NEWS

မလေးရှား အော်ပရာစီ စစ်ဆင်ရေးအတွင်း မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

CoverLogo
421 Views
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ စမှုံညှင်းမှာ တရာမဝင်နိုင်ငံခြားသာများ ဖမ်းဆီးရေး (အော်ပရာစီ)အတွင်း နိုင်ငံခြားသား ၅၆၁ ဦးဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲမှာ မြန်မာအလုပ်သမားတွေ ပါဝင်တယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။
 
"မြန်မာတွေ ပါတာပေါ့ ။ ဖူးပွင့်ခိုင်တို့၊ အေမီစျာန်တို့အသုတ်က အလုပ်သမား ၃၀ ကျော်တောင် ပြန်မလွတ်လာ ကြသေးဘူး။ ခုကလည်း အော်ပရာစီပဲ ။ အထောက်အထားမပါတဲ့ ၅၀၀ ကျော် အဖမ်းခံရတယ်။ "လို့ မလေးရောက် မြန်မာတဦးကပြောပါတယ်။
လူပုဂ္ဂိုလ် ၇၅၂ ဦး စစ်ဆေးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ ၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဆီရာလီယွန်နဲ့ ကင်မရွန်း စတဲ့ နိုင်ငံသား ၅၆၁ ဦးကို ကျူးလွန်မှု အမျိုးမျိုးကြောင့် ထိန်းသိမ်းခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာက ထုတ်ပြန်ထားပါတယ်။
 
မလေးရှားနိုင်ငံ တနိုင်ငံလုံးမှာ တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီမှုတွေ ဆက်တိုက်ပြုလုပ်နေပြိ ဇန်နဝါရီ ၁၉ ရက် ည ၁၁ နာရီမှာ စမှုံညှင်း၊ ဘိုင်ဒူးရီတိုက်ခန်းတွေနဲ့ ရပ်ကွက်အတွင်းကို မလေးရှား အာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ကမ္ဘောဒီးယား ၊ ဆီယာရာလီယွန်နဲ့ ကင်မရွန်းနိုင်ငံသားတွေဖြစ်ပြီး ပတ်ဝန်းကျင်ရဲ့ တိုင်ကြားချက်နဲ့ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
 
ဖမ်းဆီးရရှိခဲ့သူတွေကို အရေးယူဖို့ လူဝင်မှုကြီးကြပ်ရေးဌာန ဘူးကေ့အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိထားပါတယ်။

Related posts

Cover
လုပ်ငန်းခွင်မတော်တဆမှု ကြောင့်လက်ချောင်း ၄ ချောင်းပြတ်သွားသည့် မြန်မာအလုပ်သမား နစ်နာကြေးဘတ် ၄ သိန်းကျော် ရရှိ
Sep 07, 2024
Cover
ထိုင်းရောက်မြန်မာ အလုပ်သမားဇနီးမောင်နှံ ထိုင်းထီဘတ် ၆ သန်း ဆု ဆွတ်ခူး
Sep 02, 2024
Cover
မ​လေးရှားမှာ အထောက်အထားမပြည့်စုံတဲ့  မြန်မာအလုပ်သမား ၁၂ဦး အဖမ်းခံရ
Sep 02, 2024
Cover
ပြည်ပရှိ စစ်​ကောင်စီ မြန်မာသံရုံးများတွင် နိုင်ငံကူးလက်မှတ် စာအုပ် ဖိုး နှုန်းထားတွေ တိုးမြှင့်ကောက်
Sep 02, 2024
Cover
အသက်၁၈ မှ အသက် ၃၅ နှစ်အထိ အမျိုးသားတွေကို ကော့သောင်း-ရနောင်း ဂိတ်မှ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်နဲ့ ထိုင်းနိုင်ငံဘက်သွားရောက်ခွင့်ပိတ်လိုက်ပြီဟုဆို
Sep 02, 2024
Cover
အလုပ်ရှာပေးမယ်ဆိုကာ ငွေလိမ်ပြီး စွန့်ပစ်သွားလို့ မြန်မာအလုပ်သမား ၁၂ ဦး ဒုက္ခရောက်
Aug 30, 2024
Cover
ကိုရီးယားရောက်မြန်မာနိုင်ငံသားတစ်ဦး အခက်အခဲဖြစ်နေပြီး သိရှိသူများ ဆက်သွယ်ပေးဖို့ မြန်မာသံရုံး မေတ္တာရပ်ခံထား
Aug 30, 2024
Cover
မြေအောက်ရထားလမ်းဥမင်လှိုင်ခေါင်းပြိုကျရာ ပိတ်မိ​နေတဲ့ မြန်မာအလုပ်သမား သေဆုံးလျက် ပြန်ရှာတွေ့
Aug 29, 2024