မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ယမ်းပျံ ကျေးရွာထိပ် (အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း)ရေဆိုးထုတ်မြောင်း ဆောက်လုပ်ရေးဆိုဒ် ဧရိယာအတွင်း ကာရံထားသော တာကျိုးပေါက်မှုဖြစ်ပွားပြီး အလုပ်သမား ၇ ဦး ရေနစ်ပျောက်ဆုံးတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထံ က သိရပါတယ်။
ဇူလိုင်လ ၁၄ ရက် မနက်၈နာရီ၁၅ မိနစ် ခန့်က အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း)မှာ
ရေဆိုး ထုတ်ပြွန်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေစဉ် သဲဖြင့်ကာရံထားတဲ့ တုတ်မှ ရေများဝင်ရောက်လာပြီး လုပ်ငန်းဆောင်ရွက်နေတဲ့ အလုပ်သမား ၁၀ ဦး အနက် မှ ၇ ဦးမှာ ရေနစ် ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ယင်း ရေဆိုးထုတ်မြောင်းအတွင်း ပိတ်မိလျက်ရှိတဲ့ (၇)ဦး ကို မြို့တော်စည်ပင်သာယာရေးဝန်ကြီး၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ဒုတိယတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူး၊ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များနဲ့ လူမှုကူညီရေးအသင်း အဖွဲ့ဝင်များမှ ကယ်ဆယ်ထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
ယခု ဖြစ်စဉ်ဟာ လုပ်ငန်းခွင် သီးသန့် တာရေဝင်ရောက်တာ ဖြစ်ပြီး အခြားသော လူနေရပ်ကွက်တွေကို ရေဝင်ရောက်မှုမရှိဘူးလို့ သိရပါတယ်။