NEWS

အလုပ်ရှာပေးမယ်ဆိုကာ ငွေလိမ်ပြီး စွန့်ပစ်သွားလို့ မြန်မာအလုပ်သမား ၁၂ ဦး ဒုက္ခရောက်

CoverLogo
512 Views

ထိုင်းနိုင်ငံမှာ မြန်မာပွဲစား က အလုပ်ရှာပေးမယ်ဆိုကာ ငွေများ လိမ်လည်ယူပြီး စွန့်ပစ်ထားခဲ့တဲ့ အတွက် မြန်မာအလုပ်သမား၁၂ဦးအစာ​ရေစာပြတ်ပြီး  ဒုက္ခရောက်နေတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။ 


ထိုင်းနိုင်ငံ ပရာကျင်ဘူရီခရိုင် စီမဟာဖိုမြို့နယ် ထားသုမ်ကျေးရွာ အနီး ရှိ အငှား တိုက်ခန်း တခန်းမှာ စွန့်ပစ်ခဲ့တာ ဖြစ်ပြီး မြန်မာအလုပ်သမားများထံမှ တစ်ဦးစီအတွက် ဘတ် ၄၅၀၀ မှ ၇၀၀၀ အထိ ငွေကြိုတင်ကောက်ယူသွားတယ်လို့ သိရပါတယ်။ 


မြန်မာအလုပ်သမားများ စွန့်ပစ်ခံရသော နေ့ရက်တို့ကိုမူ ဖော်ပြထားခြင်းမရှိပေ။ 


အခုလို ပွဲစားကို  အဆက်သွယ် မရတဲ့ အခါ အချိန်ကြာလာတာနဲ့ အမျှ စားသောက်ရန် မရှိတော့တဲ့ အတွက် ဘေးခန်းရှိ ထိုင်းနိုင်ငံသားကို အစားသောက်အကူညီနဲ့အလုပ်ရှာပေးရန် မြန်မာအလုပ်သမားတွေက အကူညီတောင်းခဲ့တယ်လို့ ထိုင်းသတင်းတွေ မှာ ဖေါ်ပြထားပါတယ်။ 


အလိမ်ခံရတဲ့  မြန်မာအလုပ်သမားတွေ ကို ယင်း ထိုင်းနိုင်ငံသားတစ်ဦးက  ဆန်၊ စားစရာများ ပေးသလိုအနီးအနား နေထိုင်သူတွေကလည်း အစားအသောက်ပစ္စည်များ လာရောက်ကူညီပေးကမ်းကြတယ်လို့ သိရပါတယ်။ 


အလုပ်သမားတွေဟာ ထိုင်းနိုင်ငံချွန်ဘူရီ မှ လာ​ရောက်တာ ဖြစ်ပြီး မြန်မာအလုပ်သမားတွေထဲမှာ  တရားဝင် အထောက်အထားပြည့်စုံသူတွေလည်းပါရှိသလို  အချို့မှာ အထောက်အထား မပြည့်စုံတဲ့သူတွေလည်းရှိတယ်လို့ ဖော်ပြထားပါတယ်။ 


လက်ရှိမှာ  လိမ်လည်သွားတဲ့  မြန်မာပွဲစားကို ဖမ်းဆီးနိုင်ရေး ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။ 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026