NEWS

ရန်ကုန်နှင့် အချို့ဒေသများတွင် မီးပျက်ချိန်များလာပြီး လျှပ်စစ်ဓါတ်အားရရှိမှုလျော့နည်းလာ

CoverLogo
68 Views

ဓာတ်အားလိုင်း ချို့ယွင်းနေ တဲ့ အတွက်   ယနေ့အထိ နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ရွှေလီဓာတ်အားပေးစက်များမှ လျှပ်စစ်ဓာတ်အား  ထုတ်လုပ်ပို့လွှတ်နိုင်မှု (၄၀၀)မဂ္ဂါဝပ်ခန့် တစ် နေ့လျှင်  လျှပ်စစ်ပမာဏယူနစ်( ၉.၅)သန်းခန့်  လျော့နည်းရရှိနေတယ်လို့ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၂၆)ရက်၊ ည(၇)နာရီ(၅၄)မိနစ်အချိန်လောက်ကလည်း နိုင်ငံတော်ဓာတ်အားစနစ်အတွင်းကို 230kV    မန်စံ-ရွှေစာရံလိုင်း အမြဲတမ်းအပြစ် Permanent. fault)  ဖြစ်တဲ့ အတွက် တစ်နိုင်ငံလုံးဓာတ်အားစနစ်ချို့ယွင်းမှု (System Breakdown) ဖြစ်ပွါးခဲ့တယ်လို့ဆိုပါတယ်။

ရန်ကုန်နဲ့ အလားတူပဲ အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း လျှပ်စစ်ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေ ကပြောဆိုထားပါတယ်။

ဓာတ်အားလိုင်း. ချို့ယွင်းနေတဲ့ အတွက်   ယနေ့အထိ နိုင်ငံ တော်ဓာတ်အားစနစ်အတွင်းသို့ ရွှေလီဓာတ်အားပေးစက်များ မှ လျှပ်စစ်ဓာတ်အား  ထုတ်လုပ်ပို့လွှတ်နိုင်မှု. (၄၀၀)မဂ္ဂါဝပ်ခန့် တစ် နေ့လျှင်  လျှပ်စစ်ပမာဏယူနစ်( ၉.၅)သန်းခန့်  လျော့နည်းရရှိနေပြီး နယ်မြေအခြေအနေအရပြုပြင်မှုများ ဆောင်ရွက်နိုင်ရန်စီစဉ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွက် မူလလျာထား‌ တဲ့  ဓာတ်အားပမာဏထက် ၂၀ရာခိုင်နှုန်းနေ့စဉ်ယူနစ် (၅ဒသမ ၆၄၇) သန်းခန့် လျော့နည်းရရှိခဲ့တဲ့ အတွက်  အရေးပေါ် ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။

"မီးပျက်တာနွေတုန်းကလည်းနွေမို့လို့ မိုးတွင်းလိုကျပြန်တော့လဲ မျှော်လင့်လို့မရပြန်ဘူး။ မီးမမှန်တော့ နောက်ဆက်တွဲ အလုပ်တွေအကုန်လိုက်ပြီး နှောင့်နှေးကုန်တယ်။ အခြေအနေက တော်တော်ကို ဆိုးနေပြီ လျှပ်စစ်မီးတောင် သေချာမပေးနိုင်တော့ဘူး"လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်တွေမှာလည်း သုံးစွဲ၀န်အားထက် လျော့ချပြီး  ဓာတ်အားဖြန့်ဖြူးနေရပါကြောင်း၊ အရေးပေါ်၀န်အား  ထိန်းညှိ‌မှုဆောင်ရွက်ရခြတာတွေ ကြောင့်.   မြို့နယ်အချို့ မှာ ယာယီဓာတ်အားပြတ်တောက်မှုများရှိနိုင်မှာ ဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ထားပါတယ်။

 


Related posts

Cover
လားရှိုး မြို့ နယ်မှာ တိုက်ပွဲများပြင်းထန်လာသဖြင့် နေရပ်စွန့်ခွာသူများလာပြီး    မြို့အထွက် လမ်းမှာ စစ်ရှောင်ကားများထောင်ချီပိတ်မိနေ
Jul 08, 2024
Cover
၂ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့်ဆေးရုံတက်လူနာ ၁၀၀ ကျော်လာ
Jul 08, 2024
Cover
ရန်ကုန်တွင် ဝမ်းပျက် ဝမ်းလျောရောဂါများ ဖြစ်ပွားမှုများနေ
Jul 06, 2024
Cover
ပဲခူး-ရန်ကုန် အဝေးပြေးယာဉ်လိုင်းတွေ အောင်မင်္ဂလာအဝေးပြေး ကားဂိတ်ကို ပြောင်းရွှေ့ဖို့ညွှန်ကြားထား
Jul 05, 2024
Cover
အုန်းသီးဈေးအဆမတန် မြင့်တက်လို့ မြန်မာမုန့်ရောင်းချသူတွေအခက်တွေ့
Jul 04, 2024
Cover
မြစ်ကြီးနားတွင် ဧရာဝတီ မြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ကာ ရေကြီးမှုဖြစ်ပွား၊  ပြည်သူများ ပိတ်မိနေပြီး  ကယ်ဆယ်ရေးအကူညီလိုအပ်နေ
Jul 01, 2024
Cover
စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေးပြီးနောက် စက်သုံးဆီဈေးဆက်လက်မြင့်တက်
Jun 28, 2024
Cover
ပေါ်ဆန်းမွှေးဆန်များအား အိမ်အရောက်ပို့စနစ်ဖြင့်ရောင်းချပေးမယ်လို့ ဆန်စပါးအသင်းချုပ်ပြော
Jun 26, 2024