NEWS

လုပ်ငန်းခွင်ထဲမှာ စတုတ္တအကြိမ်မြောက် ဖွဲ့စည်းထားတဲ့ သမဂ္ဂဥက္ကဌပါ အဖွဲ့ဝင် ၄ ဦးအလုပ်ထုတ်ခံရ

CoverLogo
1.5K Views

အာဏာသိမ်းစစ်ကောင်စီက အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးထားတယ်လို့ ကြေညာထားပေမယ့် လုပ်ငန်းခွင်ထဲမှာ သမဂ္ဂဖွဲ့စည်းတိုင်း အလုပ်ထုတ်ခံရလို့ အခုအကြိမ် သမဂ္ဂအဖွဲ့ကို ဖြိုခွင်းခံရတာ  ၄ ကြိမ်မြောက်ရှိပြီလို့ Top Line စက်ရုံက အလုပ်သမားတွေကပြောပါတယ်။

"အလုပ်ထုတ်ခံရတာက သမဂ္ဂခေါင်းဆောင်တွေပေါ့  ဥက္ကဌအပါ အဖွဲ့ဝင် ၃ ယောက်နဲ့ ပေါင်း ၄ ယောက်စလုံးကိုထုတ်လိုက်တယ် ထုတ်တဲ့နေရာမှာ နစ်နာကြေးတွေပေးမယ်ပြောတာ ဒါက စက်ရုံမှာ ၄ ဆက်မြောက်သမဂ္ဂဖြစ်သွားပြီပေါ့ ၆ လလောက်ပဲကြာသေးတယ် ရှေ့ကအဖွဲ့အထုတ်ခံရတာ ဟိုတနေ့က ခေါ်ပြီးညှိတယ်တော့ ပြောတယ် ညှိမရလို့ အလုပ်တန်းထုတ်လိုက်တာ"လို့ အမည်မဖော်လိုတဲ့အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

ရန်ကုန် လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် မှာဖွင့်လှစ်ထားတဲ့ အဆိုပါ စက်ရုံမှာ အဓိကအနေနဲ့  Selene, SMOG စတဲ့အမှတ်တံဆိပ် အတွင်းခံအထည်တွေကို ချုပ်လုပ်တင်ပို့နေတာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင်ဖြစ်တယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

ယင်းကဲ့သို့ အလုပ်သမားအဖွဲ့အစည်း ဥက္ကဌ အပါ ၄ ဦးကို အလုပ်ထုတ်တာဟာ စက်ရုံမှာအော်ဒါနည်းနေတာကြောင့် လို့ စက်ရုံဘက်က အကြောင်းပြပေမယ့် အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကတော့ သက်ဆိုင်ရာရုံးတွေကို တိုင်ကြားကာ အလုပ်ပြန်ရသည့်အထိ ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။

အဆိုပါ လုပ်ငန်းခွင်မှာ ဉရောပ အမှတ်တံဆိပ်အထည်တွေကို ချုပ်လုပ်တာဖြစ်ပေမယ့် လုပ်သား ၆၀၀ မှာ ၃၀၀ က နေ့စား အဖြစ်လုပ်ကိုင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

"နေ့စားတွေကို ဘယ်တော့မှ လစားအဖြစ်မခန့်ပေးနိုင်ကြောင်းအတင်းအကြပ်လက်မှတ်လိုက်ထိုးခိုင်းထားပါတယ်"လို့ အမည်မဖော်လိုတဲ့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ ဥပဒေပါအခွင့်အရေးတွေဖြစ်တဲ့ ခွင့်ခံစားခွင့်တွေ လည်း ရရှိတာအားနည်းနေပြီး အလုပ်အကိုင်ရှားပါးမှုတွေကြောင့် လုပ်ကိုင်နေရပေမယ့် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့  အလုပ်သမားတွေကပြောဆိုပါတယ်။ 


Related posts

Cover
SEN YU စက်ရုံအလုပ်သမားများ အလုပ်ပိတ်ရက် ဒေးကြးပေးဖို့ အပါအဝင် အချက် ၆ ချက် တောင်းဆိုထား
Apr 25, 2025
Cover
GTP Goldan Theparerg အထည်ချုပ် မန်နေဂျာမှ ခြိမ်းခြောက် အလုပ်ထုတ်
Apr 25, 2025
Cover
SEN YU စက်ရုံတွင် အလုပ်ဆင်းရက် နှင့်အလုပ်ပိတ်ရက် ဒေးကြေးတန်းတူပေးရန် တောင်းဆိုနေ
Apr 24, 2025
Cover
သုံး ရက်အတွင်း မြန်မာရွှေ့ပြောင်း လုပ်သား ၅၀ နီးပါး တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ
Apr 24, 2025
Cover
XING YUAN (Myanmar) အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို ခိုင်းစေ
Apr 24, 2025
Cover
ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ မြန်မာလုပ်သား ၉၀ကျော် အလုပ်ထုတ်ခံရ
Apr 23, 2025
Cover
ကယ်ရီမောင်းနှင်များထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျပ် ငါးသောင်းမှ ကျပ် ရှစ်သောင်းအထိ ထောင်းယူ
Apr 23, 2025
Cover
Golden Colour Fashion သမဂ္ဂဝင်အလုပ်သမား၄ဦး ဖမ်းဆီးခံရ
Apr 23, 2025