မေရိကန်နိုင်ငံသား ဂျာနယ်လစ်တဦးဖြစ်တဲ့ Frontier Myanmar ၏ မန်းနေဂျင်းအယ်ဒီတာ ဒန်နီရယ်ဖန်စတာ ကို အမှုသုံးမှုအတွက် စစ်ကောင်စီမှ ဒဏ်ငွေ ၁ သိန်းနှင့် ထောင်ဒဏ် ၁၁ နှစ်ကျခံစေရန် အပြီးသတ်အမိန့် ချမှတ်လိုက်ပါတယ်။
Danny Fenster ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅−က၊ မတရားအသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မ၁၇(၁)၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပါ ပုဒ်မ ၁၃ (၁)တို့ဖြင့် စစ်ကောင်စီက တရားစွဲဆိုခဲ့တာဖြစ်ပြီး အင်းစိန်ထောင်မှာ ၆ လကြာ အကျဥ်းချထားတာလည်းဖြစ်ပါတယ်။
ဆက်လက်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) ပုဒ်မတွေနဲ့ ထပ်မံ၍ အမှုဖွင့်ထားပါသေးတယ်။
#MyanmarLabourNews