NEWS

လုပ်ငန်းခွင်မတော်တဆမှု ကြောင့်လက်ချောင်း ၄ ချောင်းပြတ်သွားသည့် မြန်မာအလုပ်သမား နစ်နာကြေးဘတ် ၄ သိန်းကျော် ရရှိ

CoverLogo
507 Views

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖလန်းစောင်နယ်မြေရှိ  ဖိနပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေစဉ် ထိခိုက်မှုဖြစ်ပွားပြီး ဘယ်ဘက်လက်(၄)ချောင်းဖြတ်ခဲ့ရတဲ့ မြန်မာအလုပ်သမား  နစ်နာကြေး ဘတ်၄သိန်းကျော် ရရှိခဲ့တယ်လို့ မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးတဲ့(M.H.A.C) မဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က မြန်မာအလုပ် သမား ဖြစ်သူ ကို ဆန်းဝင်းဟာ ဖိနပ်စက်ရုံ မှာ အလုပ်လုပ်ကိုင်နေစဉ် ထိခိုက်မှုဖြစ်ပွားခဲ့တဲ့ အတွက်  ဖလန်းစောင်နယ်မြေရှိ PMG ဆေးရုံသို့ တက်ရောက်ကုသခဲ့ရတယ်လို့ဆိုပါတယ်။

ဆေးရုံမှာ တက်ရောက်ကုသရာ ထိခိုက်မှုဖြစ်ပွားခဲ့တဲ့ အတွက် ဘယ်  ဘက်လက်ချောင်း(၄)ချောင်းဟာ အရင်အ တိုင်းပြန်လည်လှုပ်ရှားလို့မရတော့တဲ့ အတွက် ဖြတ်ခဲ့ရတယ်လို့ သိရပါတယ်။

အခုလို  မြန်မာအလုပ်သမား ထိခိုက်ဒဏ်ရာရတဲ့အပေါ်  ဖိနပ်စက်ရုံ ပိုင်ရှင်ဖြစ်သူက  ဆေးရုံတက် ရောက်ကုသရတဲ့စရိတ်နဲ့ လုပ်အားခကိုသာ ရှင်းပေးပြီး နစ်နာကြေးမပေးတာကြောင့် ထိုင်းရောက်မြန်မာလုပ်သားအ ရေးကူညီဆောင်ပေးနေတဲ့ (M.H.A.C)မဟာမိတ်ရုံးကို ဆက်သွယ်အကူအ ညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။

(M.H.A.C) မဟာမိတ်အဖွဲ့ ရဲ့ ကူညီမှုကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ရက် က ထိုင်းလူမှုဖူလုံရေးရုံး(ပရကန်ဆန်ခုံ)က ထိခိုက်ဒဏ်ရာရရှိတဲ့ မြန်မာအလုပ်သမား ကိုဆန်းဝင်းကို နစ်နာ ကြေး ဘတ် (၄၃၃,၃၀၅.၆၀) ပေးအပ်ခဲ့ပါတယ်လိုသိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026