NEWS

ထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးပေးရန် MYANMAR BAG စက်ရုံငြင်းဆို

CoverLogo
796 Views

စက်တင်ဘာလကစပြီး အလုပ်သမားတွေကို ကျပ်တထောင်တိုးပေးရန် စစ်ကောင်စီ ဝန်ကြီးဌာနက စာထုတ်ထားပေမယ့် အဆိုပါ ထောက်ပံ့ကြေး ကျပ်တစ်ထောင် တိုးပေးခြင်းမရှိလို့ MYANMAR BAG  ကျောပိုးအိတ်စက်ရုံ လုပ်ငန်းခွင်အတွင်း ဆန္ဒပြတောင်းဆိုရန်ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။ 

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၁ ဒီပဲယင်းဝန်ထောက် ဦးမြဲလမ်း အမှတ် - မှာဖွင့်လှစ်ထားတဲ့ MYANMAR BAG  ကျောပိုးအိတ်ချုပ်စက်ရုံမှာ ထောက်ပံ့ကြေး ကျပ်တစ်ထောင်တိုးပေးဖို့ အလုပ်သမားတွေက လိုလားနေတာလို့ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်လုပ်ငနး်ဖြစ်ပြီး အလုပ်သမား ၁၀၀၀ ကျော်နဲ့လုပ်ငန်းလည်ပတ်နေတာလို့ ပြောပါတယ်။ လုပ်ငန်းခွင်မှာအလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

ဥပဒေအရ သတ်မှတ်ထားတဲ့ အနည်းဆုံးအခကြေးငွေ ၄၈၀၀ ဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မှာ အစိုးရဝန်ထမ်းတွေနဲ့ ပုဂ္ဂလိက ဝန်ထမ်းတွေကို ထောက်ပံ့ကြေး ကျပ် တစ်ထောင် တိုးပေးဖို့ ထုတ်ပြန်ခဲ့ပြီး အခု ၂၀၂၄ ဩဂုတ်လမှာလည်း နောက်ထပ် ကျပ် ၁၀၀၀ ထောက်ပံ့ကြေးပေးဖို့ ထုတ်ပြန်ထားတာကြောင့် အလုပ်သမားတွေ ရရှိရမယ့် ထောက်ပံ့ကြေးဟာ ကျပ် ၂၀၀၀ ဖြစ်ပါတယ်။

အဲ့ဒီလို ထောက်ပံ့ကြေးကို စက်ရုံက ပေးချေမှုမရှိတာကြောင့် အလုပ်သမားတွေက မေးမြန်းရာ အလုပ်ရှင်ဘက်က တိုးပေးရန် ငြင်းဆန်တာကြောင့် စက်တင်ဘာ ၂ ရက်နေ့မှာ လုပ်ငန်းခွင်အတွင်း ညနေပိုင်း အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြတယ်လို့ အလုပ်သမားက ပြောပါတယ်။

"စက်တင်ဘာ ၃ ရက်နေ့ကျတော့ အလုပ်သွားတော့ လုပ်ငန်းခွင်ထဲ အလုပ်ဝင်မလုပ်ရင် အပြင်မှာနေဆိုပြီး အထဲမဝင်ခိုင်းပဲ အပြင်မှာနေခိုင်းတယ် အလုပ်သမားတွေက တောင်းဆိုမှုဆက်လုပ်ပြီး နေ့လည် မှာ အလုပ်သမားရုံးကခေါ်လို့ အလုပ်သမား ၅ ယောက် သွားရတယ် သူတို့ပြောတာက ဆန္ဒပြမယ်ဆိုရင် စာတင်ပြီးမှ ပြလို့ရမယ်ပြောတယ် စာမတင်ရင် ဥပဒေအရ အရေးယူလို့ရတယ် ဆိုပြီးပြောပြီး လုပ်ငန်းခွင်ထဲပြန်ဝင်ခိုင်းတယ်လို့ အလုပ်သမားကပြောပါတယ်။

"အလုပ်သမားဦးစီးရုံးက ကြာသပတေးနေ့ရောက်ရင် ( စက်တင်ဘာ ၅) အလုပ်ရှင်နဲ့အလုပ်သမားတွေညှိနှိုင်းပေးမယ် ဆိုပြီး ပြောခဲ့တယ် တကယ်ဆို လူကြီးတွေက ပြသနာကို ချက်ချင်းမဖြေရှင်းပေးဘဲ အလုပ်သမားတွေကို အရေးယူလို့ရတယ်ဆိုပြီး ခြိမ်းခြောက် တာ အလုပ်သမားတွေက လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် တောင်းဆိုခွင့်ရှိပြီသားပါး ဦးစီးမှူးတွေပြောသလို စာတင်ရမယ်ဆိုရအောင်လည််း သမဂ္ဂလည်းမရှိဘူး စာက ဘယ်ကိုတင်လို့ ဘယ်သူကခွင့်ပြုမယ်ဆိုတာတောင်မသိရဘူးလေ အလုပ်သမားတွေကို ပညာပေးတောင်မလုပ်ဘဲနဲ့ စာမတင်ဘဲ ဆန္ဒပြလို့မရဘူး အရေးယူမယ်ဆိုတော့ ဒါအလုပ်သမားဦးစီးရုံးက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာပဲ"လို့ အလုပ်သမားကပြောဆိုပါတယ်။

အဆိုပါ ဆန္ဒပြမှုနောက်ပိုင်းမှာအလုပ်ရှင်က ဆန္ဒဘယ်လောက်ပြပြ ထောက်ပံ့ကြေးကျပ်တစ်ထောင်မပေးနိုင်ဘူးလို့ ငြင်းဆိုခဲ့ကြောင်း အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ ဥပဒေပါခံစားခွင့်တွေမရရှိသလို ခွင့်ခံစားခွင့်မရတာ ခွင့်တိုင်ပြီး အလုပ်တရက်ပျက်ပါက ဒေးကြေး ၅၈၀၀ ကျပ် ထောက်ပံ့ကြေး ၁၀၀၀ ကျပ် ရက်မှန်ကြေး ၂၀၀၀၀ ကျပ်နဲ့ ကျွမ်းကျင်ကြေး အချိုးကျဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။

ဒါအပြင် အထည်စံချိန်တောင်းခံရာမှာ လူဦးရေ ၅၀ ရှိတဲ့စက်လိုင်းမှာ တနာရီ အိတ် ၁၀၀ ကျော်ချုပ်ပေးရပြီး၊ စံချိန်မပြည့်ပါက အောစူပါမှ ရိုင်းစိုင်းစွာဆဲဆိုခိုင်းစေတယ်လို့ ပြောပါတယ်။

အထက်ပါ အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် လုပ်ငန်းခွင်ဆိုင်ရာအငြင်းပွားမှုတွေကိုဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။ တောင်းဆိုချက်တွေအနေနဲ့ 

၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များကိုခံစားခွင့်ပေးရန်။
၂။ အလုပ်ရှင်ဘက်မှ အော်စူပါ အလုပ်သမားများကို ဆဲဆိုအော်ဟစ်ခြင်း မပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှစံချိန်တောင်းခံရာတွင် အလုပ်သမားတစ်ဦးချုပ်လုပ်နိုင်စွမ်းထက်ပိုပြီးမတောင်းခံရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ထောက်ပံ့ကြေး ၁၀၀၀ ကျပ်ပေးရန်။
၅။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ အသုံးပြုသောအိမ်သာမှာ သန့်ရှင်းမှုမရှိခြင်းကို ဆောင်ရွက်ပေးရန် စတာတွေ ဖြေရှင်းပေးဖို့ ပြောထားပါတယ်။ 

 


Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026