#အလုပ်သမားရေးရာ ပေးစာကဏ္ဍ
ပေးစာ ဖော်ပြပေးစေချင်ပါတယ်၊ Myanmar RUIXIN shoes စက်ရုံကပါ။
ကျမတို့တွေ အရင်လထဲက ot အိုတီ တရက်မှ မနားပဲဆင်းနေရလို့ပါ၊ တနင်္ဂနွေနေ့ ot ကို အတင်းလက်မှတ်ထိုးခိုင်းပါတယ်။ မထိုးရင် ခေါ်ဆူပါတယ်။ စနေနေ့တောင် ၇ နာရီခွဲ ထိဆင်းရပါတယ်။
လစာထုတ်ရက်ဆို ၅ နာရီ ဆိုပြီး ပိုက်ဆံထုတ်တာ နောက်ကျလို့ဆိုပြီး ၆ နာရီခွဲမှ ပြန်ခိုင်းပါတယ်။
အိမ်သာမှာဆိုလဲ ဆပ်ပြာမရှိပါဘူးရှင့် စစ်ဆေးရေးလာတဲ့နေ့ပဲ ထားပေးပါတယ်၊ လာရင်လဲ ot မရှိပါဘူး အပတ်တိုင်း ပိတ်ပါတယ်လို့ ညာဖြေခိုင်းပါတယ်ရှင့်။ ကျမတို့ ot မဆင်းချင်ပဲနဲ့ဆင်းနေရပါတယ်ရှင့်။
ကူညီပေးပါနော် အိုတီနေ့တိုင်းဆင်းရပါတယ်။
အလုပ်၀င်ချိန် မနက် ၇ ခွဲ ကနေ ည ၇ ခွဲပါ။ စနေနေ့ထိ အဲ့တိုင်းဆင်းရပါတယ်ရှင့်
တနင်္ဂနွေဆို ညနေ ၅ နာရီအထိပါရှင့် မဆင်းရင် ခေါ်ဆူပါတယ်ရှင့်။
အခုထိတရက်မှ မနားရသေးပါဘူးရှင့်။
စနေနေဆို ၅ နာရီနဲ့ တနင်္ဂနွေနေ့လေး ပိတ်စေချင်ပါတယ်။
စက်ရုံက လူဦးရေများပါတယ်။
တနင်္ဂနွေအပါ တလလုံးဆင်းမှ လစာ ၅ သိန်း ဝန်းကျင်ပါ။
တနင်္ဂနွေနေ့လေး လက်ငင်းရှင်းပေးရင် ပိုကောင်းပါတယ်။
မဆင်းရရင်တော့ပိုကောင်းတာပေါ့ရှင့်။
ရက်မှန်ကြေး ၂၀၀၀၀ နဲ့ ကျွမ်းကျင်ကြေးဆိုပြီး ၁၀၀၀၀ ထည့်ပေးပါတယ်ရှင့်။
ရက်မှန်ကြေးလေး အခြားစက်ရုံတွေ ပေးသလောက်လေး ပေးစေချင်ပါတယ်ရှင့်
အခြားဝန်ထမ်းတွေလဲ ot ဆင်းရလို့ ထွက်သွားတဲ့သူတွေ အများကြီးပဲရှင့်။
လစာထုတ်ရက်တောင် စော"မပြန်ရပါဘူး။
လပြည့်နေ့လဲ မပိတ် အမျိုးသားနေ့လဲ မပိတ်ပါဘူး။
တနင်္ဂနွေနေ့လေး ပုံမှန်ပိတ်စေချင်ပါတယ်ရှင့်
လစာထုတ်ရက်လေးလဲ ၄ နာရီလောက်လွှတ်ပေးစေချင်ပါတယ်။
မနက်ဆို ကားက ၆ နာရီလောက်စီရတယ် ညကျတော့လဲ မိုးချုပ်
အကုန်လုံး ပင်ပန်းနေတာလေ
ပိတ်ရက်မရှိဆိုတော့ ပိုဆိုးတာပေါ့
ဘယ်သူမှ မဆင်းချင်ပါဘူး
မဆင်းရင်လဲ နောက်တခါကျ မလာတော့ဖို့ ဆူပါတယ်
အိမ်သာမှာလဲ ဆပ်ပြာလေးထားစေချင်ပါတယ်။
(E6-8)မြစံပယ်လမ်း မြစိမ်းရောင်စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်မှာဖွင့်ထားတာပါ။ S.Oliver ၊ Jana ၊ Scarebella တံဆိပ်တွေချုပ်တာပါ။
အလုပ်သမားတစ်ဦး။