NEWS

ကယ်ရီမောင်းနှင်များထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျပ် ငါးသောင်းမှ ကျပ် ရှစ်သောင်းအထိ ထောင်းယူ

CoverLogo
639 Views
 
ဆိုင်ကယ်ကယ်ရီတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မတရား ဖမ်းဆီးပြီး ကျပ် ငါးသောင်းကနေ ကျပ် ရှစ်သောင်းအထိ တောင်းယူနေတယ်လို့ ကယ်ရီလုပ်သားတွေက ပြောပါတယ်။ လက်ရှိ ပဲခူး၊ မှော်ဘီ၊ လှိုင်သာယာမြိုနယ်၊ ရွှေပြည်သာမြိုနယ်၊ ဒဂုံမြိုသစ်တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ ဒဂုံဆိပ်ကမ်း စတဲ့ မြိုနယ်တွေမှာ ဆိုင်ကယ်ကယ်ရီတွေ ပြေးဆွဲပြီနေပြီး စစ်ကောင်စီ တပ်သားတွေရဲ့ ဖမ်းဆီးမှုတွေလည်း အဲဒီမြို့နယ်တွေမှာ ပိုမိုများပြားတယ်လို့ ဒေသခံတွေက ပြောကြားပါတယ်။
“ အခုက မတရားကိုဖမ်းလာတာ။ ကင်းလှည့်ရင်းနဲ့ အပြစ်မရှိ အပြစ်ရှာဖမ်းတယ်။ ကယ်ရီဂိတ် ယူနီဖောင်းစုတ်လို့ ဆိုပြီးဖမ်း တယ်။ ငါးသောင်းပေးလိုက် ရတယ်။ တနေ့ နှစ်သောင်းခွဲရဖို့ ညပိုင်းအထိ ဆွဲရတာ။ အမြဲလည်း ရမနေဘူး။ ဆီဖိုး၊ ဂိတ်ကြေးနဲ့ဆို မိသားစုအတွက် ဘာမှ မကျန်တော့ အခက်အခဲ ဖြစ်တာပေါ့” လို့ ကိုယ်တိုင်ကြုံတွေ့သူ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ဧပြီ ၁၇ရက်က မြောက်ဥက္ကလာပမြိုနယ် မယ်လမုဘုရားအနီးမှာ နှစ်ဘီးဆိုင်ကယ်တွေနဲ့ ကယ်ရီဆိုင်ကယ်တွေကို ဖမ်းဆီးခဲ့သလို ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ်မှာ ဆိုင်ကယ်ကယ်ရီတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး ကျပ် ၈သောင်းတောင်းယူ ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
“နယ်ကျော်ရင်လည်း ဖမ်းတယ်။ ကယ်ရီအင်္ကျီမဝတ်ရင်လည်း ဖမ်းတယ်။ ဆိုင်ကယ်အမိုး တပ်ထားလည်း ဖမ်းတယ်။ သူတိုကင်းလှည့်တဲ့ ဆိုင်ကယ်တန်းနဲ့တွေ့မှာကို ကြောက်နေရတာ။ ဖမ်းတာနဲ့ ငါးသောင်းက အနည်းဆုံးပဲ။ ရှစ်သောင်း အထိပေးရတယ်။ ထမင်းစားနေတဲ့ ပစ္စည်းဆိုတော့ အသိမ်းလည်း မခံနိုင်ဘူး။ တခါလောက်အဖမ်းခံရတာနဲ့ ငါးရက်လောက် ပြန်ရှာရတာ။ ပဲခူး၊ မှော်ဘီ ဘက်တွေလည်း ဒီလိုပဲ။” လို့ တောင်ဒဂုံမြိုန့ယ်က ဆိုင်ကယ် ကယ်ရီလုပ်သားတစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးချိန့်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေရဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးသိမ်းယူတာ၊ ငွေကြေးနဲ့ ရွေးယူခိုင်းတာ ပြုလုပ်ခဲ့သလို ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ကလည်း ကယ်ရီအင်္ကျီနဲ့ နံပါတ်တွေ အတင်းအကျပ် ပြုလုပ်ခိုင်းတာ၊ အတင်းအကျပ် ငွေကြေးကောက်ခံတာပြုလုပ်နေတယ်လို့ ကယ်ရီလုပ်သားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026