အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ကိုဖြိုးဇေယျာသော်ကိုဒီကနေ့ညနေပိုင်းမှာပဲရန်ကုန်မြို့တနေရာမှာစစ်ကောင်စီတပ်တွေရဲ့ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့သိရပါတယ်။
ဘယ်နေရာနဲ့ဘယ်လိုဖမ်းဆီးခံလိုက်ရတယ်ဆိုတာကိုတော့ Myanmar Labour News အနေနဲ့ယခုအချိန်အထိသီးခြားအတည်ပြုချက်ရယူနိုင်ခြင်းတော့မရှိသေးပါဘူး။
ဒီကနေ့ညနေပိုင်း၃နာရီကျော်လောက်မှာစစ်ကောင်စီတပ်တွေအင်အားရာဂဏန်းနီးပါးနဲ့ဝင်စီးခဲ့တဲ့ရန်ကုန်မြို့ဒဂုံဆိပ်ကမ်းမြို့နယ်ထဲကရတနာနှင်းဆီအိမ်ရာထဲမှာဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့လဲသတင်းတွေထွက်ပေါ်နေပါတယ်။
ကိုဖြိုးဇေယျာသော်ဟာဒီရက်ပိုင်းအတွင်းအမျိုးသားညီညွတ်ရေးအစိုးရကပြုလုပ်တဲ့meetingတွေကိုတက်ရောက်ခြင်းမရှိဘူးလို့တော့NUGအသိုင်းအဝိုင်းဖက်ကအတည်ပြုထားပါတယ်။
ကိုဖြိုးဇေယျာသော်ကို Yangon Urban Guerilla-YUG အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဝေဖြိုးဟန် ကို ရန်ကုန်တိုင်း PDF အဖွဲ့များခေါင်းဆောင်တွေအဖြစ် စစ်ကောင်စီဖက်ကသူတို့ပိုင်ရုပ်သံတွေမှာဝါဒဖြန့်ထုတ်လွှင့်နေတာတွေရှိနေခဲ့ပါတယ်။