NEWS

သုံး ရက်အတွင်း မြန်မာရွှေ့ပြောင်း လုပ်သား ၅၀ နီးပါး တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ

CoverLogo
48 Views
 
ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၅၀နီးပါး ဖမ်းဆီးခံရတယ်လို ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
 
ဧပြီလ ၂၁ရက် ညပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွှန်ဖော်ခရိုင် ၊အဝေးပြေးကားလမ်းပေါ် မှာ အလုံပိတ်ထားတဲ့ ယာဉ်တစ်စီးပေါ်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၇ဦး နဲ့အတူ ပိုဆောင်ပေးတဲ့ ထိုင်းနိုင်ငံသား နှစ်ဦးကိုပါ ဖမ်းမိခဲ့တယ်လို့ Khasod သတင်းမှာဖေါ်ပြထားပါတယ်။
 
အဲဒီမြန်မာ အလုပ်သမားတွေက အမျိုးသား ၁၁ဦး၊အမျိုးသမီး ၆ဦး တို့ဖြစ်ပြီး မဟာချိုင်ကနေ ထိုင်း-မလေးရှားနယ်စပ် ဟတ်ယိုင်မြို သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပို့ဆောင်ခ တစ်ဦးကို ဘတ် ၄၀၀၀၀ ကောက်ယူခဲ့တာကို ထိုင်းနိုင်ငံသား ရဲတပ်ဖွဲကို ကားသမားနှစ်ဦးက ဝန်ခံထားပါတယ်။
 
ဧပြီ ၂၃ရက်မှာလည်း ထိုင်းနိုင်ငံ နခွန်စဝမ်မြို အဝေးပြေးလမ်း ပေါ် မှာ ပစ်ကပ်ယာဉ် နှစ်စီး နဲ့ မြန်မာအလုပ်သမား ၃၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ Cop’s Magazine ရဲ့ဝတ်ဆိုဒ်မှာ ဖော်ပြပါတယ်။ ဖမ်းဆီးရမိသူတွေထဲမှာ ပွဲစား ၂ ဦးပါဝင်ပြိး မြန်မာရွှေ့ပြောင်းလုပ်သားတွေက တာစ်ခရိုင်ကနေ ဘန်ကောက်မြို့အနီးက စမွတ်ခရိုင် ကို သွားရောက်မှာလို့ သိရပါတယ်။
 
ဖမ်းမိသူတွေကို သက်ဆိုင်ရာ မြိုနယ် ရဲစခန်းတွေမှာ ထိမ်းသိမ်းထားပြီး လဝက ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမယ်လို သိရပါတယ်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာသူတွေ ကို စီမံချက်နဲ့ ဖမ်းဆီးတာတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေရှိပြီး နယ်စပ် လမ်းကြောင်းတွေကိုလည်း ခေတ်မီ နည်းပညာ အသုံးပြု စောင့်ကြည့် ဖမ်းဆီးနေပါတယ်။
Ref -Khasod English/ Cop’s Magazine

Related posts

Cover
SEN YU စက်ရုံအလုပ်သမားများ အလုပ်ပိတ်ရက် ဒေးကြးပေးဖို့ အပါအဝင် အချက် ၆ ချက် တောင်းဆိုထား
Apr 25, 2025
Cover
GTP Goldan Theparerg အထည်ချုပ် မန်နေဂျာမှ ခြိမ်းခြောက် အလုပ်ထုတ်
Apr 25, 2025
Cover
SEN YU စက်ရုံတွင် အလုပ်ဆင်းရက် နှင့်အလုပ်ပိတ်ရက် ဒေးကြေးတန်းတူပေးရန် တောင်းဆိုနေ
Apr 24, 2025
Cover
XING YUAN (Myanmar) အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို ခိုင်းစေ
Apr 24, 2025
Cover
ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ မြန်မာလုပ်သား ၉၀ကျော် အလုပ်ထုတ်ခံရ
Apr 23, 2025
Cover
Golden Colour Fashion သမဂ္ဂဝင်အလုပ်သမား၄ဦး ဖမ်းဆီးခံရ
Apr 23, 2025
Cover
Myanmar San He စက်ရုံ EC စာချုပ်ချိုးဖောက်
Apr 22, 2025
Cover
အိုမန်မှ ပေးစာ
Apr 19, 2025