NEWS

မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ

CoverLogo
438 Views

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Jalan imbi ဧရိယာမှာရှိတဲ့  နိုင်ငံခြားသားအလုပ်သမားအများဆုံးရှိတဲ့ နေရာတွေကို   ဧပြီ ၁၇ ရက် ညက မလေးရှား အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးမှုပြုလုပ်ရာ မြန်မာအပါအဝင် အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသား လုပ်သား ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန JIM ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ 

 

ဖမ်းဆီးခံရသူ စာရင်းတွေအရ မြန်မာအလုပ်သမား ၄၆ဦး၊  ဘင်္ဂလားဒေ့ရှိ ၁၆၅ ဦး၊ နီပေါ ၁၄၂ ဦး၊ အင်ဒိုနီးရှား ၁၀၉ ဦး၊ ၊ အိန္ဒိယ ၂၅ ဦးနှင့် သီရိလင်္ကာ ၁၉ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။ 

 

အဖမ်းရတဲ့ နိုင်ငံခြားသား လုပ်သား ၅၀၆ဦး တွင် အမျိုးသား ၄၄၈ ဦးနဲ့ အမျိုးသမီး ၅၈ဦး ဖြစ်ကာ အသက် ၂၅နှစ်မှ ၆၅နှစ်ကြား ရှိ သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ 

 

"အခုနေရာက စက်ရုံ အလုပ်ရုံတွေနီးတော့ နိုင်ငံခြားသားလုပ်သားတွေ တိုက်ခန်းငှားပြီး နေကြတာ များတယ်  အထောက်အထားမပြည့်စုံတဲ့ အိုသမားတွေလည်း များတယ် မြန်မာအလုပ်သမားတွေ လည်း အဲ့နေရာမှာ များတယ်  မလေးရှား မှာက နေ့တိုင်း အဖမ်းဆီးက ရှိနေတာ အထောက်အထားမပြည့်စုံ တဲ့ သူတွေ ဆိုရင် အလုပ်သွားဖို့ အဖမ်းဆီးသတင်းအရင် လေ့လာပြီးမှ သွားရတယ် အဖမ်းဆီး ကြောင့် အလုပ်ပုံမှန် မသွားနိုင်တော့ စားဖို့ နေဖို့နဲ့ မိသားစုကို ပြန်ပို့ပေးဖို့ကို မလွယ်ကူကျတော့ဘူး  ကိုယ့်နိုင်ငံ က လည်း မငြိမ်းချမ်းသေးတော့ ဒီမှာပဲ အဆင်ပြေသလို ရသလို နေရတာပဲ ကံမကောင်းလို့ အဖမ်းခံရ တော့လည်း ဖမ်းပေါ့ ဆိုတဲ့ စိတ်နဲ့ လုပ်နေရတာ""လို့ မလေးရှားရောက် မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။ 

 

မလေးရှားအစိုးရ အနေနဲ့    အထောက်အထားစာရွက်စာတမ်း မရှိတာ၊  မှန်ကန်တဲ့ အထောက်အထားစာရွက်စာတမ်း ကိုင်ဆောင်မထားတဲ့  နိုင်ငံခြားသားလုပ်သားတွေ ကို   လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့  ဖမ်းဆီးအရေးယူတာ ကို ယခုနှစ်ကုန်ပိုင်းအထိ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 

 

မလေးရှား အစိုးရ က မြန်မာအပါအဝင် တရားဝင် နိုင်ငံခြားသား လုပ်သားသစ်ခေါ်ယူမှု ကို ၂၀၂၄ ခုနှစ် ဧပြီ လကုန် ပိုင်းကစပြီး ယာယီရပ်နားခဲ့တဲ့ အတွက် မြန်မာလုပ်သားတွေ အနေနဲ့  မလေးရှား နိုင်ငံကို တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်တာတွေ ပိုများလာတယ်လို့ သိရပါတယ်။ 

 

Photo-JIM


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026