NEWS

မြေအောက်ရထားလမ်းဥမင်လှိုင်ခေါင်းပြိုကျရာ ပိတ်မိ​နေတဲ့ မြန်မာအလုပ်သမား သေဆုံးလျက် ပြန်ရှာတွေ့

CoverLogo
662 Views

ထိုင်းနိုင်ငံ နခွန်ရတ်ချာစီးမား​ပြည်နယ် ပါခ်ချောင်ခရိုင်၊ ချနတ်ခရိုင်ခွဲမှာ ဆောက်လုပ်ဆဲ မြေအောက်ရထားဥမင်လိုဏ်ခေါင်းပြိုကျမှုကြောင့် မြန်မာအလုပ်သမားတစ်ဦးအပါအဝင် ပိတ်မိနေသူ ၃ဦးထဲ မှ မြန်မာအလုပ်သမား၏ ရုပ်အလောင်းကို ယနေ့ဩဂုတ်လ ၂၉ရက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။


ဩဂုတ်လ ၂၄ ရက် ညပိုင်း လောက်မှာ ပြိုကျခဲ့တာ ဖြစ်ပြီး မြန်မာအလုပ်သမားတစ်ဦးနဲ့တရုတ်နိုင်ငံသား နှစ်ဦးတို့ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။


ပြိုကျခဲ့တဲ့ နေရာ ကို ၅ရက်တိုင်ရှာဖွေပြီး နောက် မြန်မာအလုပ်သမားရဲ့ ရုပ်အလောင်းကို ယနေ့နေ့လည်မတိုင်ခင်က ကယ်ဆယ်ရေးသမားတွေ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပြီး ကျန်၂ဦးကိုတော့ ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။


မြန်မာအလုပ်သမား မှာ ထရပ်ကားမောင်းသူဖြစ်ပြီး တရုတ်အလုပ်သမားနှစ်ဦးတွင် တစ်ဦး မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြီးကြပ်ရေးမှုးနဲ့ကျန်တစ်ဦး မှာ ဘက်ဖိုးမောင်းသူ ဖြစ်တယ်လို့ သိရပါတယ်။


သေဆုံးသွားတဲ့ မြန်မာအလုပ်သမားရဲ့ ကျန်ရစ်သူမိသားစု တွေ နဲ့ လည်း အဆက်သွယ်ရရှိထားပြီလို့ သိရပါတယ်။


၎င်းရထားလမ်းစီမံကိန်းဟာ အရှည် ၂၅၁ကီလိုမီတာရှိပြီး ဘန်ကောက်မြို့ကနေ နခွန်ရက်ချာစီးမားပြည်နယ်ကို ဆက်သွယ်ဖို့ ရည်မှန်းထားကာ ၂၀၂၈ခုနှစ် တွင်ပြီးစီးရန်ရည်ရွယ်ထားတယ်လို့ သိရပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026