NEWS

ပုသိမ်မြို့ Myanmar All Rich အထည်ချုပ်စက်ရုံယာယီပိတ်သိမ်း၊ လူဦးရေ တစ်ထောင်ကျော် အလုပ်လက်မဲ့ဖြစ်

CoverLogo
869 Views

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ကွင်းအမှတ် ၅၀/သစ်ညိုကုန်းကွင်း၊ တဲကြီးကုန်းလမ်း အမှတ် ၁၁ ရပ်ကွက် မှာဖွင့်လှစ်ထားတဲ့ Myanmar All Rich အထည်ချုပ်စက်ရုံဟာ ယာယီပိတ်သိမ်းခဲ့ပြီး အလုပ်သမားတစ်ထောင်ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံဟာ လုပ်ငန်းပိတ်သိမ်းရာတွင်  အလုပ်သမားတွေကို ပေးရမယ့် နို့တစ်ကြေး တစ်လစာ မရရှိတာကြောင့် အလုပ်သမားတွေအနေနဲ့  တောင်းဆို​​ကြရာမှ နို့တစ်ကြေးရရှိခဲ့တယ်လို့သိရပါတယ်။

လုပ်ငန်းပိုင်ရှင်က တရုတ်နိုင်ငံသားဖြစ်ပြီး  ဟွာပိုတိုင်းရဲ့ ရုံးခွဲအနေနဲ့ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

" စက်ရုံက လေးလယာယီပိတ်မယ်လို့ပြောတယ် စက်ရုံဘ​က်က နို့တစ်ကြေးမပေးလို့တောင်းဆိုတဲ့သူတွေကိုလဲ စက်ရုံဘက်ကအကြီးပိုင်းတွေက နင်တို့ကိုဘယ်စက်ရုံမှအလုပ်လျှောက်လို့မရအောင် မှင်နီတားမယ်လို့"လဲ ပြောဆိုခဲ့တယ် " လို့ အလုပ်သမားတွေကပြောပါတယ်။

ပုသိမ်စက်မှုဇုံတွင် ယာယီ ပိတ်သိမ်းသောစက်ရုံ ၃ရုံအထိရှိလာပြီး လုပ်သားလျှော့တဲ့စက်ရုံတွေလဲရှိလာပါတယ်။

#MyanmarLabourNews


Related posts

Cover
SEN YU စက်ရုံအလုပ်သမားများ အလုပ်ပိတ်ရက် ဒေးကြးပေးဖို့ အပါအဝင် အချက် ၆ ချက် တောင်းဆိုထား
Apr 25, 2025
Cover
GTP Goldan Theparerg အထည်ချုပ် မန်နေဂျာမှ ခြိမ်းခြောက် အလုပ်ထုတ်
Apr 25, 2025
Cover
SEN YU စက်ရုံတွင် အလုပ်ဆင်းရက် နှင့်အလုပ်ပိတ်ရက် ဒေးကြေးတန်းတူပေးရန် တောင်းဆိုနေ
Apr 24, 2025
Cover
သုံး ရက်အတွင်း မြန်မာရွှေ့ပြောင်း လုပ်သား ၅၀ နီးပါး တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ
Apr 24, 2025
Cover
XING YUAN (Myanmar) အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို ခိုင်းစေ
Apr 24, 2025
Cover
ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ မြန်မာလုပ်သား ၉၀ကျော် အလုပ်ထုတ်ခံရ
Apr 23, 2025
Cover
Golden Colour Fashion သမဂ္ဂဝင်အလုပ်သမား၄ဦး ဖမ်းဆီးခံရ
Apr 23, 2025
Cover
Myanmar San He စက်ရုံ EC စာချုပ်ချိုးဖောက်
Apr 22, 2025