NEWS

တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ အရှိန်ကြောင့် နေရာအနှံ့ မိုးကြီးမှု သတိပြုရန်လို

CoverLogo
600 Views
 
ဖိလစ်ပိုင် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ ( RAGASA) အရှိန်ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် တွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ စက်တင်ဘာ၂၂ရက် ညနေ ၄ နာရီ ထုတ်ပြန်ချက်အရသိရပါတယ်။
 
ထူးခြားတဲ့ မိုးလေဝသအခြေနေအရ ဖိလစ်ပိုင်မြောက်ပိုင်း ကျွန်းစုများကို ဖြတ်ကျော်လျက်ရှိတဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ ( RAGASA)ဟာ အနောက်ဘက်သို့ ရွေ့လျားလျက်ရှိကာ ၎င်းမုန်တိုင်းဟာ အနောက်ဘက်သို့ ဆက်လက်ရွှေ့လျားနိုင်ပြီး နောက်၂၄နာရီ အတွင်း တောင်တရုတ်ပင်လယ်ပြင်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းကြောင်း ထုတ်ပြန်ထားပါတယ်။
 
မနက်ဖြန်အထိခန့်မှန်းချက်အရ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်း ပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။
 
နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး ၎င်း မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တဲ့ အတွက် ကြိုတင်သတိပြုဖို့ ကိုလည်း မိုးဇလကအကြံပြုထားပါတယ်။

Related posts

Cover
အားကောင်းသော မုန်တိုင်းငယ် မွန်ပြည်နယ် ကျိုက်ထိုမြို့၏ တောင်ဘက်မှ စတင်ဖြတ်ကျော် အညိုအဆင့်သတိပေးချက် မိုးဇလ ထုတ်ပြန်
Sep 28, 2026
Cover
အနီရောင်အဆင့် မုန်တိုင်းငယ်  မော်လမြိုင် သုံးခွနှင့်ပဲခူးအနီးကို ဗဟိုပြုနေ
Sep 28, 2026
Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026