NEWS

ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာအလုပ်သမား ၂၀၀ ကျော်အား မြန်မာနိုင်ငံသို့ ပြန်ပို့

CoverLogo
430 Views

ထိုင်းနိုင်ငံ အတွင်း အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီးတဲ့ မြန်မာအလုပ်သမား ၂၀၀ကျော်ကို ရနောင်းကနေတစ်ဆင့် မြန်မာနိုင်ငံဘက်ကို ပြန်လည် လွှဲပေးလိုက်တယ်လို့ ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြန်ကြားရေးဌာန ရဲ့ ထုတ်ပြန်မှု အရသိရပါတယ်။

 ဒီဇင်ဘာ ၁၈ ရက် နေ့လည်ပိုင်းမှာ မြန်မာအလုပ်သမား ၂၁၉ ဦး ကို ထိုင်းအာဏာပိုင်တွေက ရနောင်းဘက်ကနေတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းဘက်ကို ပြန်ပို့ လိုက်တယ်လို့ ဆိုပါတယ်။

၎င်းမြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံ အတွင်း ကို တရားမဝင် ဝင်ရောက် နေထိုင် အလုပ်လုပ်ကိုင်တဲ့ အတွက် အဖမ်းခံရသူ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

""အခု ပြစ်ဒဏ်ကျခံပြီးလို့ ပြန်ပို့တဲ့ မြန်မာနိုင်ငံသား ၂၀၀ ကျော်မှာ အမျိုးသား တွေ ပိုများတယ် အသက်၁၈ကနေ ၄၀ ဝန်းကျင် တွေ နေရပ်ကို ဘေးကင်းစွာရောက် ဖို့ပဲ ဆုတောင်းပေးနေတယ် တချို့လဲ မိသားစုဝင်တွေက လွတ်မယ်ဆိုတာသိလို့ စစ်မှုထမ်းထဲပါသွားမှာစိုးရိမ်ပြီး  ကော့သောင်းဘက်မှာ လာကြိုတာတွေရှိတယ် ပြည်တွင်းမှာ တောင် စစ်မှုထမ်းဖို့ လူငယ်တွေ ပေါ်တာဆွဲခံနေရတာ ခပ်စိပ်စိပ် ဖြစ်လာတော့ ဒီက ပြန်လွတ်တဲ့သူတွေလည်း စိုးရိမ်စိတ်ပိုများလာတာပေါ့""လို့ရနောင်းရှိမြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

ထိုင်းနိုင်ငံ အတွင်း  နယ်စပ်တွေကနေ တစ်ဆင့် တရားမဝင် ဝင်ရောက်လာသူတွေ ကို ထိုင်းအာဏာပိုင်တွေက လုံခြုံရေးတင်းကြပ်စွာ ရှာဖွေ ဖမ်းဆီးတာတွေ ပြုလုပ်လျက်ရှိပြီး ဖမ်းမိသူတွေကိုလည်း ပြစ်ဒဏ်ကျခံစေပြီး မိခင်နိုင်ငံကို ပြန်လည်စေလွှတ်တာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းကလည်း မြန်မာအလုပ်သမား ၃၆၀ ကျော်ကို မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြန်ကြားရေးဌာန ရဲ့ ထုတ်ပြန်မှုစာရင်းတွေအရ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026