NEWS

ရုန်းလ်သာစက်ရုံ အလုပ်သမားတဦး ပေးစာ

CoverLogo
283 Views

အလုပ်သမားပေးစာ

Update ဒီဇင်ဘာ ၉၊ ၂၀၂၄ - အလုပ်သမားမှ ရသင့်ရထိုက်တဲ့ လစာငွေရရှိတယ်လို့ အကြောင်းပြန်လာပါတယ်။

တိုင်ကြားချင်တာလေးရှိလို့ပါ။

ရွှေပြည်သာ ဝါးတစ်ရာစက်မှုဇုန်မှာဖွင့်ထားတဲ့ ရုန်းလ်သာစက်ရုံကိုတိုင်ချင်တာပါ။
အဲ့စက်ရုံက store ဌာနမှာ  အလုပ်လုပ်တဲ့ဝန်ထမ်း အလုပ်ထွက်စာတင်ပြီးထွက်တာကို ၅ရက်နေ့ လစာသွားထုတ်တော့ စူပါဆိုသူက ကာယကံရှင်လက်မှတ်မပါပဲ ထုတ်ယူသွားပြီးအကြွေးဆိုပြီးသိမ်းသွားပါတယ်ခင်ဗျာ။

လုံခြုံရေးဂိတ်ကလည်းပိုက်ဆံလာထုတ်တဲ့နေ့ပေးမဝင်ဘဲ  နောက်နေ့မှလာခဲ့ဖို့ပြောပါတယ်ခင်ဗျာ 
တခြားထွက်တဲ့သူတွေကျ ရပြီး အလုပ်ထွက်စာတင်ပြီးထွက်တဲ့ကာယကံရှင်က မရပဲ ဖြစ်နေပါတယ်ခင်ဗျာ

လက်မှတ်လည်းမထိုးရသေးဘဲ တရားမဝင် လက်မှတ်အတုထိုးပြီးထုတ်သွားတဲ့ကိစ္စပါ။ 
ကာယကံရှင်လက်မှတ်မပါဘဲ  လက်မှတ်အတုထိုးပြီးထုတ်တဲ့ကိစ္စက ဘယ်လိုမှမဖြစ်သင့်တာပါ
သွားထုတ်တဲ့နေ့ အဝင်မခံဘဲ  နောက်နေ့ကျမှလာခဲ့ဖို့ပြောတော့ ကာယကံရှင်ကလည်းတဖက်မှာတခြားအလုပ်ရှိနေတော့ နောက်ရက်သွားလို့အဆင်မပြေတော့တာပါ

သူတို့ဘက်ကမှားပြီး သူတို့ချိန်းတဲ့အချိန်လာတွေ့ဖို့ပဲပြောနေတာပါ
အဲ့နေ့က နေပူထဲမှာအကြာကြီးရပ်စောင့်နေခဲ့ရပါတယ် လုံခြုံရေးဂိတ်ကလည်းလုံးဝပေးမဝင်ပါဘူး
လစာ ဘယ်လောက်ထွက်လဲဆိုတာတောင် ဝန်ထမ်းကမသိရသေးတာပါ

အဲ့စက်ရုံကိုဖုန်းဆက်ပြီးမေးတာပါ သူတို့ဘာသာထုတ်ပြီးအကြွေးသိမ်းလိုက်ပြီဆိုပြီးပြောတာပါ
ကိုယ့်အကြောင်းကိုယ်သိဆိုပြီးခြိမ်းခြောက်ပါသေးတယ်

ဘာမှမသိရပဲ အကြွေးသိမ်းတယ်ဆိုပြီး လက်မှတ်အတုထိုးပြီးထုတ်တာပါ အကြွေးဘယ်လောက်ရှိရှိပါ ကာယကံရှင်မသိပဲ လက်တလုံးခြားလုပ်တာကို လက်မခံသင့်ပါဘူး။

#ရုန်သာစက်ရုံအလုပ်သမားဟောင်းတစ်ဦး
#MyanmarLabourNews


Related posts

Cover
မြန်မာရှိုင်းလုံစက်ရုံက အလုပ်သမား ၅ ဦးကို အလုပ်ထုတ်
Mar 31, 2025
Cover
စကြာမင်း တိုင်းရင်းဆေးစက်ရုံ အလုပ်သမားများအား တခြားအလုပ်များ ခိုင်းစေပြီး EC စာချုပ် ချိုးဖောက်
Mar 31, 2025
Cover
Myanmar Fala Fala Clothing Co.,Ltd အချိန်ပို အတင်းအကျပ်ခိုင်း
Mar 31, 2025
Cover
Sanyuan အထည်ချုပ် EC စာချုပ် ချိုးဖောက်၊ လက်မှတ်ထိုင်းခိုင်း
Mar 31, 2025
Cover
ငလျင်ကြောင့် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် သေဆုံးကာ ဝန်ထမ်းအချို့ဒဏ်ရာရရှိ
Mar 31, 2025
Cover
Dishang Fashion အထည်ချုပ် သမဂ္ဂခေါင်းဆောင်ဟောင်းအား အတင်းအကျပ် အလုပ်ထုတ်
Mar 31, 2025
Cover
စက်ရုံအထည်ချုပ်အလုပ်သမားများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပါးရိုက်၊ ထိုင်ထလုပ်ခိုင်း
Mar 31, 2025