မြန်မာနိုင်ငံတွင်း မိမိတို့နေရပ်ကိုစွန့်ခွာရသူအရေအတွက် တစ်သန်းကျော်သွားပြီဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA က မနေ့က ဇွန်လ ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ အရေအတွက်သည် ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှု ဖြစ်ပြီးသည့်နောက်ပိုင်း ပဋိပက္ခနှင့် လုံခြုံရေး စိုးရိမ်ရမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး ကြရတဲ့ လူ ၇ သိန်းနီးပါးလည်းပါဝင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ အနှံ့အပြားမှာ တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး အရပ်သားများအပေါ် ထိခိုက်မှုတွေဟာပိုမိုဆိုးရွားလာနေတယ်လို့ အဆိုပါ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရရှိထားသည့်အချက်အလက်များအရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၆ သိန်း ၉ သောင်း ကျော်သွားပြီး နိုင်ငံအနှံ့အိုးမဲ့အိမ်မဲ့စုစုပေါင်း တစ်သန်း ကျော်သွားပြီဖြစ်တယ်လို့ ဆိုပါတယ်။
ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ မိမိတို့နေရပ်ကနေ စွန့်ခွာထွက်ပြေးခဲ့ရပြီး အိမ်ချင်းချင်းနိုင်ငံများသို့ လူပေါင်း ၄ သောင်းခန့်ဟာ နယ်စပ်ဖြတ်ကျော်ခဲ့ရတယ်လို့ ဆိုပါတယ်။