NEWS

Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း

CoverLogo
874 Views
ကျွန်တော်က Alpine သောက်ရေသန့်က ဝန်ထမ်းပါ။
သင်္ကြန်ငါးရက်(အကြို၊အကျ၊အကြတ်၊အတက်၊နှစ်ဆန်းတရက်)ကို ဖိအားပေးပြီး အချိန်ပို ဆင်းခိုင်းနေလို့ပါ။
ဘယ်ကို အကူအညီတောင်းလို့ ရနိုင်လဲ ။
ဒီ ဧပြီလ ရဲ့ တနင်္ဂနွေနေ့ကလဲ အချိန်ပိုဆင်းပေးထားပါတယ်။
သင်္ကြန်ငါးရက်ကိုလဲ အချိန်ပိုဆင်းဖို့ဖိအားပေးနေတာပါ။
အချိန်ပိုမဆင်းရင် နောက်ပိုင်း လစာတိုးတာ ရာထူးတိုးတာတွေကို ခံစားခွင့်မရှိဘူးလို့ ဖိအားပေး နေတာပါ။
ဝန်ထမ်းတွေက နယ်ကလူတွေများတော့ တချို့ဆို ပိတ်ရက်ပြန်ဖို့ ကားလက်မှတ်တွေတောင်
ဝယ်ပြီးနေပါပြီ။
ဝန်ထမ်းတွေတော်တော် အခက်တွေ့ နေလို့ပါ။
အချိန်ပို OT ဆင်းဖို့ အလုပ်သမားရုံးကို အလုပ်ဆင်းပေးဖို့လက်မှတ် တင်တော့လည်း
ဧပြီ ၁၈၊ ၀၁၉၊ ၂၀၊ ၂၁ ရက်တွေနဲ့ ရောပြီး သင်္ကြန်ပိတ်ရက်ဆိုပြီး ခေါင်းစဉ်နဲ့ လက်မှတ်ထိုး ခိုင်းခဲ့ပါတယ်။
OT မဆင်းရင် အလုပ်ပြုတ်မှာကြောက်လို့ ဝန်ထမ်းများ အခက်အခဲတွေ့ နေလို့ပါ။
မြန်မာအလုပ်သမား အားလုံးရဲ့အိပ်မက်ဟာ သင်္ကြန်ပိတ်ရက်ပါပဲ။
တနှစ်လုံးပင်ပန်းသမျှ ဒီပိတ်ရက်ရှည်မှာပဲ ပြည့်ပြည့်ဝဝ အနားယူရတာ ပါ။ ကျေးဇူးပြုပြီး ကူညီပေးပါ။
အဓိကဖိအားပေးနေတာတော့ သူဌေးပါပဲ။
သူ့ကို မလွန်ဆန်နိုင်တဲ့ မန်နေဂျာ၊စက်ရုံမှူးများကလဲ အလုပ်ဆင်းဖို့ ထက်အောက် ဖိအားပေးနေတာပါ။
မြန်မာပြည်သူဝန်ထမ်းများ အခက်အခဲတွေ့နေချိန်မှာ အလုပ်သမားများဘက်မှ ထောက်ခံတဲ့ Media တခုမလို့ Myanmar Labour News ကို ယုံကြည်ပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026