NEWS

အပူပိုင်းမုန်တိုင်း "ဘူအလွိုင်" ကြောင့် တိုင်းနှင့်ပြည်နယ်များတွင် အောက်တိုဘာ ၂ရက် အထိ မိုးကြီးနိုင်

CoverLogo
470 Views
 
ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့်လည်းကောင်း၊ ဖိလစ်ပိုင် ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောအပူပိုင်းမုန်တိုင်း“ဘူအလွိုင်”(BUALOI)မှ ပြတ်ထွက် လာတဲ့ တိမ်တိုက်များကြောင့်လည်းကောင်း စက်တင်ဘာ၂၆ ရက်ညနေမှ အောက်တိုဘာ ၂ရက်အထိ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကအထူးမိုးလေဝသသတင်းထုတ်ပြန်ကြေညာထားပါတယ်။
 
စက်တင်ဘာ၂၇ ရက် မနက်၁၀နာရီခွဲ တိုင်းတာချက်အရ ဖိလစ်ပိုင်ပင်လယ်ပြင်အနောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော အပူပိုင်းမုန်တိုင်း“ဘူအလွိုင်”(BUALOI)အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားပြီး တိုင်ဖွန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်ကာ ၄၈ နာရီ အတွင်း ဗီယမ်နမ်မြောက်ပိုင်း ကမ်းခြေဒေသများ ကို အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း“ဘူအလွိင် အဖြစ်လည်းကောင်း နောက် ၇၂နာရီ အတွင်း လာအိုနိုင်ငံ ကို အပူပိုင်းမုန်တိုင်းငယ်အဖြစ်ဖြတ်ကျော်မယ်လို့ မိုးဇလ က ထုတ်ပြန်ထားပါတယ်။
 
မုန်တိုင်းအရှိန်ကြောင့်​တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှာ နေရာအနှံ့ မိုးထစ်ချုန်းရွာခြင်း၊ နေရာကွက် ပြီး မိုးကြီးခြင်း တွေ ဖြစ်ပေါ်နိုင်ကာ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တိုမှာတော့ မိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းတာကြောင့် မိုးတိမ်တောင်ရွေ့လျားရာနေရာ တစ်လျှောက် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့မိုးသီးကြွခြေင်း စတာတွေ ဖြစ်ပေါ်နိုင်တဲ့ အတွက် ကြိုတင်သတိပြုဖို့ သတိပေးထားပါတယ်။
 
ဒါ့အပြင် မိုးသည်းထန်စွာရွာသွန်းခြင်းရေကြီးခြင်းနှင့် မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တဲ့ အတွက် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိင်ရန် နဲ့ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်တာတွေ ကြိုတင်ပြင်ဆင် ထားဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးနှိုးဆော်ထားပါတယ်။

Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026