NEWS

တရက်လျင် အလုပ်ချိန် ၁၀ နာရီကနေ ညလုံးပေါက်အထိ အထည်ချုပ်ရပေမဲ့ အချိန်ပိုကြေးမရ

CoverLogo
1.3K Views

အလုပ်သမားတစ်ဦးအတွက် တစ်နေ့အလုပ်ချိန် ၈ နာရီ အဖြစ် အလုပ်သမားဥပဒေမှာ သတ်မှတ်ပြဌာန်းထားပေမဲ့ Dongxin Garment  အထည်ချုပ်စက်ရုံလုပ်သားတွေကတော့ တရက်ကို အလုပ်ချိန် ၁၀ နာရီကနေ ၁၂ နာရီ ဒါမှမဟုတ် ညလုံးပေါက် အလုပ်ဆင်းရပြီး အချိန်ပိုကြေး ရရှိခြင်းမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ ၊ နဝဒေးလမ်းမှာ ဖွင့်လှစ်ထားတဲ့ Dongxin Garment Co, Ltd  အထည်ချုပ်စက်ရုံမှာ အခုလို ပြုလုပ်နေတာလို့ အလုပ်သမားတွေကပြောပါတယ်။

စက်ရုံက တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၇၀၀ ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်နေပေမဲ့ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းရော အလုပ်သမားညှိနှိုင်းရေးကော်မတီ ပါ ဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

"အလုပ်ချိန်က မနက် ၇ နာရီ ၃၀ကနေ ည ၆ နာရီအထိ ကို အချိန်ပို ၂ နာရီပါပါတယ် ။ အခုက မနက် ကနေ ည ၈ နာရီ ၊ ၁၂ နာရီ၊ မိုးလင်းအထိ ဆင်းရပါတယ် ညနေ ၆ နာရီအထိ အချိန်ပို ၂ နာရီစာပဲရပြီး နောက်ပိုင်းတွေကို အချိန်ပိုကြေးမရပါဘူး တနင်္ဂနွေနေ့ ဆင်းရလည်း အချိန်ပိုကြေးမရဘူး"လို့ အလုပ်သမားကပြောပါတယ်။

အခုလို အချိန်ပို အလွန်အကျွံခိုင်းစေနေခြင်းဟာ အထည်ချုပ် အလုပ်သမား နဲ့ အကူလုပ်သားတွေအပေါ်မှာ နေ့တွက် ပေါင်းပြီး အထည်စံချိန်သတ်မှတ်တောင်းခံတာမျိုးဖြစ်ပြီး  တရက်လျင် ဒေးကြေး ၄၈၀၀ ကျပ်နဲ့ + အထည်ဖိုး ၆၆၀၀ ကျပ် ဖိုးရတဲ့အထိ ချုပ်လုပ်ဖို့ စံချိန်သတ်မှတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

"ဥပမာ စက်သမား၊ အကူအလုပ်သမားတွေကို ဒေးကြေး ၄၈၀၀+ အခြားကြေး ၆၆၀၀ ကျပ်ဖိုး ရတဲ့အထိချုပ်ပေးပါတယ် သတ်မှတ်စံချိန်မရဘူးဆိုရင် ရတဲ့အထိချုပ်ပေးရပါတယ် သတ်မှတ်စံချိန်မရတာ ဒါမှမဟုတ် အပြင်ထည်ကျတာ အထည်မနိုင်တာဆိုရင် အချိန်ပိုကို ည ၈ ၊ ၁၂ ၊ မိုးလင်းထိ ဆင်းရတာပါ တနင်္ဂနွေ နေ့လည်းဆင်းရတာပဲ အချိန်ပိုကြေးတော့မရဘူး"လို့ အလုပ်သမားက ရှင်းပြပါတယ်။

အလုပ်သမားတွေအနေနဲ့ လက်ရှိသတ်မှတ်ထားတဲ့ အထည်စံချိန်နဲ့ သတ်မှတ်ဒေးကြေးကို ပြည့်မီအောင် ချုပ်လုပ်ရန် ခက်ခဲနေပြီး အချိန်ပို ခိုင်းစေပါက အချိန်ပိုကြေး ပေးချေစေလိုပေမဲ့ လက်ရှိ အကျပ်အတည်းတွေကြောင့် ထုတ်ဖော်ပြောဆိုနိုင်တာမျိုး မရှိဘူးလို့ ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ အဖွဲ့အစည်းတွေလည်း မရှိတာကြောင့် လုပ်ငန်းခွင်ဆိုင်ရာအခက်အခဲတွေကို ဆွေးနွေးပေးနိုင်တဲ့လူမရှိဘဲ ဖိအားပေးခိုင်းစေခံနေရတာလို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ဥပဒေပါခွင့် ယူတာ ဂိတ်ပက်ယူတာတွေကိုလည်း ခွင့်ပြုပေးတာမရှိဘူးလို့ သိရပါတယ်။

လုပ်ငန်းခွင်အတွင်း နေ့စားအလုပ်သမားတွေလည်း ခန့်ထားပြီး စက်ရုံရှိ အတည်ပြုလုပ်သားတွေနဲ့ အလုပ်ချိန်တန်းတူ လုပ်ကိုင်ရပေမဲ့ အချိန်ပိုကြေး မရရှိသလို စက်ရုံဘက်က အခုလို အချိန်ပိုတွေ ခေါ်နေတာကလည်း သက်ဆိုင်ရာ အလုပ်သမားရုံးတွေရဲ့ ခွင့်ပြုချက် ရယူလုပ်ကိုင်တာမဟုတ်ဘဲ အလုပ်ရှင်နဲ့ စူပါ အောစူပါ တွေ ပူးပေါင်းပြီး ခိုင်းစေနေတာဖြစ်တယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်း ဆေးပေးခန်း နားနေခန်းတွေ မရှိဘဲ လုပ်ကိုင်နေရတာဖြစ်ပြီး လုပ်ငန်းခွင်ဆိုင်ရာ ထိခိုက်မှုတွေဖြစ်ပွားပါ က တာဝန်ယူမှုမရှိဘူးလို့ ဆိုပါတယ်။

အဆိုပါ စက်ရုံ လုပ်ငန်းလည်ပတ်တာ ၁ နှစ်ကျော်သာရှိသေးပြီး ချုပ်လုပ်တဲ့အမှတ်တံဆိပ်ကတော့ Windcore အမှတ်တံဆိပ် ဂျာကင်အင်္ကျီတွေ ချုပ်လုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားများတောင်းဆိုချက်တွေအနေနဲ့ 
၁။ အချိန်ပိုဆင်းရပါက အချိန်ပိုကြေးကို တွက်ချက်ပေးရန်။ ဘက်ဒိတ်ဖြင့်ပြန်လည်တွက်ချက်ပေးရန်။
၂။ နေ့စားအလုပ်သမားကိုလည်း အမြဲတမ်းဝန်ထမ်းခန့်ပေးရန်၊ အချိန်ပိုကြေးမျာကို ဘက်ဒိတ်ဖြင့် ပြန်လည် တွက်ချက်ပေးရန်။
၃။ စက်ရုံတွင် ဆေးပေးခန်းထားပေးရန်။ စက်ရုံပြန်ချိန်အတွင်း ဖြစ်ပွားသည် အသွား/အပြန် အလုပ်သမားတွက် ဘေအန္တရာယ် ဖြစ်ပါက ကုသမှုနှင့် စောင့်ရှောက်မှုပေးရန်။
၄။ ဥပဒေပါခွင့်များ ခွင့်ယူပါက ခွင့်ဖြင့် သတ်မှတ်ပေးရန် စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026