NEWS

Sunme (Myanmar) အထည်ချုပ် လူမှုဖူလုံရေး ခွင့်အား ငြင်းပယ်ပြီး ရက်ပျက်သတ်မှတ် လစာ ဖြတ်

CoverLogo
693 Views

Sunme (Myanmar) Industrial Ltd အထည်ချုပ်စက်ရုံက အလုပ်သမားဝန်ကြီးဌာနရဲ့ လူမှုဖူလုံရေးဆေးခန်းက ခွင့်ပြုပေးတဲ့ ခွင့်ရက်ကို လက်မခံဘဲ ရက်ပျက် သတ်မှတ်ပြီး လစာထဲက ဒေးကြေးကို ဖြတ်တောက်တဲ့အပြင် အလုပ်ထုတ်တဲ့ အထိ အရေးယူမှုတွေ ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

 

“ဥပဒေအရ ခွင့်ပြုထားတဲ့ ခွင့်ရက်တွေ မရ၊ လူမှုဖူလုံရေး ဆရာဝန်က ပေးတဲ့ခွင့်ကိုတောင် ခွင့်မဲ့ ပြတယ်။ ခွင့်မပေး ရက်ပျက် သတ်မှတ်တယ်။   သုံးရက်ဆက်  အလုပ်ပျက်တယ်  ပြောပြီး အလုပ်ထုတ်တာတွေလည်း ရှိတယ်။ စက်ရုံမှာ ရှောင်တခင်ခွင့်ဆိုတာ ကြားကို မကြားဘူးတာ။ လစာမှာတေ့ လူမှုဖူလုံရေးကြေး ဆိုတာ အမြဲပေးနေရတာ။  အလုပ်တစ်ရက်ပျက်လို့ကတော့ ဒေးကြေး ၇၈၀၀ နဲ့ ရက်မှန်ကြေး ၅၀၀၀၀ အားလုံး အဖြတ် ခံရတယ်။ 

 

လုပ်သားရှားပါးလို့ဆိုပြီး အသက်မပြည့်သေးသော ၁၄၊ ၁၅၊ ၁၆ အရွယ် လူငယ်၊လူရွယ် လုပ်သားတွေကို ဆေးထောက်ခံချက်မပါဘဲ အလုပ်ခန့်ပြီး လူကြီးအလုပ်သမားတွေနည်းတူ  တန်းတူခိုင်းစေပြီး  နေ့စားအလုပ်သမားတွေကိုတော့ အလုပ်ပါးတယ််ဆိုပြီး စက်ရုံက အလုပ်ဖြုတ်တယ်လို့လည်း မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်(IWFM)  ကို အလုပ်သမားတွေက ပြောကြားပါတယ်။  

 

စက်ရုံ ဆေးခန်းမှာ ဆေးဝါးစုံလင်စွာ မရှိသလို သန့်စင်ခန်းတွေကနေ အနံအသက် ဆိုးတွေ ထွက်နေတယ်လို့ ကျန်းမာရေးပြဿနာတွေ ခံစားရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားအရေအတွက်နဲ့ မမျှတဲ့ အထည်စံချိန်တွေ တောင်းခံပြီး အကျိုးခံစားခွင့်ကို  ကြီးကြပ်ရေးမှူးတွေက ရယူနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

“စက်လိုင်းမှာ လူ ၄၀ လောက်ကို ဝယ်လွန် အထည် ၃၀ လိုင်းပေါက်တောင်းတယ်။ ရေမသောက်၊ အိမ်သာမသွား၊ ထမင်းစားချိန်မှာတောင် မစားဘဲချုပ်မှာ အဲဒီ အထည်  ၃၀ ရတယ်။ အဲလို ပြည့်တော့ နောက်ထပ် အထည်တွေ ထပ်တိုးတောင်းတယ်။  စံချိန်ပြည့်ရင် ထုတ်လုပ်မှု ဆုကြေး တပတ် ခြောက်သိန်း ရတယ်။ တယောက် ၁၅၀၀၀ လောက်ရမှာ။ တကယ်ရတာက ၉၀၀၀/၁၀၀၀၀ ပဲရတယ်။  ကျန်တဲ့ ပိုက်ဆံတွေကို အောစူပါ၊  စူပါ နဲ့လီတာ(leader) တွေပဲ ဖြတ်ယူတယ်။ စက်ခသမားတွေက ထမင်းမစားဘဲ ချုပ်ရပြီး ဆုကြေးကိုတော့ အောစူပါ၊ စူပါနဲ့ လီတာတွေက  ပိုယူတယ်.” လို့ အလုပ်သမားတွေက ပြောပါတယ်။

 

ဆုကြေးပိုက်ဆံတွေ ပိုယူတာ၊ ဖြတ်ယူတာတွေ အလုပ်ရှင်ဘက်သိတာပဲ  ဖြေရှင်းမပေးတဲ့အပြင်   စူပါ၊ အောစူပါတွေက ဆုကြေးပိုရဖို့ အလုပ်ရှင်ခိုင်းတဲ့အတိုင်း  အထည်စံချိန်ရဖို့  ဖိအားပေးပြီး ရိုင်းရိုင်းဆိုင်းဆိုင်း ဆဲဆိုတောင်းတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ လက်ရှိ အချိန်ပို ည ၈ နာရီ/ ၉ နာရီ အထိ လုပ်ကိုင်နေရပြီး  တနင်္ဂနွေပိတ်ရက်မှာပါ လုပ်ကိုင်ပေးနေရတယ်လို့  ပြောဆိုထားပါတယ်။ 

 

Sunme (Myanmar) Industrial Ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်၃၊ မင်းကြီးမဟာမင်းခေါင်လမ်းမှာ ရှိပြီး အလုပ်သမား  ၅၀၀ ဝန်းကျင်လုပ်ကိုင်နေပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး  TopTex၊ NEXT အမှတ်တံဆိပ် အထည်တွေကို ဂျပန်နိုင်ငံ‌ဆီ တင်ပို့ နေတယ်လို့ သိထားပါတယ်။ 

 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026