NEWS

ထိုင်းမှာ နေထိုင်ခွင့်သက်တမ်း တိုးကြေး လျှော့ချပေးရန်တောင်းဆိုစဉ် အလုပ်သမားအချို့အဖမ်းခံရ

CoverLogo
409 Views

ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ စာမွတ်ဆာခွန်ခရိုင် ၊အုန်းနွဲ့ အုန်းရိုင်နယ်မြေ၊ ဖိက ဆင်လမ်းမကြီးဘေးရှိ စက်ရုံတစ်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ အလုပ်လုပ်နေထိုင်ခွင့် သက်တမ်းတိုး ရန်အတွက် အလုပ်သမား၁ဦး ထိုင်းဘတ် ၁၀၀၀၀ နှုန်းကောက်ခံနေမှုအပေါ် တောင်းဆိုခဲ့ရာ ရဲနှင့်နယ်မြေလုံခြုံရေးအဖွဲ့ကမြန်မာအလုပ်သမား ၄ ဦးကိုဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ 

"ဟုတ်ပါတယ်။အကြမ်းဖက်တဲ့ပုံစံတော့ပေါက်တယ်။ ရိုက်တော့မရိုက်ဘူးပေါ့။ ခုနေ့လည်က ပြန်လွှတ်ပေးလိုက်ပြီ လို့သိရတယ်။ စက်ရုံကစကားပြန်တွေ HR တွေကလုပ်စားတာပါ။ ခုလည်း ၉၈၀၀ ကနေလုံးဝမလျှော့ပေးဘူး။ အပြင်မှာပွဲစားနဲ့လည်းမယ်ဆိုလည်း  သူတို့ကပေးမလုပ်ဘူး"လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။ 

ထိုင်းနိုင်ငံက အဆိုပါစက်ရုံတစ်ခုတွင် မြန်မာအလုပ်သမား ၃၀၀ ခန့်အထိ နေထိုင်အလုပ်လုပ်ကိုင်နေပြီး  အလုပ်လုပ် နေထိုင်ခွင့် သက်တမ်းတိုးရာတွင် ထိုင်းဘတ် ၁၀၀၀၀ အထိ ကောက်ခံနေတာကြောင့် အလုပ်သမားတွေအနေနဲ့ သင့်တင့်မျှတသော ဈေးနှုန်းသို့ လျှော့ချပေးဖို့  ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုပြုလုပ်ရာကနေ  ထိုင်းရဲနှင့်နယ်မြေလုံခြုံရေးအဖွဲ့က အကြမ်းဖက်ဖမ်းဆီးမှုကိုခံရတာဖြစ်တယ်လို့ သိရပါတယ်။ 

အလုပ်သမားတွေအနေနဲ့  မိမိတို့အလုပ်သမားတွေရဲ့အခက်အခဲတွေအပေါ်  အလုပ်ရှင်က သိရှိနားလည်ပြီး ဖြေရှင်းပေးဖ်ို့အလုပ်ရှင်ဆီမှာငြိမ်းချမ်းစွာတေင်းဆိုနေကြတာဖြစ်လို့ ငြိမ်းချမ်းစွာတောင်းဆိုနေတဲ့ အလုပ်သမားများအပေါ် ထိုင်းရဲနှင့်နယ်မြေလုံခြုံရေးများ အကြမ်းဖက်လက်ထိပ်ခတ်ကာ ခေါ်ယူဖမ်းဆီးစေခြင်းဖြင့် ကြမ်းတမ်းစွာ ကိုင်တွယ်ဖြေရှင်းမှုဟာ လက်ခံ၍ မရသလိုဒါဟာ လူ့အခွင့်အရေးနဲ့ အလုပ်သမားအ ခွင့်အရေးချိုးဖောက်မှုသာဖြစ်တယ်လို့  မြန်မာအလုပ်သမားအရေးလှုပ်ရှားသူက ဆိုပါတယ်။ 

ယခုရက်ပိုင်းတွေမှာ ထိုင်းနိုင်ငံအတွင်းက စက်ရုံတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ မြန်ာအလုပ်သမားအများ စုဟာ မိမိတို့နေထိုင်အလုပ်လုပ်ကိုင်ခွင့်သက်တမ်းတိုးရာမှာ ပုံမှန်ကျသင့်ငွေထက် နှစ်ဆခန့်အထိပိုမိုးပေးဆောင်ပြီး ဖြတ်တောက်ခံနေရတဲ့အပေါ်ပြန်လည် လျှော့ချပေးဖို့တောင်းဆိုမှုတွေ ဆက်လက်ပြုလုပ်လာခဲ့ကြတာလည်းဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026
Cover
မြန်မာလုပ်သား ၃၁ဦးထံမှ သက်တမ်းတိုးခ ဘတ်၃သိန်းကျော် လိမ်သွားသည့် ပွဲစားကို အမှုဖွင့်
Feb 04, 2026
Cover
ကမ္ဘောဒီးယားရှိ ကျားဖြန့်ဂိုဏ်း ဝင်ရောက်စီးနင်းရာ မြန်မာ ၁၇၉ဦး အပါအဝင် နိုင်ငံခြားသား၂၀၀၀ကျော် ဖမ်းဆီးခံရ
Feb 03, 2026
Cover
ထိုင်းနိုင်ငံမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာ ၆၀ ကျော် ကို စစ်ကော်မရှင်ထံလွှဲပြောင်း
Feb 03, 2026