ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာတံတားအနီး ဆိပ်ကမ်းတစ်ခုမှာ သင်္ဘောကုန်တင်ကုန်ချ ပြုလုပ်တဲ့ လုပ်သားတစ်ဦးမှာ လှိုင်မြစ်ထဲသို့ ပြုတ်ကျပျောက်ဆုံးနေတယ်လို့ မြေပြင် အကူအညီပေးရန် ရောက်ရှိခဲ့တဲ့ ဒေသခံ လူမှုကူညီရအသင်းထံကနေ သိရပါတယ်။
မတ်လ ၅ရက် နေ့ ညနေ ၄နာရီဝန်းကျင်ခန့်က သင်္ဘောကုန်အတင်အချ ပြုလုပ်နေစဉ်မှာ လှိုင်မြစ်ထဲ ကို ပြုတ်ကျခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
""ပြုတ်ကျချိန် လုပ်ဖော်ကိုင်ဘက် ၂ ဦး အသက်အန္တရာယ်ကြားက လိုက်လံ ကယ်ဆယ်ပေမယ့် ရေစီးသန်နေတဲ့အတွက်ကြောင့် သူတို့ ၂ ဦးတောင် ကံကောင်းပြီး ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ အခုအချိန်ထိလည်း ပြန်မတွေ့သေးပါဘူး ""လို့
ကနောင် လူမှုကူညီရေးအသင်း မှ တာဝန်ရှိသူကပြောပါတယ်။
ပြုတ်ကျသွားတဲ့ လုပ်သား မှာ အသက်၁၉နှစ် အရွယ် ဖြစ်ပြီး လှိုင်မြစ်ထဲကို ပြုတ်ကျစဉ် ရေစီးနဲ့မျောပါ ပြီး သင်္ဘော ဝမ်းဗိုက် အောက်ထဲ ကို ရောက်ရှိသွားတယ်လို့ ယူဆရကာ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
Myanmar Labour News ရဲ့ နောက်ဆုံးရအလုပ်သမားရေးရာ သတင်းတွေကို
အပလီကေးရှင်း - https://bit.ly/3oNDLga
ဝက်ဘ်ဆိုက် - https://www.myanmarlabournews.com
တယ်လီဂရမ် - https://t.me/myanmarlabournews တွေမှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
NEWS
လှိုင်မြစ်ထဲ သို့ သင်္ဘောကုန်တင်ချ လုပ်သားတစ်ဦး ပြုတ်ကျကာပျောက်ဆုံးနေ


62 Views
Related posts

ကုန်ဈေးနှုန်း မြင့်တက်မှုဂယက် ဆိုင်ကယ် ကယ်ရီဆွဲသူတွေကိုပါရိုက်ခတ်လာ
Feb 22, 2025

ပြည်တွင်းနေထိုင်သူတွေ စားဝတ်နေရေးအပြင် စစ်မှုထမ်း လစဉ်ကြေးပါ ရှာဖွေပေးနေရ
Feb 18, 2025

ဆေးကုသစရိတ်မြင့်တက်လို့ စပ်ဆေးအသုံးပြုသူပိုများလာ
Feb 18, 2025

YBS ယာဉ်များမှ နှစ်ပတ်အတွင်း ခါးပိုက်နှိုက် ၁၀၀ ကျော် ဖမ်းမိထားဟုဆို
Feb 13, 2025

တရုတ်ဆရာဝန်တွေ ကုသပေးသည့် ဆေးခန်း များ ရန်ကုန်တွင် ဖွင့်လှစ်မှုများလာ
Feb 12, 2025

တစ်နိုင်တစ်ပိုင်အရောင်းဆိုင်များ အလုပ်အကိုင်ပေးနိုင်မှု ပိုမိုနည်းပါးလာ
Jan 30, 2025

မီးဖိုချောင်သုံးဂတ်စ် ဝယ်ယူရေး အခက်အခဲရှိနေ
Jan 10, 2025

စစ်ကောင်စီက ရန်ကုန်ကိုလျှပ်စစ်မီးဖြတ်ထားပြီး ရေပါထပ်ဖြတ်
Jan 07, 2025