NEWS

စကြာမင်းတိုင်းရင်းဆေးစက်ရုံကို အလုပ်သမားရုံးကဝင်ရောက်စစ်ဆေးပြီးနောက် ကျူးလွန်သူတွေကို ရာထူးချ အရေးယူခဲ့

CoverLogo
518 Views
 
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ ဝန်းထဲက စကြာမင်းတိုင်းရင်းဆေးစက်ရုံမှာ အမှိုက်စွန့်ပစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသမီးအလုပ်သမားအားလုံးကို တစ်ဦးချင်း လုံချည်လှန်ပြီး ဓမ္မတာ လာ၊ မလာ စစ်ဆေးခံခဲ့ရတဲ့အပေါ်အလုပ်သမားရုံးက ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါစက်ရုံဟာ စကြာမင်းဆေးတိုက်ရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ယင်းတို့ရဲ့ လုပ်ရက်အပေါ် ပြည်သူလူထုက ရှုံ့ချတဲ့စကားလုံးတွေနဲ့ စကြာမင်းကိုသပိတ်မှောက်ဖို့ အများပြည်သူကဝိုင်းဝန်းပြောဆိုမှုတွေကြောင့် စကြာမင်းဆေးတိုက်က လူမှုကွန်ရက်စာမျက်နှာ စာမျက်နှာ တွေကိုယာ ယီပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။
 
အဲ့ဒီနောက် ရဲတပ်ဖွဲ့ဝင်ရောက်စစ်ဆေးခဲ့ပြီး သတင်းမှားဖော်ပြခံရမှုနဲ့သာ ရဲစစ်ဆေးမှုပြီးဆုံးငြိမ်သက်သွားကာ အလုပ်သမားရုံးကတော့ ဧပြီ ၁ ရက်နေ့မှာ ဝင်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
 
"အလုပ်သမားရုံးကလာစစ်သွားတယ်။ အလုပ်သမားတစ်ယောက်ချင်းစီကိုစာရွက်ပေါ်ချရေးခိုင်းပြီးစစ်တာ။ အမှန်တိုင်းဖြေပါ ဘယ်သူ့မှကြောက်စရာမလိုဘူးဆိုပြီးဖြေခိုင်းလို့ အလုပ်သမားတွေအကုန်ကျေနပ်ခဲ့ရတယ်။ အဲ့နောက်အထဲမှာပဲ စစ်ဆေးရေးကော်မတီဖွဲ့ပြီး စစ်ဆေးတယ်။ စစ်တော့စက်ရုံချိုး ဖောက်မှုတွေရော ခုဒီကိစ္စရော အကုန်ဖြေဆိုခွင့်ရကြတယ်။ စက်ရုံမှူးကဝင်လာတယ်။ စစ်ဆေးနေတဲ့အထဲကို အလုပ်သမားရုံးကလူတွေက ဝင်လာလို့မရဘူးဆိုပြီးထွက်ခိုင်းတော့ ပြန်ထွက်သွားရတယ်။ အဲနောက် စကြာမင်းက
 
ကအလုပ်သမားတွေကိုပြော တယ်။ သူတို့ကစည်းကမ်းမဲ့အမှိုက်ပစ်လို့ခုလိုစစ်ဆေးရတာမို့ သူတို့ရဲ့ရည်ရွယ်ချက်ကမှန်တယ်တဲ့ ။ ဒါပေမဲ့အလုပ်သမားတွေမကျေနပ်ရင် သူတို့ကိုအရေးယူပေးမယ် အလုပ်သမားတွေကိုတောင်းပန်စာလည်း ထုတ်မယ်ဆိုတော့ အလုပ်သမားတွေကကျေနပ်သွား တယ်။ စစ်ဆေးခဲ့တဲ့သူတွေကို ရာထူးတစ်ဆင့်စီလျှော့ ချပြီးအရေးယူတယ်" လို့ အလုပ်သမားနဲ့နီးစပ်သူက ဆိုပါတယ်။
အဲဒီလိုစစ်ဆေးရာမှာစက်ရုံရဲ့အိမ်သာအမှိုက်ပုံးနဲ့အလုပ်သမားတွေကိုပါဝင်ရောက်စစ်ဆေးရာ ကလေးလုပ်သားခန့်အပ်ထားတာကိုလည်းတွေ့ရှိခဲ့ပြီး စက်ရုံဘက်ကလည်းအဲဒီနေ့ကတည်းက ညနေ ၅နာရီအလုပ်ဆင်းပေးကာ သင်္ကြန်ပိတ်ရက် ၂ရက်ပိတ်ပေးရင်းကနေ ၁၀ ရက်အထိ ပြန်ပိတ်ပေးမယ်ဆိုခဲ့သလို အလုပ်သမားအသစ်တွေကိုလည်း EC စာချုပ်တွေ ပြန်လည်ချုပ်ဆို ပေးခဲ့တယ်လို့ သိရပါတယ်။
 
သို့ပေမဲ့ ဧပြီ ၂ရက်နေ့မှာတော့ စကြာမင်း ဘက်က အလုပ်သမားတွေကိုတောင်းပန်စာမထုတ်ပြန်ခဲ့ဘဲ စုံစမ်းစစ်ဆေးရေးကော်မတီရဲ့စစ်ဆေးတွေ့ရှိချက်နဲ့ အရေးယူပေးဖို့တောင်းဆိုချက်အရ စက်ရုံမှူးတစ်ယောက် လက်ထောက်မန်နေဂျာ၊ စူပါဗိုက်စာတစ်ယောက်နဲ့ လက်ထောက်စူပါဗိုက်စာ တစ်ဦး စုစုပေါင်း ၅ဦးကို ၃လတိတိ ရာထူးတစ်ဆင့်ချလိုက်တယ်လို့သာထုတ်ပြန်သလို ဝန်ထမ်းတွေအနေနဲ့ယခုလိုစည်းကမ်းဖောက်ဖျက်မှုမဖြစ်စေဖို့ တာဝန်သိစိတ်ဖြင့်လိုက်နာဖို့စာကိုသာ စက်ရုံတွင်းမှာ ထုတ်ပြန်ကြေညာ
ခဲ့တာလို့ သိရပါတယ်။
 
အဲဒီလိုထုတ်ပြန်ကြေငြာပြီးနောက် ၎င်းတို့ရဲ့လုပ်ရက်အပေါ် ပြည်သူလူထုက ရှုံ့ချတဲ့စကားလုံးတွေနဲ့ စကြာမင်းကိုသပိတ်မှောက်ဖို့ အများပြည်သူကဝိုင်းဝန်းပြောဆိုမှုတွေကြောင့် ခေတ္တယာယီပိတ်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို ပြန်လည်ဖွင့်လှစ်အသုံးပြုနေပြီလို့သိရပါတယ်။
 
အဆိုပါစကြာမင်းစက်ရုံမှာ အမျိုးသမီးအလုပ်သမားအားလုံး ၄၀ ကျော်ရှိတာဖြစ်ပြီး အလုပ်သမားအားလုံးကို တစ်ဦးချင်းစီ လုံချည်လှန်ပြီး အတွင်းခံမှာ ဓမ္မတာ လာ၊ မလာကို ကြည့်ရှု့ စစ်ဆေးခဲ့တာဖြစ်သလို စစ်ဆေးသူဟာ အမျိုးသမီးဖြစ်ပေမဲ့လည်း CCTV တပ်ဆင်ထားတဲ့နေရာမှာစစ်ဆေးခံခဲ့ရတာကြောင့် ကျေနပ်မှုမရှိတဲ့ အလုပ်သမားတွေက သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အရေးယူပေးစေဖို့ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။
 
အဆိုပါစက်ရုံက စကြာမင်းတိုင်းရင်းဆေးထုတ်လုပ်တာဖြစ်သလို ဆေးကုခန်းလည်းထားရှိထားပြီး စကြာမင်းကျီးပေါင်းဆေး၊ အားတိုးဆေး၊ အကြောဆေးတဲ့ တိုင်းရင်းဆေးတွေကို ထုတ်လုပ်တာလည်းဖြစ်ပြီး My Water ရေသန့်လည်းထုတ်လုပ်ဖြန့်ဖြူးနေတာဖြစ်ပါတယ်။

Related posts

Cover
Golden Maple Leaf Myanmar အထည်ချုပ် လုပ်သားများ အလုပ်ချိန်တွင် စစ်မှုထမ်း စုဆောင်းခံရ
Feb 26, 2026
Cover
Hige Fashion Accessories Myanmar စက်ရုံ ကိုယ်ဝန်ဆောင် အလုပ်သမားအား အလုပ်ထုတ်
Feb 26, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026