NEWS

ဇန်နဝါရီ ၁ ရက်ကစပြီး အခြေခံလုပ်အားခ တိုးမြင့်မည်

CoverLogo
635 Views
 
ထိုင်းနိုင်ငံအတွင်းမှာ ရောက်ရှိလုပ်ကိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့ ရရှိမဲ့တစ်နေ့လုပ်အားခကို လာမယ့် ဇန္နဝါရီလ ၁ ရက်ကစပြီး အမြင့်ဆုံးဘတ် ၄၀၀ အထိတိုးမြှင့်ရရှိမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ တစ်ဝန်းမှာ အခြေခံလုပ်အားခကို တိုးမြှင့်သတ်မှတ်ပေးဖို့ လုပ်အားခညှိနှိုင်းရေးကော်မတီက ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် အနိမ့်ဆုံးလုပ်အားခ ဘတ် ၃၃၇ ဘတ်ကနေ အမြင့်ဆုံး ဘတ် ၄၀၀ အထိ လုပ်အားခ နှုန်းထားတွေကို ခရိုင်အလိုက် တိုးမြှင့်သတ်မှတ်ပေးဖို့ ထိုင်းအစိုးရအဖွဲ့က သဘောတူအတည်ပြုလိုက်တာဖြစ်ပါတယ်။
"အရင်ကရရှိတဲ့နှုန်းထားတွေအရ တစ်နေ့လုပ်ခနှုန်းထား ၇ ဘတ်ကနေပြီးတော့ ဘတ် ၄၀ ကျော် ၅၀ လောက်အထိ တိုးပေးထားတာတွေ့ရတယ်။ ဒါပေမဲ့ အများစုကတော့ ၇ ဘတ်ပဲတိုးထားတာတွေ့ရတယ်။ အမြင့်ဆုံး ၄၀ ကနေ ၅၀ကျော်အထိတိုးတာကတော့ ခရိုင်အနည်းစုလေးပါပဲ။ အများစုကတော့ ၇ ဘတ်ပဲတိုးပါတယ်"လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက ဆိုပါတယ်။
ထိုင်းအစိုးရရဲ့ အခြေခံလုပ်အားခ တိုးမြင့်သတ်မှတ်ပေးရာမှာ တစ်နိုင်ငံလုံး တပြေးညီ တိုးမြှင့်ပေးတာမျိုး မဟုတ်ဘဲ ခရိုင်အလိုက်တိုးမြှင့်သတ်မှတ်ပေးလိုက်တာဖြစ်ရာပထမဆုံးအများဆုံးတိုးမြှင့်သတ်မှတ်ပေးလိုက်တဲ့ ခရိုင်တွေကတော့ ဖူးခက်၊ လယောင်း၊ ချွန်ဘူရီ၊ ချချင်ဆောင်ခရိုင်နဲ့ ဆူရတ်ဌာနီခရိုင်၊ ကော့စမွီ စတဲ့နေရာဒေသက အလုပ်သမားတွေဟ ယခင်က တစ်ရက်လုပ်အားခ ဘတ် ၃၄၅ ကနေ ၃၇၀ဘတ် ရရှိရာကနေ ယခုအခါမှာတော့ တစ်နေ့လုပ်အားခ ဘတ် ၄၀၀ နှုန်းရရှိမှာဖြစ်ရာ ဘတ် ၅၀ကျော်အထိတိုးမြင့်ထားတာတွေ့ရပါတယ်။
ချင်းမိုင်၊ ဆုန်ခလာခရိုင်နဲ့ ဟတ်ရိုင်က အလုပ်သမားတွေကတော့ ယခင်က တစ်ရက် လုပ်အားခ ၃၄၀ ဘတ် ရရှိရာကနေ ယခုအခါ ၃၈၀ ဘတ်နှုန်း ရရှိမှာဖြစ်တာကြောင့် ယခင်ကထက် ဘတ် ၄၀ အထိတိုးမြင့်သတ်မှတ်ပေးထားတာတွေ့ရပါတယ်။
ဘန်ကောက်၊ နခွန်ပထုံ၊ နွန်ထဘူရီ၊ ပထုံဌာနီ၊ စမွတ်ပရာကန်နဲ့ စမွတ်စာခွန်ခရိုင်တွေမှာတော့ တစ်ရက်လုပ်အားခ ယခင်က ၃၆၃ဘတ်ရရှိရာကနေ ယခုအခါ တစ်နေ့လုပ်အားလ ၃၇၂ဘတ်နှုန်းရရှိမှာဖြစ်လို့ ယခင်ကထက် ၉ဘတ် တိုးမြင့်ပေးထားတာဖြစ်ပါတယ်။
အခြားသောခရိုင်များစွာကိုလည်း အဆိုပါတိုးမြင့်လိုက်တဲ့နှုန်းထားတွေအရ ယခင်ကသတ်မှတ်ပေးထားတဲ့နှုန်းထားတွေထက် တစ်နေ့လုပ်အားခကို ၇ဘတ်စီတိုးမြင့်သတ်မှတ်ပေးထားတာတွေ့ရတာပဲဖြစ်ပါတယ်။
ထိုင်းတစ်နိုင်ငံလုံးအတိုင်းအတာအရ အလုပ်သမားတွေအတွက် အခြေခံလုပ်အားခ နှုန်းထားကို ၂ ဒသမ ၉ ရာခိုင်နှုန်း အထိ တိုးမြှင့်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026