NEWS

တနှစ်အတွင်း ရေကြီးနစ်မြုပ်မှု ၁၄၄ ကြိမ်ဖြစ်ပွားခဲ့

CoverLogo
70 Views

မြန်မာနိုင်ငံ မှာ  နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လ တွေ မှာ  ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန် များပြားစွာရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကိုလည်း ကြုံတွေ့ရနိုင်လို့ အရေးပေါ် ပြင်ဆင်ထားဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်တွင် တစ်နိုင်ငံလုံးအတိုင်း အတာမှာ  ရေဘေးဖြစ်ပွားမှု အကြိမ်ရေ (၁၄၄) ကြိမ် ဖြစ်ပွားခဲ့ကာ  နေအိမ်အဆောက်အအုံပေါင်း (၂၇၉) လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ စကစရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ရေကြီးနစ်မြုပ်မှုဘေးဟာ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တဲ့ အပြင် လူနှင့်တိရစ္ဆာန် သေဆုံး၊ ထိခိုက်/ဒဏ်ရာရရှိမှု များပြားလှတဲ့ ဘေးအန္တရာယ်တစ်ခုဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့ ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာစေရန်အတွက် ရေဘေးမဖြစ်ပွားမီ ကြိုတင်ပြင်ဆင်မှုအနေနဲ့ မိမိအိမ်ပတ်ဝန်းကျင်ရှိ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ ကြံ့ခိုင်မှုကို စစ်ဆေးရန်၊ မိသားစုများ  အရေးပေါ်ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ် ကို ကြိုတင်သတ်မှတ်ထားရန်၊ ရေစိုပျက်စီးနိုင်သော ပစ္စည်းများကို ခြောက်သွေ့၍ မြင့်သော နေရာတွင်ထားရှိရန်၊ မိမိပတ်ဝန်းကျင်ရှိ မြစ်ချောင်းများ၏ အန္တရာယ်ရှိနိုင်သော ရေကြီးမှုအမြင့်ပေများကို သိရှိမှတ်သားထားရန်၊ သောက်သုံးရေများ ကြိုတင်စုဆောင်းထားရန်၊မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်း အစရှိသည့် ရေလွှမ်းမိုးပါက အန္တရာယ်ဖြစ်နိုင်သောနေရာများကို မြင်သာသော အမှတ်အသားထားရှိရန် လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရေးပေါ်သုံးပစ္စည်းများနှင့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရန်၊ ရေကြီးခြင်း သတိပေးချက်ရလျှင် ပြည်သူများအနေဖြင့် အောက်ပါတို့ကို သတိပြုလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်းလည်း သတိပေးချက်တွင် ဖော်ပြထားပါတယ်။

အလားတူ သက်ဆိုင်ရာအစိုးရ ဌာနမြ ထုတ်ပြန်ကြေညာသော မိုးလေဝသ သတင်းများကို စဉ်ဆက် မပြတ်နားထောင်ပြီး အကြံပြုချက်ကို လိုက်နာရန်နှင့် အခြားသူများကိုမျှဝေရန်၊ တောင်ပေါ်ဒေသများချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက်တွင် လျှပ်တစ်ပြက်ရေကြီးခြင်းများ ဖြစ်နိုင်ကြောင်း သတိပြုရန်၊ အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့် အတူထားရှိရန်၊  မိသားစုဝင်များ ကွဲကွာသွား ပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ဆက်သွယ်ရမည့်သူစသည်တို့အား ရေးသားပြီး မိသားစုဝင်တိုင်း ယူဆောင်ထားရန်၊ သက်ဆိုင်ရာအစိုးရဌာန၏ ညွှန်ကြားချက်ရရှိပါက ရွေးချယ်ထားသော ဘေးလွတ်ရာ နေရာ သို့ ပြောင်းရွှေ့ခိုလှုံရန် အသိပေးနှိုးဆော်ထားပါတယ်။

သဘာဝဘေးအန္တရာယ်များနှင်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတွင် (၂၄) နာရီ ဖွင့်လှစ်ထားရှိတဲ့  Hot-Line ဖုန်းများဖြစ်တဲ့  ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက အသိပေးကြေညာထားပါတယ်။

 


Related posts

Cover
မြစ်ကြီးနားတွင် ဧရာဝတီ မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ ရေကြီးမှုဖြစ်ပွား၊  ပြည်သူများ ပိတ်မိနေပြီး  ကယ်ဆယ်ရေးအကူညီလိုအပ်နေ
Jul 01, 2024
Cover
လာမယ့် ၁၀ ရက်အတွင်း ဧရာဝတီမြစ်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ မြစ် များအလိုက်  မြစ်ရေ ၁ ပေမှ ၁၃ ပေအထိ မြင့်လာမည်ဟုမိုးဇလ ထုတ်ပြန်
Jul 01, 2024
Cover
တိုင်းနှင့်ပြည်နယ် ၅ ခုမှာ ရာသီဥတုပိုပူလာနိုင်
Apr 27, 2024
Cover
ဧပြီလအတွင်း တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် နေ့အပူချိန်မြင့်တက်လာနိုင်၊ စက်ရုံ အလုပ်ရုံလုပ်ငန်းခွင်အတွင်း အပူဒဏ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားရန်လိုအပ်
Apr 22, 2024
Cover
ငလျင်ဗဟုသုတနိုးကြားမှုက အားနည်းနေပါသေးတယ်။ Interview with Myanmar Labour News
Jul 10, 2022