NEWS

စစ်တောင်း၊ ပဲခူး၊ သံလွင်နှင့်ဘီလင်းမြစ် တို့ ၆နာရီမှ ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်ရောက်ရှိမည်ဟု မိုးဇလ အသိပေး

CoverLogo
151 Views
 
စစ်တောင်းမြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်နဲ့ ဘီးလင်းမြစ်တို့ဟာ လာမယ့် ၆နာရီကနေ ၃၆နာရီ အတွင်း သက်ဆိုင်ရာ မြို့နယ်တွေရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာမယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှစက်တင်ဘာ၂၄ရက် မနက်၇နာရီမှာ ထုတ်ပြန်ပါတယ်။
 
ယနေ့မနက်၆နာရီ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၂လက်မခန့်ရှိပြီး လာမယ့် ၆နာရီအတွင်းမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ အသိပေးထားပါတယ်။
 
ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၄ပေခွဲခန့်မှာရှိပြီး လာမယ့် ၂၄နာရီအတွင်းစိုးရိမ်ရေမှတ်ကိုရောက်နိုင်သလို သံလွင်မြစ်ရေဟာလည်း ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ပေခန့်မှာရောက်ရှိနေပြီး ၂၄နာရီအတွင်းစိုးရိမ်ရေမှတ်ကိုရောက်ရှိနိုင်မယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့ရဲ့စိုးရိမ်ရေမှတ်အောက် ၃ပေခန့်မှာရှိနေပြီ လာမယ့်၃၆နာရီ အတွင်း စိုးရိမ်ရေမှတ်ကိုရောက်လာမှာဖြစ်လို့ တောင်ငူမြို့နယ်၊ ပဲခူးမြို့နယ်၊ ဘားအံမြို့နယ်နဲ့ဘီးလင်းမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီး၊ မြေနိမ့်ပိုင်းနေထိုင်သူတွေ အနေဖြင့် ကြိုတင်သတိပြုဖို့ မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတိပေးနှိုးဆော်ထားပါတယ်။
 
လက်ရှိမှာ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ(RAGASA)အရှိန်ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်တွေမှာ မိုးရွာသွန်းမှုများလျက်ရှိပါတယ်။
 
အခုလိုမိုးရွာသွန်းမှု များတဲ့ အတွက် အချို့နေရာဒေသတွေမှာ ရေကြီးရေလျံတာတွေ ဖြစ်ပေါကာ ဒေသခံ ပြည်သူတွေ ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းနေထိုင်လျက်ရှိပါတယ်။

Related posts

Cover
ရန်ကုန်တွင် ဘွဲ့ရသူ စာရင်းကောက်ယူနေ၍ ပြည်သူတွေစိုးရိမ်နေ
Dec 23, 2025
Cover
အမျိုးသမီး ၉ ဦးကို ပြည့်တန်ဆာ အဖြစ် ခိုင်းစေကာ ငွေကြေးအကျိုးမြတ် ခေါင်းပုံဖြတ်သူများကို လူကုန်တားဥပဒေဖြင့် အရေးယူ
Dec 18, 2025
Cover
NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်
Nov 30, 2025
Cover
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ် တော်နေရာ အတွက် ရွေးကောက်ပွဲဝင်ပြိုင်
Nov 30, 2025
Cover
နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာပြုလုပ်မှု စိစစ်တင်းကြပ်
Nov 30, 2025
Cover
နိုဝင်ဘာ တတိယ ၁၀ ရက် ပတ်အတွင်း လာနီညာ ဖြစ်ပေါ် နိုင်ဟု မိုးဇလအသိပေး
Nov 21, 2025
Cover
ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025