NEWS

လားရှိုး မြို့ နယ်မှာ တိုက်ပွဲများပြင်းထန်လာသဖြင့် နေရပ်စွန့်ခွာသူများလာပြီး    မြို့အထွက် လမ်းမှာ စစ်ရှောင်ကားများထောင်ချီပိတ်မိနေ

CoverLogo
225 Views

 ရှမ်းမြောက် လားရှိုးမြို့နယ်မှာ  တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာတဲ့ လားရှိုးမြို့က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူ များလာကာ ဇူလိုင် လ ၈ ရက် မနက် ပိုင်းမှာ မြို့အထွက် လမ်း မှာ တင် စစ်ရှောင်ကား များထောင်ချီပိတ်မိနေတယ်လို့ ဒေသခံတွေ ထံ က သိရပါတယ်။ 

ယနေ့ နံနက်ပိုင်းမှာတင် လားရှိုးမြို့နယ် နောင်မွန် ကျေးရွာအနီး တိုက်ပွဲ တွေ ဖြစ်တဲ့ အတွက် လားရှိုးအထွက်မှာ ထောင်ချီတဲ့ စစ်ဘေးရှောင် ကားတွေလည်း မယ်ဟန်ထိ ထောင်ချီပိတ်မိနေတယ်လို့ သိရပါတယ်။ 

"လက်ရှိ လားရှိုး က စစ်ရှောင်တဲ့ယာဉ်တွေမယ်ဟန်စစ်ဆေးရေးဂိတ်ကနေ သွားလာလ်ို့တော့ရသေးတယ် စစ်ရှောင်တဲ့ ကားတွေအရမ်းများတော့ အတက်အဆင်းကားတွေ နဲ့ ပိတ်မိနေတယ် တလိမ့်ခြင်းလိမ့်နေရတာ မလွယ်ဘူး လားရှိုးမုဒ်ဦးအထွက်ကနေ ပိတ်မိနေတာ မြို့ပြင်ရောက်ဖို့ ကို မလွယ်တာ  ဒီလို မှ မထွက်ရင်လည်း မြို့ထဲနေဖို့က မလုံခြုံတော့ဘူးလက်နက်ကြီး က ခဏခဏ ကျနေတာ သေတဲ့ သူတွေလည်း များနေပြီ "လို့ဒေသခံတစ်ဦးကပြောပါတယ်။ 

ဇူလိုင်လ  ၇ရက်နေ့ကလည်း လားရှိုး မြို့ရပ်ကွက် ၅နဲ့ရပ်ကွက်သစ်နယ်မြေ ၁၉  တွင် လက်နက်ကြီးကျတဲ့အတွက်  ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၃ရက်နေ့ကစပြီး လားရှိုးမြို့အနီး တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့တဲ့ အတွက် နေအိမ်များ ပျက်စီးဆုံးရှုံးမှုများရှိသလိူ  ဇူလိုင်လ  ၇ ရက် မနက်ပိုင်းထိ ကလေး ၃ ဦးအပါအဝင် ၁၈ ဦးသေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့တွေထံ သိရပါတယ်။ 


Related posts

Cover
နေ့စဉ် ငလျင် ၇ ကြိမ်ထက်မနည်းလှုပ်ခတ်နေ
Apr 19, 2025
Cover
မြန်မာ့ရွှေဈေး ၃ရက်အတွင်း ကျပ် ၅သိန်းနီးပါး ခုန်တက်
Apr 11, 2025
Cover
ဝေဖန်မှုများစွာရှိသည့် ပျော်ဘွယ်KBZ bank ဖြေရှင်းချက်ထုတ်ပြန်
Apr 11, 2025
Cover
SMS (စာတို)ပို့ပြီး လိမ်လည်ရန်ကြိုးပမ်းမှုများလာ
Apr 09, 2025
Cover
မြန်မာ့ငလျင်ဘေး အပြင်းထန်ဆုံးကြုံရသူ ၉ ဒသမ ၁ သန်းရှိကြောင်း ကုလဖော်ပြ
Apr 09, 2025
Cover
ပြည်တွင်း အလည်အပတ် ဗီဇာ လျှောက်ထားမှုကို ယာယီရပ်ဆိုင်း
Apr 07, 2025
Cover
ပျော်ဘွယ် KBZ ဘဏ် ဝန်ထမ်း ၁၀ဦးသေဆုံး
Apr 07, 2025
Cover
ရာအိမ်မှူးများမှ တဆင့် အကျဉ်းသားမိသားစုဝင်များအား ငွေကြေးလိမ်လည်မှုများရှိနေ
Apr 07, 2025