NEWS

အာဏာသိမ်းမှု့အောက် မြန်မာနိုင်ငံ COVID-19 ကပ်ရောဂါတတိယလှိုင်းကာလအလုပ်သမားများ၏ဘဝအစီရင်ခံစာထုတ်ပြန်။

CoverLogo
957 Views

အာဏာသိမ်းမှု့အောက်မြန်မာနိုင်ငံ COVID-19 ကပ်ရောဂါတတိယလှိုင်းကာလအလုပ်သမားများ၏ဘဝအစီရင်ခံစာကို လွတ်မြောက်ရေးနှင့်အလုပ်သမားအရေးဆောင်ရွက်လှုပ်ရှားသူများအဖွဲ့(Freedom and Labor Action Group)က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါအစီရင်ခံစာထဲမှာအာဏာသိမ်းမှု့ဖြစ်ပြီးနောက်ပိုင်းအကာအကွယ်ပေးမှု့မဲ့နေတဲ့အလုပ်သမားတွေရဲ့အခြေအနေအကြောင်းအရာတွေကိုဖော်ပြထားတယ်လို့သိရပါတယ်။

"လက်ရှိအခြေအနေမှာအလုပ်ရှင်တွေဖက်ကအလုပ်သမားတွေနဲ့ချုပ်ဆိုထားတဲ့ စာချုပ်တွေကိုဖောက်ဖျက်ပြီးလုပ်နေတာတွေရှိတယ် ပြီးတော့အလုပ်သမားတွေရဲ့အခက်အခဲတွေကိုဖြေရှင်းဆောင်ရွက်ပေးမှု့မရှိတာတွေရှိနေတယ် အလုပ်သမားတွေကတော့လက်တွေ့မှာပဲ တောင်းဆိုတိုက်ပွဲဝင်နေကြရတာပဲ ဥပဒေအရလဲဘာအကာအကွယ်ပေးမှု့မှမရှိတော့ဘူး ဒါတွေဟာစစ်အာဏာသိမ်းမှု့ကြောင့်ဖြစ်ရတာပဲ"လို့အစီရင်ခံစာထုတ်ပြန်တဲ့ FLAG အဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်။

အထက်ပါအစီရင်ခံစာဟာ ရန်ကုန်တိုင်းအတွင်းကစက်မှု့ဇုန်တွေနဲ့ ပုသိမ်စက်မှု့ဇုန်ကအလုပ်သမားပေါင်း ၃၃၀ ခန့်ကိုမေးမြန်းရေးသားထုတ်ပြန်ခဲ့တာဖြစ်ပြီးမြန်မာ့အလုပ်သမားတွေရဲ့အခြေအနေကိုကမ္ဘာ့အဖွဲ့အစည်းတွေသိရှိဖို့ရည်ရွယ်ထုတ်ပြန်တာဖြစ်တယ်လို့သိရပါတယ်။

 


Related posts

Cover
အိုမန်မှ ပေးစာ
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
မကွေးအကျဉ်းထောင် ပစ်ခတ်မှုကြောင့် အကျဉ်းသား ၂ဦးသေဆုံး
Apr 19, 2025
Cover
GYSEN (Myanmar) အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ
Apr 12, 2025
Cover
၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ
Apr 11, 2025
Cover
Golden Colour Fashion အလုပ်သမားတွေကို ဖိအားပေးလက်မှတ်ထိုးခိုင်း
Apr 11, 2025
Cover
Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း
Apr 11, 2025
Cover
စကြာမင်းတိုင်းရင်းဆေးစက်ရုံကို အလုပ်သမားရုံးကဝင်ရောက်စစ်ဆေးပြီးနောက် ကျူးလွန်သူတွေကို ရာထူးချ အရေးယူခဲ့
Apr 10, 2025