NEWS

ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ၉ ရက်အတွင်း ဆေးရုံတက်လူနာ ၆၀၀ ကျော်ရှိပြီး ပြင်းထန် ဝမ်းရောဂါကြောင့်သေဆုံးသူရှိလာ

CoverLogo
317 Views

ရန်ကုန်တိုင်းဒေသကြီး အတွင်း ဇူလိုင် ၆ ရက် မှ ၁၄ ရက် အထိ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားတဲ့ အတွက် ဆေးရုံ တက်ရောက်ကုသရသူ ၆၀၀ ကျော် ရှိတယ်လို့ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရသိရပါတယ်။

ထိုလူနာတွေ ထဲ မှ  ပြင်းထန်ဝမ်းရောဂါ(ကာလဝမ်းရောဂါ) ဖြစ်ပွားသူတွေ လည်း ရှိပြီး  ယင်းရောဂါ ကြောင့် သေဆုံးတာလည်း ရှိတယ်လို့ လူမှုကူညီရေးအသင်းထံက သိရပါတယ်။

ဇူလိုင်လ ၁၃ ရက် က သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်နေ အသက် ၅၁ နှစ်အရွယ် အမျိုးသားတဦးမှာ  ကာလဝမ်းရောဂါကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အမျိုးသား မှာ  ဝမ်းရောဂါကြောင့် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံ မှာ  ဆေးကုသမှုခံယူနေစဉ် ဇူလိုင် ၁၃ ရက် နံနက်  ပိုင်းက သေဆုံးခဲ့တာ ဖြစ်ပြီး  လူမှုကူညီရေးအသင်းတွေ က နေ့ချင်းသင်္ဂြိုဟ်ခဲ့ရတယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဇူလိုင် ၆ ရက်ကနေ ၁၄ ရက်အထိ ဝမ်းပျက် ဝမ်းလျှောရောဂါကြောင့် ဆေးရုံ တက်လူနာ ၆၈၀ ကျော် ရှိခဲ့ပြီး  ပြင်းထန်ဝမ်းရောဂါကြောင့် သေဆုံးလူနာ ရှိတယ်လို့ သတင်းထုတ်ပြန်တာမတွေ့ရှိရပါဘူး။

လတ်တလောမှာ ရန်ကုန်တိုင်း အတွင်း ရှိ မြို့နယ် များ မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ  ကာကွယ်ရေး နဲ့ ပက်သက်ပြီး အသိပညာပေး လုပ်ငန်း များ လုပ်ဆောင်ပေးလျက်ရှိပြီး ဖြစ်ပွားမှု များတဲ့ မြို့နယ် တွေ မှာ တော့ လမ်းဘေး အစားသောက်ရောင်းတဲ့ဈေးဆိုင် တွေ ကို ယာယီ ပိတ်ခိုင်း ထားတာတွေရှိတယ်လို့ လည်း သိရပါတယ်။

photo-ဆန်ရေလူမှုကူညီရေးအသင်း

 


Related posts

Cover
နေ့စဉ် ငလျင် ၇ ကြိမ်ထက်မနည်းလှုပ်ခတ်နေ
Apr 19, 2025
Cover
မြန်မာ့ရွှေဈေး ၃ရက်အတွင်း ကျပ် ၅သိန်းနီးပါး ခုန်တက်
Apr 11, 2025
Cover
ဝေဖန်မှုများစွာရှိသည့် ပျော်ဘွယ်KBZ bank ဖြေရှင်းချက်ထုတ်ပြန်
Apr 11, 2025
Cover
SMS (စာတို)ပို့ပြီး လိမ်လည်ရန်ကြိုးပမ်းမှုများလာ
Apr 09, 2025
Cover
မြန်မာ့ငလျင်ဘေး အပြင်းထန်ဆုံးကြုံရသူ ၉ ဒသမ ၁ သန်းရှိကြောင်း ကုလဖော်ပြ
Apr 09, 2025
Cover
ပြည်တွင်း အလည်အပတ် ဗီဇာ လျှောက်ထားမှုကို ယာယီရပ်ဆိုင်း
Apr 07, 2025
Cover
ပျော်ဘွယ် KBZ ဘဏ် ဝန်ထမ်း ၁၀ဦးသေဆုံး
Apr 07, 2025
Cover
ရာအိမ်မှူးများမှ တဆင့် အကျဉ်းသားမိသားစုဝင်များအား ငွေကြေးလိမ်လည်မှုများရှိနေ
Apr 07, 2025