်။ လူကြီး တယောက်လို အလုပ်လုပ်ခိုင်းပြီး ကလေးလိုပဲလုပ်ခပေးလို့ ပြဿနာတွေဖြစ်နေတာ၊ ကလေးတွေ အလုပ်လုပ်တာ သွားတားဆီးလို့မရဘူး အခြေခံလူတန်းစားတွေရဲ့ ကလေးတွေ ခေတ်ကာလ ကျပ်တည်းမှုအရ  အလုပ်လုပ်နေကြမှာပဲ။ ဒီလုပ်ငန်းမှာ ကလေးလုပ်သားတွေရှိတယ်လို့ ပြောလိုက်တာနဲ့ ကလေးလုပ်သားတွေ အလုပ်ထုတ်ခံရပြီး အခွင့်အရေးတွေထပ်ပြီးချိုးဖောက်ခံရမှာပဲ။ မိသားစုရဲ့ဝင်ငွေ လိုအပ်ချက် ကို ကလေးတွေပါ လိုက်ဖြည့်နေရတယ်။"လို့ အလုပ်သမားအခွင့်အရေးဆောင်ရွက်တဲ့  အမျိုးသားတစ်ဦးက ပြောပါတယ်။


ဒါတွေဟာ  စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးကြပ်တည်းမှုနဲ့ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့်  ကလေးတွေကိုယ်တိုင်  ၀င်ငွေရရှိရေးအတွက်ရရာအလုပ်လုပ်ကိုင်ရမှု  ပိုမိုမြင့်တက်လာတာဖြစ်သလို  စီးပွားရေးကျပ်တည်းမှုနဲ့အလုပ်အကိုင်ရှားပါးမှုအပေါ် လုပ်ငန်းရှင်များကအခွင့်ကောင်းယူခိုင်းစေလာတာလိုလည်း သုံးသပ်မှုတွေရှိနေပါတယ်။


"စက်ရုံအလုပ်ရုံတော်တော်များများမှာ  အသက်မပြည့်သေးတဲ့ကလေးလုပ်သားတွေရှိတယ်။ ကလေးလုပ်သားအများစုကို ပုတ်ပျက်တို့အထည်စားတို့ အထည်ရေအတွက်နဲ့တို့ပေးကြတယ်။ ကလေးတွေက သိပ်မလုပ်နိုင်ကြတော့ သူတိုလုပ်နိုင်ရင်လုပ်နိုင်သလောက်ပဲပေးတာပေါ့။ ၄၈၀၀ တို့ ၅၈၀၀ တိုလည်းမဟုတ်တော့ဘူး။  သူတိုမလုပ်နိုင်ရင် လုပ်လစာမရဘူး။ နောက်ပြီးအသက်မပြည့်သေးဘဲအလုပ်လုပ်ကြတဲ့အခါ တရားမ၀င်ခေါ်ပြီးခိုင်းတာဖြစ်လို ကျန်းမာရေးစောင့်ရှောက်မှုအာမခံတို ခွင့်ရက်ပိတ်ရက်တို့သူတိုဆုံးရှုံးတယ်" လို့ အလုပ်သမားရေးဆောင်ရွက်သူ အမျိုးသမီးတစ်ဦးက  ပြောဆိုပါတယ်။


ကလေးလုပ်သားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်မှုတွေ ဖြစ်ပွားပါကလည်း အလုပ်ရှင်ဘက်က တာဝန်ယူပေးတာပျက်ကွက်မှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။


ယခုနှစ်အတွင်းမှာပင် ကမ္ဘာအေးလမ်းမကြီး၊ စာတိုက်မှတ်တိုင်(မိုးလေဝသရုံးရှေ့)သံမဏိ (၈) ရပ်ကွက်ရှိ ကော်စေ့ စက်ရုံ(မိုလောင်းရုံ) တွင် အထွေထွေ လုပ်သားအဖြစ် အလုပ်လုပ်နေသော အောင်ပြည့်စုံဟာ စက်ရုံလုပ်ငန်းခွင် ည ၁၀ နာရီခန့်တွင် လက်ထိခိုက် ဒဏ်ရာ ရပြီး မြောက်ဥက္ကလာ(မေဓါဝီ) ဆေးရုံတွင် ဆေးကုသခဲ့ရာညာဘက်လက် လက်မ၊ လက်ညှိုး၊ လက်ခလယ် တို့အား စတီးပြားထည့်ခဲ့ရပါတယ်။ 


အဲ့နောက်ဆက်လက်ဆေးကုသရန် လုပ်ငန်းရှင်ဘက်မှ တာဝန်ယူပေးတာ မရှိတော့လို့ မိသားစုမှ လိုအပ်သော ဆေးဝါးကုသမှူများ နှင့် အလုပ်ရှင်အား ထိရောက်စွာအရေးယူဖို့ အကူညီတောင်းခံရတာတွေရှိခဲ့ပါတယ်။ 


Related posts

Cover
မိုးထိမိုးမိ ရွှေလုပ်ကွက်များ မြေပြိုကျပြီး ရွာလုံးကျွတ်မြေအောက်ရောက်ကာ အလုပ်သမားအများအပြား ပျောက်ဆုံးနေ
Sep 13, 2024
Cover
ကရင်နီဆေးသင်တန်းသား ၁၈ ဦး ရေထဲမျောပါသေဆုံး
Sep 13, 2024
Cover
ဒေါ်လာဈေးကွက် ရက်ပိုင်းအတွင်း အရောင်းအ၀ယ်မြင့်နေ
Sep 13, 2024
Cover
ရေကြီးနစ်မြုပ်မှုကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၃၆ ဦးထိရှိလာ
Sep 13, 2024
Cover
အချိန်ပိုအလွန်အကျွံလုပ်ကိုင်ရပေမဲ့ မလောက်ငှလို့ အလုပ်ရပ်ဆန္ဒပြစဉ် ခြိမ်းခြောက်ဖြိုခွင်းခံရ
Sep 12, 2024
Cover
တနင်္ဂနွေပိတ်ရက် အချိန်ပို မဆင်းပါက ပါးရိုက်မယ်လို့ခြိမ်းခြောက်ဖိအားပေးဟုဆို
Sep 12, 2024
Cover
ထိုင်းနိုင်ငံတွင်  ကာလတိုသင်တန်း တက်ရောက်နေသည့် ကျောင်းသား/သူများ ကို ဗန်ကောက်နှင့်ချင်းမိုင်ရှိမြန်မာသံရုံများ တွင် PE အမျိုးစား နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း ဆောင်ရွက်မပေးတော့ဘူးလို့ သံရုံးကြေညာ
Sep 12, 2024
Cover
Lian Fa (Myanmar) အထည်ချုပ်စက်ရုံ ဝန်ကြီးဌာနသတ်မှတ်သည့် ထောက်ပံ့ကြေး မပေး
Sep 12, 2024