NEWS

အသက်၁၈ မှ အသက် ၃၅ နှစ်အထိ အမျိုးသားတွေကို ကော့သောင်း-ရနောင်း ဂိတ်မှ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်နဲ့ ထိုင်းနိုင်ငံဘက်သွားရောက်ခွင့်ပိတ်လိုက်ပြီဟုဆို

CoverLogo
651 Views

မြန်မာနိုင်ငံ တနင်္သာရီ တိုင်း ဒေသကြီး ကော့သောင်းမြို့ကနေ ထိုင်းနိုင်ငံရနောင်း မြို့ ကို နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်နဲ့ ဝင်ရောက်မယ့် အသက်၁၈နှစ်မှ အသက်၃၅ နှစ် အထိ အမျိုးသားတွေ ကို ထိုင်းနိုင်ငံဘက်ကို သွားရောက်ခွင့်ပိတ်လိုက်တယ်လို့ အလုပ်သမားအရေးကူညီသူတွေနဲ့ ဒေသခံတွေ ထံ က သိရပါတယ်။ 

ယခင်က  ကော့သောင်း-ရနောင်း ဂိတ်ကနေ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်နဲ့ တစ်ပတ် တာ သွားရောက် နိုင်ခဲ့ကာစက်တင်ဘာ၂ရက် နေ့က စပြီး အသက်၁၈နှစ်ကနေအသက်၃၅နှစ် အတွင်းရှိ တဲ့ မြန်မာနိုင်ငံသားတွေ ကို နယ်စပ်ဖြတ်ကျော်ခွင့် ကတ် ပြားနဲ့  ကော့သောင်း-ရနောင်း ဂိတ်က​ေန သွားရောက် ခွင့် ပိတ်ပင်လိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

"" အဓိကပိတ်ပင်တာကတော့ ကော့သောင်းမြို့ကထုတ်ပေးတဲ့နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် ကိုင်ဆောင်သူတွေကိုပိတ်ပင်ခြင်းဖြစ်ပြီး သာမန်နိုင်ငံကူလက်မှတ်ကိုင်ဆောင်သူများ နဲ့ ဗီဇာ ရှိသူတွေ ကို ပိတ်ပင်ခြင်း မဟုတ်ဘူးလို့""ပညာရေးနှင့်ဖွံဖြိုးတိုးတတ်ရေး ဖောင်ဒေးရှင်း(FED) မှ ဦးထူးချစ်မှ သူ့ရဲ့လူမှုကွန်ယက်စာမျက်မှာမှာ အသိပေးထားပါတယ်။ 

အခုလို ပိတ်လိုက်တဲ့ အတွက် ယနေ့ မနက် ပိုင်းမှာ ကော့သောင်း-ရနောင်းဂိတ်ကနေ လှည့်ပြန်ရသူ ဦးရေ ၁၀၀ ဝန်းကျင်ခန့်ရှိတယ်လို့ ဒေသခံတွေ ထံ က သိရပါတယ်။ 

""စစ်မှုထမ်း ဥပဒေ ကြောင့် အခုလို အမျိုးသားတွေကို ရနောင်းဘက် ထွက်ခွင့်ပိတ်လိုက်တာ ဖြစ်မယ် အမျိုးသမီးတွေ နဲ့ အသက်၃၅ နှစ် အထက် ပိုင်း အမျိုးသားတွေကို တော့ သွားခွင့်ပြုထားတယ် အခုလို ဗြုန်းစားကြီး ပိတ်ပလိုက်တော့ ဒေသခံ ပြည်သူတွေ ခက်ခဲ ကုန်တာပေါ့ ကြိုတင်ကြေညာပြီး အသိပေးရင် တော်သေးတယ်  ဒီဘက်က ဒေသခံ အမျိုးသားတွေ အများစုကလည်း ရနောင်းဘက်မှာ အလုပ်လုပ်ကြတာ များတယ် အခု ပိတ်ပစ်လိုက်ပြီ ဆိုတော့ စားဝတ်နေရေး ပိုခက်ခဲ့ပြီပေါ့ ""ဟု ဒေသခံ တစ်ဦးကပြောပါတယ်။ 

လက်ရှိမှာ နယ်စပ်ဂိတ်တွေ ကနေ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်နဲ့ အသက်၁၈နှစ်မှ အသက်၃၅နှစ်အတွင်း အမျိုးသား တွေ ကို သွားရောက်ခွင့်ပိတ်ပင်တာဟာ ကော့သောင်း-ရနောင်းဂိတ်မှ စတင်ပိတ်တာ ဖြစ်ပြီး အခြား နယ်စပ်ဂိတ် တွေ မှာတော့ PV နိုင်ငံကူးလက်မှတ် အတွင်း အလုပ်ဗီဇာ ကပ်ထားသူတွေ ကို သာ ထွက်ခွင့်မပြုဘဲ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်၊ MOU စတဲ့ သူတွေ ကိုတော့ သွားရောက်ခွင့်ပေးထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။ 

Photo- Htoo Chit fb


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026