မလေးရှားနိူင်ငံ ကာချမ်းမြို့ ဘန်တာတက်ကနော်လော်ဂျီရပ်ကွက် မှာ ဓါးထိုးခံရပြီး သေဆုံးခဲ့တဲ့ မြန်မာအမျိုးသမီး ရဲ့ မိသားစုဝင်များ နဲ့ အဆက်သွယ် မရတဲ့ အတွက် သဂြိုလ်ဖို့ အတွက်အခက်ခဲ ဖြစ်နေတယ်လို့ မြန်မာလူမှုကူညီရေးအသင်းမလေးရှား ထံ မှ သိရပါတယ်။
အဆိုပါ မြန်မာအမျိုးသမီးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ရက်နေ့က ကာချမ်းမြို့ ဘန်ဒါတတ်ကနော်လော်ဂျီရပ်ကွက် ရှိ နေအိမ်အခန်း အတွင်း ဓါးဒဏ်ရာ ၁၂ချက် ဖြင့် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူ အမျိုးသမီးရဲ့ နာမည်မှာ မယဉ်ယဉ် ဖြစ်ပြီး လက်ရှိ အချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်သွယ်မရသေးတဲ့ အတွက် မိသားစုဝင် ဖုန်းနံပတ် သိရှိသူတွေအနေနဲ့ ကူညီပေးဖို့ အတွက် မြန်မာလူမှုကူညီရေးအသင်း မလေးရှား က အသိပေးကြေညာထားပါတယ်။
ဓါးဒဏ်ရာ များဖြင့် သေဆုံးခဲ့ တဲ့ မြန်မာအမျိုးသမီး အမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသင်္ကာ ဖွယ်ရာ မြန်မာနိုင်ငံသား ၅ဦး ကို မလေးရှား ရဲတပ်ဖွဲ့ က ခေါ်ယူစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။