NEWS

မန်းသပိတ်ခေါင်းဆောင်ကိုတေဇာဆန်းဇာတိကျေးရွာကိုစစ်ကောင်စီတပ်တွေဝင်စီးပြီးဆွေမျိုးတော်စပ်သည့်အိမ်နှစ်လုံးကိုမီးတင်ရှို့သွား

CoverLogo
1.6K Views

ယမန်နေ့ညကမန္တလေးလူထုသပိတ်ခေါင်းဆောင်ရဲ့ဇာတိကျေးရွာကိုစစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီး ကို​တေဇာဆန်းနဲ့ဆွေမျိုးတော်စပ်သူတွေနေထိုင်တဲ့နေအိမ်နှစ်အိမ်ကိုမီးတင်ရှို့သွားတဲ့အပြင်ကျေးရွာအတွင်းမွှေနှောက်ဖျက်ဆီးသွားတယ်လို့ MLN ကသတင်းရရှိပါတယ်။

လာ​ရောက်စီးနင်းရာတွင် စစ်ကောင်စီရဟတ်ယာဥ်၂စီးနဲ့စစ်သားအယောက် ၈၀ ဝန်းကျင်ပါဝင်ပြီးအိမ်တိုင်းနီးပါးဝင်ရောက်ရှာဖွေမွှေနှောက်တာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

"မနေ့ကိုတေဇာဆန်းပြောသလောက်သိရတာသူတို့အမျိုးအိမ်နှစ်အိမ်ပါမီးရှို့သွားတယ်ပြောတယ်ရဟတ်ယာဥ်နဲ့စစ်သားတွေအရင်လာချပြီးမှလုပ်သွားတာ"လို့ ကိုတေဇာဆန်းနဲ့နီးစပ်သူတဦးက MLN ကိုအတည်ပြုပါတယ်။

ထို့အပြင်စစ်ကောင်စီတပ်တွေဟာရွှေအိုးရကျေးရွာ၏ ဘုံကထိန်အဝင်နေ့ဖြစ်သည့်အတွက် ဘုန်းကြီးကျောင်းတွင် အလှူအတွက် ချက်ပြုတ် နေသော အစားအသောက်များ စားသောက်သွားသည့်အပြင်ဘုန်းကြီးကျောင်းအတွင်းမှ ကားတစ်စီးကိုလည်းပြန်ပေးဆွဲသွားခဲ့တယ်လို့လဲဒေသခံသတင်းအရင်းအမြစ်တွေကဆိုထားပါတယ်။

ဒါ့အပြင်ဒေသခံသိန်းငှက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့စခန်းငယ်တခုကိုပါစီးနင်းပြီးလက်လုပ်သေနတ်တွေနဲ့တခြားအသုံးအဆောင်တွေကိုပါဖျက်ဆီးခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် MLN အနေနဲ့အဆိုပါကိစ္စကိုမေးမြန်းပြီးသီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိသေးပါဘူး။


Related posts

Cover
နေ့စဉ် ငလျင် ၇ ကြိမ်ထက်မနည်းလှုပ်ခတ်နေ
Apr 19, 2025
Cover
မြန်မာ့ရွှေဈေး ၃ရက်အတွင်း ကျပ် ၅သိန်းနီးပါး ခုန်တက်
Apr 11, 2025
Cover
ဝေဖန်မှုများစွာရှိသည့် ပျော်ဘွယ်KBZ bank ဖြေရှင်းချက်ထုတ်ပြန်
Apr 11, 2025
Cover
SMS (စာတို)ပို့ပြီး လိမ်လည်ရန်ကြိုးပမ်းမှုများလာ
Apr 09, 2025
Cover
မြန်မာ့ငလျင်ဘေး အပြင်းထန်ဆုံးကြုံရသူ ၉ ဒသမ ၁ သန်းရှိကြောင်း ကုလဖော်ပြ
Apr 09, 2025
Cover
ပြည်တွင်း အလည်အပတ် ဗီဇာ လျှောက်ထားမှုကို ယာယီရပ်ဆိုင်း
Apr 07, 2025
Cover
ပျော်ဘွယ် KBZ ဘဏ် ဝန်ထမ်း ၁၀ဦးသေဆုံး
Apr 07, 2025
Cover
ရာအိမ်မှူးများမှ တဆင့် အကျဉ်းသားမိသားစုဝင်များအား ငွေကြေးလိမ်လည်မှုများရှိနေ
Apr 07, 2025