NEWS

ထိုင်းနိုင်ငံတွင် မိုးပျံတံတား ပြိုကျမှုကြောင့်သေဆုံးခဲ့သည့် မြန်မာအလုပ်သမား လေးဦး နစ်နာကြေး မရရှိသေးဟုဆို

CoverLogo
519 Views

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်တွင် ဆောက်လက်စမိုးပျံ တံတား သံတန်းလျား  ပြိုကျမှုကြောင့်သေဆုံးခဲ့တဲ့   မြန်မာအလုပ်သမား လေးဦး နဲ့ ထိခိုက်ဒဏ်ရာရသူမြန်မာအလုပ်သမားများ  လက်ရှိ အချိန်ထိ နစ်နာကြေး မရရှိသေးဘူး လို့ AAC မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။

နိုဝင်ဘာ ၂၉ရက် မနက် ၄နာရီ အချိန် ခန့်က ဖြစ်ပွားခဲ့ တာ ဖြစ်ပြီး တံတားပြိုကျမှုကြောင့် ထိုင်းနိုင်ငံသား၂ဦး နဲ့ မြန်မာအလုပ်သမားလေးဦး စုစုပေါင်း ၆ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံသား ၂ဦး အတွက် နစ်နာကြေး အဖြစ် တစ်ဦး ကိုဘတ် ၁၀ သိန်းစီ ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ရက် က ကျန်ရစ်သူမိသားစုတွေ ကို ပေးခဲ့တယ်လို့ ဆိုပါတယ်။

""ထိုင်းနိုင်ငံသား၂ဦး ကိုတော့ နစ်နာကြေးပေးလိုက်ပြီ မြန်မာအလုပ်သမား ၄ဦး နဲ့ထိခိုက်ဒဏ်ရာရရှိသူတွေ တော့ နစ်နာကြေး မရရှိသေးဘူး ထိုင်းအစိုးရရဲ့ သတ်မှတ်ထားတဲ့ ဥပဒေ အရ လို့ ပြောရမှာပေါ့ အခုထိ မိသားစု မှန်ကန်ကြောင်း စစ်ဆေးနေတုန်းပဲရှိသေးတယ် နစ်နာကြေး ရမယ်ဆိုရင် တော့ ထိုင်းနိုင်ငံသားတွေရသလို ဘတ် ၁၀ သိန်း ပေးမယ်လို့ ပြောတယ် မြန်မာအလုပ်သမား က တော့ သူတို့ထက် အစိုးရရဲ့ ပကန်စခွန်ကြေး ဘတ် ၁ သိန်းကျော် ပိုရမှာပါ""လို့  AAC မဟာမိတ်အဖွဲ့ မှ ဒါရိုက်တာ ဦးခိုင်ကြီး က MLN ကို ပြောပါတယ်။

သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ နစ်နာကြေး ရရှိရန် လိုအပ်တဲ့ နေထိုင်ခွင့် အထောက်အထား တွေကို ပထမအကြိမ် တာဝန်ရှိသူတွေက ဒီဇင်ဘာ ၁၈ ရက်နေ့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

မိုးပျံတား ပြိုကျတဲ့ အတွက် မြန်မာအလုပ်သမား လေးဦးသေဆုံးခဲ့သလို ၃ ဦးမှာ ထိခိုက်ဒဏ်ရာပြင်းထန်တဲ့အတွက် လမ်းမလျှောက် နိုင်တော့ဘူးလို့ သိရပါတယ်။
   
ယခု တံတား စီမံကိန်း အတွင်း ၂၀၂၄ ခုနှစ် နှစ်စပိုင်း မှာ လည်း မြန်မာအလုပ်သမား ယာဉ်မောင်းတစ်ဦး လုပ်ငန်းခွင်မတော်တဆ ဖြစ်မှု နဲ့သေဆုံးခဲ့ပါသေးတယ်။

 

#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026