ဒေါ်အောင်ဆန်းစုကြည်၏သက်တော်စောင့်ချယ်ရီထက်အား စစ်ကောင်စီမှ ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့်အရေးယူထားပြီး ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရကြောင်း CNA သတင်းထောက်ဟောင်း Leong Wai Kit မှ ၎င်း၏ Twitter စာမျက်နှာမှာဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့အနီးကပ် အမျိုးသမီးသက်တော်စောင့် တဦးဖြစ်တဲ့ချယ်ရီထက်ဟာစစ်တပ်အာဏာသိမ်းစဥ်ကထဲကပျောက်ဆုံးနေတာဖြစ်ပြီးသတင်းအမျိုးမျိုးထွက်ပေါ်နေပေမယ့်ခုလိုသတင်းမျိုးထွက်ပေါ်လာတာတော့မရှိသေးပါဘူး။
ပြီးခဲ့တဲ့လပိုင်းအတွင်းမှာလဲချယ်ရီထက်ရဲ့စစ်တပ်အပေါ်ဝေဖန်ထားတဲ့ရေးသားချက်တခုလူမှု့ကွန်ယက်စာမျက်နှာပေါ်မှာထွက်ပေါ်လာခဲ့ပါသေးတယ်။
ချယ်ရီထက်နဲ့အတူပျောက်ဆုံးနေတဲ့သက်တော်စောင့်ရဲဝန်ထမ်းတဦးကတော့စစ်တပ်ကခေါ်ဆောင်သွားပြီးခုချိန်အထိသတင်းအစအနမရဘူးဆိုတာကိုပြည်တွင်းသတင်းဌာနတွေကိုမိသားစုဝင်တွေကအတည်ပြုထားပါတယ်။