NEWS

ကိုရီးယားရောက်မြန်မာနိုင်ငံသားတစ်ဦး အခက်အခဲဖြစ်နေပြီး သိရှိသူများ ဆက်သွယ်ပေးဖို့ မြန်မာသံရုံး မေတ္တာရပ်ခံထား

CoverLogo
619 Views

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးမှာ အခက်ခဲ ဖြစ်နေ ပြီး မိမိကိုယ်ရေးအချက်အလက်တွေကို မပြောပြနိုင်တဲ့ အတွက်၎င်းကိုသိရှိသူတွေ အနေနဲ့    မြန်မာသံရုံး ကိုဆက်သွယ်ပေးဖို့ ဩဂုတ်လ ၃၀ ရက် နေ့မှာ မြန်မာသံရုံးဆိုလ်းမြို့က မေတ္တာရပ်ခံထားပါတယ်။

ကိုရီးယားနိုင်ငံ ဘူဆန်မြို့ Seobu Police Station ထံမှ ဆက်သွယ်အကြောင်းကြား ချက်အရ မြန်မာနိုင်ငံသား NAN LIN ဆိုသူကို လိုအပ်တာတွေကူညီဆောင်ရွက်ပေးနိုင်ရေးနဲ့  မြန်မာနိုင်ငံရှိ ၎င်းရဲ့  မိသားစုဝင်များထံသို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အခုလို ဆောင်ရွက်ပေးဖို့ အတွက်  ကာယ ကံရှင် မှာ  ၎င်းနဲ့ ပတ်သက်တဲ့ ကိုယ်ရေးအချက်အလက်တွေ ကို ပြောပြနိုင်ခြင်းမရှိတဲ့ အတွက် အခက်ခဲ ဖြစ်နေတယ်လို့သိရပါတယ်။

ဒါ့ကြောင့်  ကိုရီးယားသမ္မတနိုင်ငံ ကို ရောက်ရှိနေကြ တဲ့  မြန်မာနိုင်ငံသားများ အနက် ၎င်း ကို  သိရှိသူရှိပါက မြန်မာသံရုံးရဲ့  တယ်လီဖုန်းနံပါတ် (02) 790-3814 သို့ ဆက်သွယ်အကြောင်းကြားပေးဖို့ မြန်မာသံရုံး ဆိုလ်းမြို့က  မေတ္တာရပ်ခံထားပါတယ်။

ဖြစ်စဉ်မှာ -ဘူဆန်ရဲစခန်းမှ ဘူဆန်ရထား 부산도시철도 လိမ္မော်ရောင်လိုင်းနံပါတ် ၁  (ထိုဆောင်းန်ဘူတာ)토성역  ထွက်ပေါက် ၃ အရှေ့ ပလက်ဖောင်းတွင် အန်နေသောကြောင့် ဘေးလူများက ဖုန်းဆက်တိုင်ခြင်းကြောင့် ၁၁၉ ကူညီရေးကားရောက်ရှိကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ကိုနန်းလင်းရဲ့ ပြောကြား ချက်အရ ဘူဆန်ရောက်တာ မကြာသေးကြောင်း ၊ မိမိကိုင်ဆောင်သော ဖုန်းနံပါတ်အား မမှတ်မိကြောင်း၊ လက်ရှိစက်ရုံလိပ်စာလဲ မမှတ်မိကြောင်း ​၎င်းကိုနန်းလင်းကို ကူညီပေးသူ မြန်မာနိုင်ငံသားတစ်ဦးကပြောပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026